Bissaka

• အင္တာမီလန္ အသင္းရဲ႕ ကစားသမားသစ္ အလက္ဆစ္ ဆန္းခ်က္ ကေတာ့ သူတို႔ အသင္းအေနနဲ႔ ဘာစီလိုနာ ကို အႏိုင္ယူျပ ႏိုင္တဲ့ ကစားသမား အင္အားမ်ိဳး ပိုင္ဆိုင္ထားတယ္လို႔ ထုတ္ေဖာ္ ေျပာဆုိလိုက္ပါတယ္။ သူဟာ ဘာစီလိုနာ အတြက္လဲ ကုိယ္စားျပဳ ကစားေပးဖူးတဲ့ ကစားသမားေဟာင္း တစ္ေယာက္လဲ ျဖစ္ပါတယ္။ အင္တာ ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္မွာ ဘာစီလိုနာ ၊ ေဒါ့မြန္ ၊ ဆလားဗီးယား ပရက္ တို႔နဲ႔ တစ္အုပ္စုထဲ က်ေရာက္ေနခဲ့တာပါ။

• ေလ့က်င့္ေရးကြင္းမွာ ဒူးအရြတ္ စုတ္ျပတ္သြားတဲ့ ဒဏ္ရာ ရရွိခဲ့တဲ့ ဂ်ဴဗီ အသင္းေခါင္းေဆာင္ ခ်ီရယ္လီနီဟာ အနည္းဆံုး 6 လ ေလာက္ အနားယူရလိမ့္မယ္လို႔ ကလပ္ အသင္းဘက္က တရား၀င္ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပ ဆာရီဟာ ခ်န္ပီယံလိဂ္ အုပ္စုဆင္ႏြဲမယ့္ ကစားသမား စာရင္းမွာ သူ႔ကို ထည့္သြင္းခဲ့ျခင္း မရွိပါဘူး။

• တစ္ခ်ိန္တည္းမွာပဲ ဂ်ဴဗီဟာ ခ်န္ပီယံလိဂ္ ဆင္ႏြဲမယ့္ ကစားသမား စာရင္းကို ထုတ္ျပန္ေၾကျငာခဲ့ရာ ကြင္းလယ္ ကစားသမား အမ္မရီ ခ်န္ နဲ႔ တိုက္စစ္မႈး မန္ဇူကစ္ တုိ႔ကို ခ်န္ထားခဲ့ပါတယ္။ အဲဒီ ေနရာကိုေတာ့ ကစားသမားသစ္ေတြ ျဖစ္တဲ့ ရာဘီယို႔စ္ ၊ ရမ္ေဆး နဲ႔ ခ်ဲဆီး ကေန ျပန္လည္ ေရာက္ရွိ လာတဲ့ ဟီဂြာအင္တို႔ ကို အစားထိုးသြားခဲ့ပါတယ္။

• ေအတီကို အသင္းရဲ႕ နည္းျပ ဆီျမြန္နီ က လက္ရွိ အမွတ္ေပးဇယားမွာ သူ႔အသင္းက ဦးေဆာင္ေနေသာ္လဲ ၊ ခ်န္ပီယံျဖစ္ႏိုင္တယ္ ဆိုတဲ့ ေျပာဆိုမႈေတြကို ပယ္ခ်သြားခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ သူက 2014 ခုႏွစ္က လာလီဂါ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ စုဖြဲ႔မႈမ်ိဳး လက္ရွိ အသင္းမွာ မရွိေသးဘူးလု႔ိ မွတ္ခ်က္ေပးလိုက္ျပီး ၊ အထူးသျဖင့္ အသက္ငယ္တာ နဲ႔ အေတြ႔အၾကံဳနုေသးတာေတြက အခက္အခဲေတြကို ေက်ာ္လႊားဖို႔ စိန္ေခၚမႈ ျဖစ္တယ္လို႔ ၀န္ခံသြားခဲ့ပါတယ္။

• စပိန္ လက္ေရြးစင္ နည္းျပ မိုရီႏို က လူး၀စ္ အင္းနရစ္သာ လက္ေရြးစင္ အသင္းဆီ ျပန္လာမယ္ ဆိုပါက သူ႔အေနနဲ႔ ရာထူးကေန ဆင္းေပးဖို႔ အသင့္ပဲလို႔ ေျပာဆုိလိုက္ပါတယ္။ အင္းနရစ္ဟာ သမီးျဖစ္သူရဲ႕ က်န္းမာေရးေၾကာင့္ လက္ေရြးစင္ နည္းျပရာထူးကေန ႏႈတ္ထြက္ ထားခဲ့သူ ျဖစ္ပါတယ္။

• လက္စတာ ကေန မာလာဂါ အသင္းထံ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂ်ပန္ တိုက္စစ္မႈး အိုကာဇာကီ ဟာ တစ္ပြဲမွ ကစားေပးရျခင္း မရွိေသးခင္မွာပဲ အသင္းနဲ႔ လမ္းခြဲလုိက္ျပီ ျဖစ္ပါတယ္။ မာလာဂါ ကို စပိန္ ေဘာလံုးအဖြဲ႔ခ်ဳပ္ က ဘ႑ာေရး ဆိုင္ရာ သတိေပးမႈေတြ ျပဳလုပ္ထားတာ ျဖစ္ျပီး ၊ ကစားသမားသစ္ ေခၚယူမယ္ ဆိုပါက လက္ရွိ အသင္းမွာ ေပးေခ်ေနတဲ့ လစာပမာဏ စုစုေပါင္းကို အရင္ေလွ်ာ့ခ်ျပီးမွသာ ၊ ကစားသမားသစ္ အတြက္ မွတ္ပံုတင္ခြင့္ေပးမွာ ျဖစ္တယ္လို႔ သတိေပးခ်က္ ထုတ္ျပန္ထားခဲ့တာ ျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ ကာလအတြင္း မာလာဂါဟာ ရွိႏွင့္ျပီးသား ကစာသမားေတြထဲက အခ်ိဳ႕ကို ေရာင္းထုတ္ႏိုင္ျခင္း မရွိခဲ့တာေၾကာင့္ ၊ အိုကာဇာကီဟာလဲ အသင္းနဲ႔ ျပန္လည္ လမ္းခြဲ သြားခဲ့တာ ျဖစ္ပါတယ္။

• 2015 ခုနွစ္က ရီးရဲ မက္ဒရစ္ကို ေျပာင္းေရႊ႕ လာခဲ့တဲ့ ဘရာဇီး ကြင္းလယ္ ကစားသမား လူးကပ္ ေဆးဗားဟာ အသင္းနဲ႔ လက္ရွိ စာခ်ဳပ္ကို တရား၀င္ ဖ်က္သိမ္းလိုက္ျပီ ျဖစ္ပါတယ္။ သူဟာ ကာတာ ၊ အာဂ်င္တီးနား လိဂ္ေတြဆီ ေျပာင္းေရႊ႕ဖို႔ ၾကိဳးစားေနတယ္လို႔လဲ သိရပါတယ္။

• အဂၤလန္ လက္ေရြးစင္ အသင္းၾကီးမွာ ပထမဆံုး အၾကိ္မ္ အေရြးခ်ယ္ ခံခဲ့ရတဲ့ ယူႏိုက္တက္ ေနာက္တန္း ကစားသမား ဘစ္ဆာကာ ဟာ ေနာက္ေက်ာဒဏ္ရာ ေၾကာင့္ ႏႈတ္ထြက္သြားခဲ့ျပီ ျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ လက္ရွိ အခ်ိန္ထိေတာ့ ဘစ္ဆာကာ ရဲ႕ ေနရာကို အစားထိုး ေခၚယူမႈေတြ ျပဳလုပ္ျခင္း မရွိေသးပါဘူး။

• စပါး မွာ စာခ်ဳပ္သစ္ ကိစၥ အဆင္မေျပ ျဖစ္ေနတဲ့ ကြင္းလယ္ ကစားသမား အဲရစ္ဆင္ ကို ေခၚယူဖို႔ ယူႏိုက္တက္က စိတ္၀င္စားေနတဲ့ သတင္းေတြ ထြက္လာျပန္ပါတယ္။ The Sun ကေတာ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလမွာပဲ ေလွ်ာ့ေစ်းနဲ႔ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ဆုိပါတယ္။ စီးရီးေအ ကလပ္ အင္တာမီလန္ အသင္းကလဲ အဲရစ္ဆင္ ကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး ၊ ကစားသမားရဲ႕ ေအးဂ်င့္ဆီ ဆက္သြယ္မႈေတြ ျပဳလုပ္လွ်က္ ရွိေနပါတယ္။

• လီဗာပူး အသင္းရဲ႕ ထရာဘြန္စေပါ အသင္းရဲ႕ လူငယ္ ဂိုးသမားေလး ကာကဲ ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ဖို႔ အတြက္ ကင္းေထာက္ေတြကို ေစလႊတ္ထားလွ်က္ ရွိပါတယ္။

SPORTS MYANMAR

Unicode

ဘာစီလိုနာကို အနိုင် ကစားပြနိုင်တယ်လို့ ကြွေးကြော်လာတဲ့ ဆန်းချက် နဲ့ နံနက်ခင်း သတင်းများ
**************************************

• အင်တာမီလန် အသင်းရဲ့ ကစားသမားသစ် အလက်ဆစ် ဆန်းချက် ကတော့ သူတို့ အသင်းအနေနဲ့ ဘာစီလိုနာ ကို အနိုင်ယူပြ နိုင်တဲ့ ကစားသမား အင်အားမျိုး ပိုင်ဆိုင်ထားတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သူဟာ ဘာစီလိုနာ အတွက်လဲ ကိုယ်စားပြု ကစားပေးဖူးတဲ့ ကစားသမားဟောင်း တစ်ယောက်လဲ ဖြစ်ပါတယ်။ အင်တာ ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ဘာစီလိုနာ ၊ ဒေါ့မွန် ၊ ဆလားဗီးယား ပရက် တို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေခဲ့တာပါ။

• လေ့ကျင့်ရေးကွင်းမှာ ဒူးအရွတ် စုတ်ပြတ်သွားတဲ့ ဒဏ်ရာ ရရှိခဲ့တဲ့ ဂျူဗီ အသင်းခေါင်းဆောင် ချီရယ်လီနီဟာ အနည်းဆုံး 6 လ လောက် အနားယူရလိမ့်မယ်လို့ ကလပ် အသင်းဘက်က တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဆာရီဟာ ချန်ပီယံလိဂ် အုပ်စုဆင်နွဲမယ့် ကစားသမား စာရင်းမှာ သူ့ကို ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။

• တစ်ချိန်တည်းမှာပဲ ဂျူဗီဟာ ချန်ပီယံလိဂ် ဆင်နွဲမယ့် ကစားသမား စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ရာ ကွင်းလယ် ကစားသမား အမ်မရီ ချန် နဲ့ တိုက်စစ်မှုး မန်ဇူကစ် တို့ကို ချန်ထားခဲ့ပါတယ်။ အဲဒီ နေရာကိုတော့ ကစားသမားသစ်တွေ ဖြစ်တဲ့ ရာဘီယို့စ် ၊ ရမ်ဆေး နဲ့ ချဲဆီး ကနေ ပြန်လည် ရောက်ရှိ လာတဲ့ ဟီဂွာအင်တို့ ကို အစားထိုးသွားခဲ့ပါတယ်။

• အေတီကို အသင်းရဲ့ နည်းပြ ဆီမြွန်နီ က လက်ရှိ အမှတ်ပေးဇယားမှာ သူ့အသင်းက ဦးဆောင်နေသော်လဲ ၊ ချန်ပီယံဖြစ်နိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူက 2014 ခုနှစ်က လာလီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ စုဖွဲ့မှုမျိုး လက်ရှိ အသင်းမှာ မရှိသေးဘူးလို့ မှတ်ချက်ပေးလိုက်ပြီး ၊ အထူးသဖြင့် အသက်ငယ်တာ နဲ့ အတွေ့အကြုံနုသေးတာတွေက အခက်အခဲတွေကို ကျော်လွှားဖို့ စိန်ခေါ်မှု ဖြစ်တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

• စပိန် လက်ရွေးစင် နည်းပြ မိုရီနို က လူးဝစ် အင်းနရစ်သာ လက်ရွေးစင် အသင်းဆီ ပြန်လာမယ် ဆိုပါက သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ အသင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။ အင်းနရစ်ဟာ သမီးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် လက်ရွေးစင် နည်းပြရာထူးကနေ နှုတ်ထွက် ထားခဲ့သူ ဖြစ်ပါတယ်။

• လက်စတာ ကနေ မာလာဂါ အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဂျပန် တိုက်စစ်မှုး အိုကာဇာကီ ဟာ တစ်ပွဲမှ ကစားပေးရခြင်း မရှိသေးခင်မှာပဲ အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ မာလာဂါ ကို စပိန် ဘောလုံးအဖွဲ့ချုပ် က ဘဏ္ဍာရေး ဆိုင်ရာ သတိပေးမှုတွေ ပြုလုပ်ထားတာ ဖြစ်ပြီး ၊ ကစားသမားသစ် ခေါ်ယူမယ် ဆိုပါက လက်ရှိ အသင်းမှာ ပေးချေနေတဲ့ လစာပမာဏ စုစုပေါင်းကို အရင်လျှော့ချပြီးမှသာ ၊ ကစားသမားသစ် အတွက် မှတ်ပုံတင်ခွင့်ပေးမှာ ဖြစ်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ကာလအတွင်း မာလာဂါဟာ ရှိနှင့်ပြီးသား ကစာသမားတွေထဲက အချို့ကို ရောင်းထုတ်နိုင်ခြင်း မရှိခဲ့တာကြောင့် ၊ အိုကာဇာကီဟာလဲ အသင်းနဲ့ ပြန်လည် လမ်းခွဲ သွားခဲ့တာ ဖြစ်ပါတယ်။

• 2015 ခုနှစ်က ရီးရဲ မက်ဒရစ်ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဘရာဇီး ကွင်းလယ် ကစားသမား လူးကပ် ဆေးဗားဟာ အသင်းနဲ့ လက်ရှိ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ကာတာ ၊ အာဂျင်တီးနား လိဂ်တွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့လဲ သိရပါတယ်။

• အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိ်မ် အရွေးချယ် ခံခဲ့ရတဲ့ ယူနိုက်တက် နောက်တန်း ကစားသမား ဘစ်ဆာကာ ဟာ နောက်ကျောဒဏ်ရာ ကြောင့် နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ လက်ရှိ အချိန်ထိတော့ ဘစ်ဆာကာ ရဲ့ နေရာကို အစားထိုး ခေါ်ယူမှုတွေ ပြုလုပ်ခြင်း မရှိသေးပါဘူး။

• စပါး မှာ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား အဲရစ်ဆင် ကို ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်လာပြန်ပါတယ်။ The Sun ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ လျှော့စျေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ စီးရီးအေ ကလပ် အင်တာမီလန် အသင်းကလဲ အဲရစ်ဆင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၊ ကစားသမားရဲ့ အေးဂျင့်ဆီ ဆက်သွယ်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။

• လီဗာပူး အသင်းရဲ့ ထရာဘွန်စပေါ အသင်းရဲ့ လူငယ် ဂိုးသမားလေး ကာကဲ ကို စောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ အတွက် ကင်းထောက်တွေကို စေလွှတ်ထားလျှက် ရှိပါတယ်။

SPORTS MYANMAR