စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အေဂျက်စ် ကွင်းလယ်လူ ဗန်ဒီဘက် ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဗန်ဒီဘက်ဟာ အေဂျက်စ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး နယ်သာလန် ကစားသမားဟောင်း မာခီယော့က ရီးရဲလ်ကို မပြောင်းဖို့ အကြံပေး တိုက်တွန်း သွားခဲ့ပါတယ်။

နယ်သာလန် ကစားသမားဟောင်း မာခီယော့ က ဗန်ဒီဘတ် အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ပုံမှန် ပွဲထွက် ကစားခွင့်ပေးမယ်လို့ ကမ်းလှမ်းလာမှသာ ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်း အကြံ ပေးသွားခဲ့ပြီး ပွဲထွက်ခွင့်အတွက် အာမခံချက် မပေးနိုင်ပါက လုံးဝ မပြောင်းရွှေ့သင့်ကြောင်း ဆိုပါတယ်။

ရီးရလ် မက်ဒရစ် အသင်းဟာ အပြောင်းအရွှေ့ကာလ တစ်လျှောက်လုံး နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘက် ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အေဂျက်စ် အသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ် လိုက်တာပါ။

ချဲလ်ဆီး နောက်ခံလူဟောင်း မာခီယော့ က ဗန်ဒီဘက် အနေနဲ့ ရီးရဲလ် မက်ဒရစ် အသင်းကို မပြောင်းသင့်တဲ့ အကြောင်းအရင်း ကို အဲဗာတန် မှာ ရုန်းကန် နေရတဲ့ ဒေဗီ ကလာဆန် နဲ့ နှိုင်းယှဉ် ပြောကြား သွားခဲ့ပါတယ် ။

” ကျနော်ကတော့ ဗန်ဒီဘတ် ရဲ့ ကစားဟန်ကို အတော်လေး သဘောကျတာပါ ။ သူ့အနေနဲ့ အသင်း ပြောင်းမယ်ဆို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ဦးစားပေး ရွေးချယ် သင့်ပါတယ်။အဲ့လိုမှ မဟုတ်ရင် ကလာဆန်လို အဖြစ်မျိုးနဲ့ ကြုံသွား ရမှာပါ။ ”

” ကလာဆန် ဆို အေဂျက်စ် အသင်းမှာ အရမ်းကောင်းပေမယ့် အဲဗာတန် ရောက်သွားတဲ့ အချိန်မှာ အရန်ခုံမှာ ထိုင်ပြီး ရုန်းကန် ခဲ့ရပါတယ် ။ဗန်ဒီဘစ် အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ပွဲထွက်ခွင့်အတွက် အာမခံချက် ပေးတာမျိုး ၊ ထိုက်သင့်တဲ့ အခွင့်အရေး တစ်ခု မရဘူးဆိုရင် မပြောင်းသင့်ပါဘူး။” လို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဗန်ဒီဘက် ဟာ ပြီးခဲ့တဲ့ ရာသီက အေဂျက်စ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၇ ပွဲ ကစားပေးခဲ့ပြီး ၁၇ ဂိုး သွင်းယူကာ ၁၃ ဂိုးအထိ ဖန်တီး ပေးနိုင် ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဗန်ဒီဘတ်ဟာ အေဂျက်စ် အသင်း အတွက် ၇ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်း၊၄ ဂိုး ဖန်တီး ပေးထားပါတယ်။

SPORTS MYANMAR