Ronaldo

မန်ချက်စတာ ယူနိုက်တက် အသင်း လို့ ပြောလိုက် တာနဲ့ သမိုင်းဝင် အောင်မြင် မှုတွေ ၊ ကစားသမား ကောင်းတွေ နဲ့ စုဖွဲ့ ထားတဲ့ အသင်း တစ်သင်း ကို စတင် မြင်ယောင် မှာ ဖြစ်ပြီး ၊ ကိန်း ဂဏန်း အပိုင်း ပြော ရမယ် ဆိုရင် နံပါတ် 7 ဂျာစီ ကို ဝတ်ဆင် ပြီး အထူး တောက်ပ နိုင်ခဲ့ ကြတဲ့ ကစားသမား တွေ ကို မြင်ယောင် မိမှာ အသေအချာ ပါပဲ ။

ဟုတ်ပါတယ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် ကို ကြည့် လိုက်မယ် ဆိုရင် နံပါတ် 7 ဂျာစီ ကို ဝတ်ဆင်ရင်း အသင်း အတွက် အထူး အကျိုး ပြုခဲ့ ကြတဲ့ ကစား သမား ကောင်းတွေ များစွာ ပေါ်ထွက် ခဲ့ဖူး တာကြောင့် ဒီ နံပါတ် ဟာ ယူနိုက်တက် အတွက် အရမ်း အရေး ပါတဲ့ အရာ တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

ယူနိုက်တက် သမိုင်း တစ်လျောက် မှာ နံပါတ် 7 ဂျာစီ ကို ဝတ်ဆင် ကစား ရင်း အထူး အကျိုး ပြုထား နိုင် ခဲ့တဲ့ နာမည်ကျော် ကစားသမား တွေ ကတော့ ဂျော့ခ်ျ ဘတ်စ် မှ စတင် ပြီး ဘရိုင်ယန် ရော့ဘ်ဆင် ၊ အဲရစ် ကန်တိုနာ ၊ ဒေးဗစ် ဘက်ခမ်း နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ အထိ ရှိခဲ့ ကြ ပါတယ် ။

Ronaldo

ဒါပေမယ့် စီ ရော်နယ်ဒို ယူနိုက်တက် မှ ထွက်ခွာ သွားတဲ့ နောက် ယူနိုက်တက် ရဲ့ နံပါတ် 7 ဂျာစီ ဟာ ကြမ္မာ ဆိုး ဝင်ခဲ့ ရ ပါတယ် ။ 2008 ခုနှစ် နောက်ပိုင်း ယူနိုက်တက် အတွက် နံပါတ် 7 ဂျာစီ ကို မိုက်ကယ် အိုဝင် ၊ အန်တိုနီယို ဗလန်စီယာ ၊ အိန်ဂျယ် ဒီမားရီးယား ၊ မန်ဖစ် ဒီပေး နဲ့ အလက်ဆစ် ဆန်းချက် တို့က ဝတ်ဆင် ခဲ့ကြ ပေမယ့် ဒီ သမိုင်းဝင် ဂျာစီ နဲ့ ထိုက်တန် တဲ့ ခြေစွမ်း ကောင်း လုံးဝ မပြနိုင် ခဲ့ကြ ပါဘူး ။

လက်ရှိ အဆိုပါ ဂျာစီ ကို ဝတ်ဆင် ခဲ့တဲ့ အလက်ဆစ် ဆန်းချက် ဟာ ဒီနွေ မှာ အင်တာ မီလန် အသင်း ဆီ အငှား ပြောင်းရွှေ့ သွားခဲ့ တာကြောင့် ယူနိုက်တက် မှာ နံပါတ် 7 ဂျာစီ ပိုင်ရှင် ရှိ မနေ ခဲ့ ပါဘူး ။ ဒါ့အပြင် ဆန်းချက် ရဲ့ ခြေစွမ်း နဲ့ အသက် အရွယ် အရ ဒီ ဂျာစီ ကို ဆက်လက် ဝတ်ဆင် နိုင်ဖို့ မသင့်တော် တော့တာ ကြောင့် ယူနိုက်တက် တို့ နံပါတ် 7 ဂျာစီ အတွက် ပိုင်ရှင် အသစ် ရှာဖွေ သွားရ ပါ တော့မယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း တစ်ဦး ဖြစ်တဲ့ လူးဝစ် ဆာဟာ က နံပါတ် 7 ဂျာစီ ကို ဝတ်ဆင် လိုတဲ့ ကစားသမား တိုင်း ဆီကို သတိပေး မက်ဆေ့ ပိုသွား ခဲ့လိုက် ပါတယ် ။

” ဒီ နံပါတ် 7 ဂျာစီ ဆိုတာ လူတွေ က ရည်ရွယ်ချက် အချို့ ရှိလို့ ခင်ဗျား ကို ပေးတာ ပါပဲ ။ ဘာဖြစ် လို့လဲ ဆိုတော့ ခင်ဗျား ဟာ ဒီ အသင်း ကို ကိုယ်စား ပြုတဲ့ ကိန်း ဂဏန်း တစ်ခု ကို ကျောပြင် မှာ တပ်ဆင် ကစား ရမှာ မို့လို့ ပဲလေ ။ ခင်ဗျား ဟာ ဒီ ကလပ် ၊ ဒီ အသင်း နဲ့ ဒီ နံပါတ် ရဲ့ သမိုင်း ကြောင်းကို ကိုယ်စား ပြု ရမဲ့ သူ ဖြစ်လာ တော့မှာ မို့လို့ ပါပဲ ”

” အကယ်လို့ ခင်ဗျား ဟာ ဒီ နံပါတ် 7 ဂျာစီ ရဲ့ သမိုင်းကြောင်း ကို သိရှိ သွားပြီ ဆိုရင် ခင်ဗျား ရဲ့ ခြေစွမ်း နဲ့ သက်သေ ပြရ တော့မယ့် တာဝန် တွေ ရှိလာ တော့မယ် ဆိုတာ ကို ကောင်းကောင်း သိရှိ နားလည် သွားရ ပါ လိမ့်မယ် ”

” အကယ်လို့ ဒီ နံပါတ် နဲ့ ပတ်သက်ပြီး ပေါ့ပေါ့ဆဆ တွေးနေ မယ် ဆိုရင် ဒဏ်ခတ် ခြင်းကို ခံရ ပါ လိမ့်မယ် ။ ခင်ဗျား တစ်ကယ့် ကို ကြိုးစား အားထုတ် ရပါ လိမ့်မယ် ။ ဂျော့ခ်ျ ဘတ်စ် ၊ ဒေးဗစ် ဘက်ခမ်း နဲ့ ခရစ္စတီယာနို တို့က အသင်း အတွက် အထူး အရေးပါ ခဲ့ ကြတဲ့ ကစားသမား တွေ ဖြစ်ခဲ့ ကြတယ်လေ ။ သူတို့ တွေကို နမူနာ ယူရ ပါ့မယ် ”

” ခင်ဗျား အနေ နဲ့ အဲ့တာ က ပါရမီ ကောင်း နေရုံ တစ်ခု တည်းနဲ့ မရနိုင် ပါဘူး ။ ခင်ဗျား ဆီမှာ ယုံကြည် စိတ်ချ ရမယ့် ခြေစွမ်း ၊ ခေါင်းဆောင်မှု စွမ်းရည် နဲ့ အခြား သူတွေ ကို စိတ်ဓါတ် တက်ကြွ စေနိုင်အောင် ပါ လုပ်ဆောင် နိုင်မယ် အစွမ်း တွေပါ ပိုင်ဆိုင် ဖို့ လိုအပ် ပါ လိမ့်မယ် ” လို့ လူးဝစ် ဆာဟာ နံပါတ် 7 ဂျာစီ ကို ဝတ်ဆင် လိုတဲ့ ကစားသမား တွေကို အထူး သတိပေး သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar