Lampard

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ အတွက် ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့တဲ့ မန်နေဂျာ မော်ရစ်ဇီယို ဆာရီ ရဲ့ နေရာ မှာ ၄င်းတို့ အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ၊ ဒါဘီ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့ပါတယ် ။ လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက ထဲသို့ ဝင်ရောက် လာခဲ့တာကြောင့် အတွေ့အကြုံ နုနယ် နေဆဲ့ မန်နေဂျာ အဆင့်သာ ရှိနေပါသေးတယ် ။

လက်ရှိ မှာလည်း ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ထားရာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ပွဲ အထိ ရှိလာတဲ့အခါ လမ်းပတ် ဟာ နိုင်ပွဲ တပွဲသာ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း လက်ရှိ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် မရှိနေတာကြောင့် လမ်းပတ် ဟာ ရှိရင်းစွဲ ကစားသမား တွေနဲ့ အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ပါတယ် ။

ထို့အပြင် အဓိက ကစားသမား တချို့ ဒဏ်ရာ ရနေတဲ့ အပြင် လူငယ် တချို့ရဲ့ အတွေ့အကြုံ နည်းပါးမှု ၊ နောက်တန်း အမှားတွေ ကြောင့် လက်ရှိ မှာ ချယ်လ်ဆီး အသင်း အဖို့ ထင်သလောက် ရလဒ် မကောင်းနေတာ ဖြစ်ပါတယ် ။

Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ ပေါလ်မာဆင် က လမ်းပတ် ကို ချယ်လ်ဆီး အသင်း အနေနဲ့ စိတ်ရှည်ရှည် နဲ့ စောင့်ကြည့် ရမှာ ဖြစ်သလို ၊ အကယ်၍ လမ်းပတ် သာ ဒီရာသီ မှာ ချယ်လ်ဆီး ကို ချန်ပီယံလိဂ် ဝင်ခွင့် ရယူ ပေးနိုင်မယ် ဆိုရင် ဒီရာသီ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဆု ကိုတောင် ရနိုင်ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

မာဆင် က ” ကျွန်တော် ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲရဲ့ နောက်ဆုံး မိနစ် ၃၀ အတွင်းက ချယ်လ်ဆီး အသင်း ရဲ့ ခြေစွမ်း ကို ကြည့်ပြီး သူတို့ဟာ ဒီနှစ် ရာသီ မှာ အတော်လေး အခြေအနေ ဆိုးနေပြီ လို့ ထင်မှတ် ခဲ့တာပါ ။ ဒါပေမယ့် တဖက် က ကြည့်ရင် လမ်းပတ် လို အတွေ့အကြုံ နည်းသေးတဲ့ မန်နေဂျာ တယောက် အတွက် လှပတဲ့ ကစားကွက် ကို ဖော်ပြီး ပရိသတ် တွေကို ဖျော်ဖြေမှု ပေးနိုင်ဖို့ ဆိုတာ အတော်လေး ခက်ခဲတဲ့ အလုပ်ပါ ။ ”

” ကျွန်တော် ဟာ ချယ်လ်ဆီး ပရိသတ် တယောက်ပါ ။ အကယ်၍ ရှက်ဖီးလ် ယူနိုက်တက် ကို ပထမပိုင်း မှာ ၂ – ၀ နဲ့ အနိုင် ရနေခဲ့တဲ့ အချိန် မော်ရင်ဟို သာ လမ်းပတ် နေရာ မှာဆိုရင် တိုက်စစ်မှူး တဦး ကို ထုတ်ပြီး ကွင်းလယ် အဖျက် တယောက် ထပ်ထည့် နေလောက်ပါပြီ ။ ဒီလို ကစားပုံမျိုး ပြောင်းလဲလိုက်မယ် ဆိုရင် တဖက် အသင်း ကလည်း ဒါဟာ သူတို့ အတွက် ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားပါလိမ့်မယ် ။ ”

” တချို့ အသင်းတွေ ကတော့ ဒါကို သဘောပေါက်ချင်မှ ပေါက်ပါလိမ့်မယ် ။ ချယ်လ်ဆီး အသင်း မှာ ဒီလို အချက် မျိုး ရှိမနေတော့ဘူး လို့ ကျွန်တော် ထင်ပါတယ် ။ အခုအချိန် လက်စတာ အသင်းသာ ချယ်လ်ဆီး အသင်း နေရာ မှာဆိုရင် ပွဲကို သေချာပေါက် ထိန်းနိုင်ပါလိမ့်မယ် ။ ပွဲပြီးသွားရင်တော့ လက်စတာ ဟာ ချယ်လ်ဆီး နေရာ မှာ အနိုင် ၃မှတ် ယူပြီးသား ဖြစ်နေမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

Lampard

ဆက်လက်ပြီး မာဆင် က လက်ရှိ အချိန် မှာ လူငယ် ကစားသမား တွေကို နေရာ အရမ်း ပေးလွန်း နေတာနဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့ဟာ အမှား တွေက နေတဆင့် သင်ယူ နေရမှာပါ ။ လူငယ် တွေကို ၅ပွဲ ဆက်တိုက် အထိုင်မကျ သေးဘူး ဆိုရင်တောင် အသင်း ကနေ ထွက်တော့ ဆိုပြီး သွားပြောလို့ မရပါဘူး ။ တခါတလေ ကျရင် သူတို့ အတွက် စိတ်ရှည် ပေးဖို့ လိုပါတယ် ။ သူတို့ဟာ အရမ်း ငယ်ပြီး အတွေ့အကြုံ မရှိသေးပါဘူး ။ ”

” အခုအချိန် မှာ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ အခြား အသင်းတွေထက် အများကြီး အသာစီး ရနေပြီ လို့ ထင်ပါတယ် ။ ဒါဟာ မတူညီတဲ့ အနေအထား တခုပါ ။ အကယ်၍ အခုလို ခက်ခဲတဲ့ ဘောလုံး ရာသီ တခုမှာ ချယ်လ်ဆီး အသင်း ဟာ အဆင့် ၄ နေရာ အတွင်း ရပ်တည် နိုင်ခဲ့မယ် ဆိုရင် လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် အကောင်းဆုံး ပရီးမီးယားလိင်္ဒ မန်နေဂျာ ဆု ကိုတောင် ရနိုင်ပါလိမ့်မယ် ။ ဒါဟာ ကျွန်တော် တယောက်တည်းရဲ့ အမြင်ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR