အင်္ဂင်္လန် အသင်းရဲ့ တိုက်စစ် မှာ အတူတွဲဖက်ကစားခဲ့ကြဖူးသလို နယူးကာဆယ် အသင်းမှာ လည်း အလုပ်တွဲလုပ်ခဲ့ကြဖူးတဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ အလန်ရှီးယား နဲ့ မိုက်ကယ် အိုဝင်တို့ဟာ တွစ်တာ စာမျက်နှာတွေ ထက် မှာ အပြန်အလှန် စကားစစ်ထိုးမှု တွေ ပြု လုပ်နေပြီး ရန်မီးပွားနေပြီ လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ၉၀ ပြည့်နှစ် အလွန် နှောင်းပိုင်းကာလတွေ နဲ့ ၂၁ ရာစု အစပိုင်း ကာလတွေ မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲအဖက် တွေထဲက တခုအဖြစ် အတွဲညီ ခဲ့ကြပေမယ့် အခုချိန် မှာတော့ အကွဲအပြဲ တွေဘက်ကို ဦးတည်နေကြတာလည်းဖြစ်ပါတယ်။

ဘလက်ဘန်း အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ရှီးယား ဟာ လီဗာပူး အသင်းမှာ ဘလွန်းဒီအောဆု နဲ့ ပြည်တွင်းဆုဖလားတွေ အများကြီး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အိုဝင်နဲ့ အတူ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ လို့ အများရဲ့ ချီးကျူးမှုတွေ လည်းခံထားခဲရဖူးတာဖြစ်ပါတယ်။

အိုဝင် ဟာ ကစားသမားဘဝနှောင်းပိုင်း ကာလတွေ အအတွင်းမှာ ဒဏ်ရာပြသနာတွေကြောင့် ခြေစွမ်းကျဆင်းခဲ့ပေမယ့် ၂၀၀၅ ခုနှစ်မှာ နယူးကာဆယ် အသင်းရဲ့ ကလပ် စံချိန်တင်ကြေးနဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။သူဟာ နယူးကာဆယ်အတွက် ၇၉ပွဲကစား ဂိုး၃၀ သွင်းယူနိုင်ခဲ့ပေမယ့် စိန့်ဂျိန်းပါတ်ခ်မှာ ပျော်ရွှင်မှု မရှိခဲ့ဖူးဆိုတာကို ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

BT Sport နဲ့ အင်တာဗျူးမှာအိုဝင်က
– ” နယူးကာဆယ်ကို ပြောင်းခဲ့မိတာကို အတော်လေး နောင်တရမိပါတယ်။ကျွန်တော့်ရဲ့ နှလုံးသားထဲက ဆန္ဒက လီဗာပူးကိုပဲ ပြန်ချင်ခဲ့တာ ဖြစ်ပြီး နယူးကာဆယ်အသင်းကို သွားချင်ခဲ့တာတော့မဟုတ်ပါဘူး။

လီဗာပူး အသင်းရဲ့ ကမ်းလှမ်းမှုက နယူးကာဆယ်အသင်းကို မမီခဲ့လို့သာပြောင်းခဲ့ရတာဖြစ်ပါတယ်။ကစားသမား ဘဝ နဲ့ နှိုင်းယှဉ်ပြီးသုံးသပ်ရမယ်ဆိုရင်အဲ့ဒီကိုပြောင်းခဲ့တာဟာကျွန်တော့်ရဲ့ ကစားသမားဘဝ အကျဘက်ကို ဦးတည်စေခဲ့တဲ့ ခြေလှမ်းတခုလိုဖြစ်ခဲ့ပါတယ်။

ပွဲတပွဲမှာကျွန်တော် ဒဏ်ရာရလို့ ထမ်းစင် နဲ့ ထမ်းထုတ်ခံရချိန်မှာ နယူးကာဆယ်ပရိသတ်တွေက ‘ ဒီကောင့်ကိုဝယ်တာငွေဖြုန်းတာပဲ ‘ လို့ သီချင်းအော်ဆိုနေတာကို ကြားခဲ့ရပါတယ်။သူတို့ရဲ့ လုပ်ရပ်ကို ကျွန်တော် လစ်လျူမရှုနိုင်ခဲ့ပါဘူး။

သူတို့ရဲ့ မျက်နှာသာပေးမှု ခံရအောင် ဘာ မှာ ကပ်ဖားရပ်ဖားတောင်မလုပ်တော့ပါဘူး။အဲ့ဒီ သောက်ပရိသတ်တွေ အတွက် လည်း ကျွန်တော်ကိုယ့်ကိုယ်ကို တန်ကြေးနဲ့ ထိုက်တန်မှုရှိတယ်ဆိုတာကို ပြသဖို့ မလိုတော့ဘူး လို့ လည်းတွေးမိခဲ့ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အင်တာဗျူးကို အလန်ရှီးယားက သူရဲ့ တွစ်တာအကောင့်ကနေ – ” ဟုတ်တယ်ဟ မိုက်ကယ်အိုဝင်ရေ၊ ငါတို့ လည်း ဒီလိုပဲ တွေးမိခဲ့ကြတာဖြစ်ပါတယ်။မင်းက တပတ်ကို ပေါင် ၁သိန်း၂သောင်းလောက် ရနေခဲ့တာလေ ” လို့ တုန့်ပြန်သွားခဲ့လို့ အခုလို စကားစစ်ထိုးပွဲစတင်ခဲ့တာဖြစ်ပါတယ်။

အိုဝင်ကလည်း အလန်ရှီးယားရဲ့ အဆိုပါတွစ်တာ ပို့စ်ကို – ” ဘော်ဒါကြီးရေ မင်းပါးစပ်ကထွက် သလောက် မင်း နယူးကာဆယ် ပရိသတ် တွေအပေါ် သစ္စာထားတယ် ဆိုတာ မသေချာပါဘူးကွာ။နည်းပြ ကြီး ဆာဘော်ဘီရော့ဘ်ဆင်က မင်းကို အရံခုံထိုင်ခိုင်းတော့ လီဗာပူးကို မင်းပြောင်းဖို့ ကြိုးစားခဲ့တာကို ငါ အသေအချာကြီးကိုမှတ်မိပါသေးတယ်ကွ ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

အလန်ရှီးယားဟာ နယူးကာဆယ်အသင်းမှာ ဆယ်နှစ်ကြာကစားခဲ့ပြီးသွင်းဂိုး ၂၀၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံးမှာ ပရီးမီးယားလိဂ် ဂိုး၂၆၀ အထိ ရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းရဲ့ ဂိုးအများဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်ထားနိုင်ခဲ့ပါတယ်။