Mane

အာဆင္နယ္ ဂႏၱ၀င္ အီရန္ရိုက္က ဘန္ေလ နဲ႕ ပြဲမွာ ေဒါသေပါက္ကြဲ ခဲ့တဲ့ လီဗာပူး တုိက္စစ္မွဳး ဆာဒီယုိမာေနး ဟာ အသင္းေဖာ္ မုိဟာမက္ဆာလား အေပၚ သည္းခံႏုိင္မွဳ အတုိင္းအတာ ကုန္ဆံုး သြားခဲ့တာ ျဖစ္တယ္လို႕ မွတ္ခ်က္ ေပးသြားခဲ့ ပါတယ္။ လီဗာပူး တုိက္စစ္မွဳး မာေနးဟာ ျပီးခဲ့တဲ့ စေနေန႕ လီဗာပူး တုိ႕ ဘန္ေလ ကို ၃ – ၀ နဲ႕ အႏုိင္ ရခဲ့တဲ့ ပြဲရဲ႕ ပြဲခ်ိန္ ၈၅ မိနစ္မွာ လူစားလဲ ခံခဲ့ ရျပီးေနာက္ ေဒါသေပါက္ကြဲ ခဲ့တာ ျဖစ္ပါတယ္။

လူစားလဲျခင္း မခံ ရျပီး ဆီနီေဂါ စတားဟာ လီဗာပူး ကို ၄ – ၀ ျဖစ္ေစ ႏုိင္မယ့္ အေကာင္းဆံုး အေနအထား မွာ ရွိေနေပမယ့္လည္း ဆာလားဟာ လြတ္လြတ္ကၽြတ္ကၽြတ္ ျဖစ္ေနတဲ့ မာေနး ကို ေဘာလံုး မထုိးေပး ခဲ့ဘဲ ကိုယ္တုိင္ ဂုိးသြင္းဖို႕ အားထုတ္ရင္ ျပိဳင္ဘက္ ကစားသမား ရဲ႕ တားဆီးျခင္းကို ခံခဲ့ ရတာ ျဖစ္ပါတယ္။

အာဆင္နယ္ ဂႏၱ၀င္ အီရန္ရုိက္ ကေတာ့ ဒီလုိ ေဒါသတၾကီး ျဖစ္ခဲ့မွဳဟာ လီဗာပူး တုိက္စစ္ ကစားသမား ၂ ဦး ရဲ႕ ျပိဳင္ဆုိင္မွဳ အစ ျဖစ္တယ္လို႕ ယူဆ ေနပါတယ္။

အီရန္ရိုက္က “ပရီးမီးယားလိဂ္ ပြဲစဥ္ ၄ ပြဲ အျပီးမွာပဲ မာေနး အတြက္ ဒီလို ေဒါသထြက္ ခဲ့ရတဲ့ ကိစၥဟာ ရင္ထဲမွာ နက္ရွိဳင္း ေနတယ္လို႕ ဆုိလိုက္ သလို ပါပဲ။ ဒါဟာ အရမ္းကို ရင္ထဲ နက္နက္ ရွိဳင္းရွိဳင္း ျဖစ္ေနလို႕ပါ။ သူ အရမ္း ေဒါသ ထြက္ခဲ့တဲ့ ကိစၥဟာ အရမ္းကို ျမန္ဆန္ လြန္းေနပါတယ္။ ကၽြန္ေတာ္တုိ႕ Match of the Day မွာ အျဖစ္အပ်က္ တစ္ခ်ိဳ႕ကုိ ျပသ ခဲ့ပါတယ္။ ဒါဟာ ဒီပြဲရဲ႕ အျဖစ္အပ်က္ပဲ ရွိပါေသးတယ္။

ပြဲေတာ္ေတာ္ မ်ားမ်ား ဒီလိုေတြ လုပ္ခဲ့ ႏုိင္တယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ္လည္း ဒါေတြကို ျမင္ခဲ့ ပါတယ္။ ကၽြန္ေတ္ာ ၾကည့္ခဲ့တဲ့ ပြဲတစ္ခ်ိဳ႕မွာ ဆုိရင္ ဒီလိုမိ်ဳး ကိစၥ အတြက္နဲ႕ သူဟာ ဆာလား နဲ႕ အျငင္းအခုန္ ျဖစ္မယ့္ ပံုစံေတြ ကၽြန္ေတာ္ ေတြ႕ခဲ့ ရပါတယ္။ တုိက္စစ္မွဳး တစ္ဦး အေနနဲ႕ ကၽြန္ေတာ္ ဆုိရင္ေကာ ဒီလိုမ်ိဳး လုပ္ရင္ လုပ္ႏုိင္ပါတယ္။

မာေနးဟာ တအား ေဒါသထြက္ ေနခဲ့တာပါ။ သူကုိယ္တုိင္က နည္းနည္းေတာ့ မ်ားေနျပီ ဆုိျပီး ေတြးခဲ့မွာပါ။ ဒါ့ေၾကာင့္လည္း ကၽြန္ေတာ္တုိ႕ ဘန္ေလနဲ႕ပြဲမွာ သူ႕ရဲ႕ ဒီလို အျပဳအမူကုိ ျမင္ခဲ့ ရတာပါ။ မာေနးဟာ ေဘာလံုး ထိုးေပးလိုက္တာနဲ႕ ဂိုးရႏုိင္ေလာက္တဲ့ အေနအထားမွာ ရွိေနေပမယ့္ ဆာလားက ဒီလို မလုပ္ ခဲ့တာေၾကာင့္ ဒါဟာ သူ႕အတြက္ အဆံုးစြန္ ျဖစ္သြား ခဲ့တာပါ။

အခ်က္အလက္ ေတြကို ကၽြန္ေတ္ာတုိ႕ ေတြ႕ခဲ့ပါတယ္။ မာေနးဟာ သူ႕အတြက္ အခြင့္အေရး ၄၃ ၾကိမ္ ဖန္တီး ေပးခဲ့ျပီး ဆာလားဟာ ၂၅ ၾကိမ္သာ ျပန္လည္ ဖန္တီး ေပးခဲ့ပါတယ္။ သူဟာ အခ်င္းခ်င္း အျပန္အလွန္ အက်ိဳး မျပဳတဲ့ အေပၚ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။

ကၽြန္ေတာ္ နားလည္သေလာက္ ကေတာ့ လီဗာပူး ပရိတ္သတ္ ေတြဟာ သူ႕ကို ဖုန္းဆက္တာတုိ႕ မက္ေဆ့ခ်္ ပို႕တာတုိ႕ လုပ္ေလာက္ မွာပါ။ ဘာလို႕လဲ ဆုိေတာ့ သူတုိ႕ဟာ ဒီကိစၥကို အရမ္းကို ဂရုစုိက္ ေနလို႕ပါ။ ဒါေပမယ့္ မာေနး ဒီလို ေဒါသတၾကီး ျပဳမူခဲ့တဲ့ အခ်က္ကို ၾကည့္လိုက္မယ္ ဆုိရင္ေတာ့ သူဟာ သည္းခံႏိုင္မွဳ အတုိင္းအတာ ကုန္သြားတဲ့ ပံုပါပဲ။” လို႕ ဆုိသြား ပါတယ္။

ယာဂန္ကေလာ့ ကေတာ့ “လူတိုင္း လူတိုင္း ေဘာလံုး ေပးပို႕လိုက္သင့္တယ္လို႕ ေတြးခဲ့တဲ့ အေျခအေန ငါးခု ေျခာက္ခုေလာက္မွာ သူဂုိးသြင္း ႏုိင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒါဟာ ကစားသမား တစ္ဦးရဲ႕ လြတ္လပ္ခြင့္ ပါပဲ။ ေဘာလံုး ေပးမလား ၊ မေပးဘူးလား ဆုိတာကို ေကာင္ေလးေတြ ကပဲ ဆံုးျဖတ္ခ်က္ ခ်မွတ္ ရတာပါ။

ဒီလိုလုပ္ရာမွာ အမွားေတြ က်ဴးလြန္ ႏိုင္ပါတယ္။ ေဘာလံုး ဆံုးရွံဳး ႏိုင္သလို ၊ ေဘာလံုး ေခ်ာ္သြားတာတုိ႕ ဒါမွမဟုတ္ တစ္ခါတစ္ရံ ကိုယ့္ရဲ႕ အသင္းေဖာ္ကို မျမင္တာတုိ႕ ျဖစ္ႏုိင္ပါတယ္။ ဒါဟာ သူ႕ကို လ်စ္လ်ဴရွဳ ခဲ့တာေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ရံ အျပင္ဘက္က ကၽြန္ေတာ္တုိ႕ အတြက္ သူရဲ႕ အသင္းေဖာ္ကို ျမင္ေကာင္း ျမင္ႏုိင္ ေပမယ့္ ဒါေပမယ့္ ကြင္းထဲမွာ မျမင္တာလည္း ရွိပါတယ္။

ဒါဟာ ၾကီးမားတဲ့ စိန္ေခၚမွဳေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ တုိက္စစ္မွဳး တစ္ဦးနဲ႕ တြဲဖက္ ကစားရတဲ့ အခါ ဒါမ်ိဳး ရွိႏုိ္င္တာေတာ့ အမွန္ပါပဲ။ အေျခအေန အရ လုပ္ရတာပါ။ ကၽြန္ေတ္ာတုိ႕ ကေတာ့ ဒီကိစၥကို ၁၀၀% ခ်န္ထား ခဲ့လိုက္ ပါျပီ။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ ၃-၀ နဲ႕ အႏုိင္ ရခဲ့လို႕ ျဖစ္ျပီး အားလံုးဟာ အခုဆုိရင္ ႏုိင္ငံ အသင္း ပြဲေတြ အတြက္ ေနရာစံု ထြက္ခြာရေတာ့ မွာပါ။ ေနာက္တစ္ပတ္ ဆုိရင္ေတာ့ လူေတြ ဒီကိစၥကို ထပ္ေျပာ ၾကလိမ့္မယ္လို႕ ကၽြန္ေတာ္ မထင္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ဘန်လေနဲ့ ပွဲတုန်းက မာနေး နဲ့ ဆာလား တို့ရဲ့ ကိစ္စအပေါ် သူ့ရဲ့ အမြင်ကို ချပြလိုက်တဲ့ အာဆင်နယ် ဂန္တဝင်အီရန်ရိုက်

အာဆင်နယ် ဂန္တဝင် အီရန်ရိုက်က ဘန်လေ နဲ့ ပွဲမှာ ဒေါသပေါက်ကွဲ ခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ဆာဒီယိုမာနေး ဟာ အသင်းဖော် မိုဟာမက်ဆာလား အပေါ် သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံး သွားခဲ့တာ ဖြစ်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ လီဗာပူး တိုက်စစ်မှုး မာနေးဟာ ပြီးခဲ့တဲ့ စနေနေ့ လီဗာပူး တို့ ဘန်လေ ကို ၃ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ပွဲရဲ့ ပွဲချိန် ၈၅ မိနစ်မှာ လူစားလဲ ခံခဲ့ ရပြီးနောက် ဒေါသပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။

လူစားလဲခြင်း မခံ ရပြီး ဆီနီဂေါ စတားဟာ လီဗာပူး ကို ၄ – ၀ ဖြစ်စေ နိုင်မယ့် အကောင်းဆုံး အနေအထား မှာ ရှိနေပေမယ့်လည်း ဆာလားဟာ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတဲ့ မာနေး ကို ဘောလုံး မထိုးပေး ခဲ့ဘဲ ကိုယ်တိုင် ဂိုးသွင်းဖို့ အားထုတ်ရင် ပြိုင်ဘက် ကစားသမား ရဲ့ တားဆီးခြင်းကို ခံခဲ့ ရတာ ဖြစ်ပါတယ်။

အာဆင်နယ် ဂန္တဝင် အီရန်ရိုက် ကတော့ ဒီလို ဒေါသတကြီး ဖြစ်ခဲ့မှုဟာ လီဗာပူး တိုက်စစ် ကစားသမား ၂ ဦး ရဲ့ ပြိုင်ဆိုင်မှု အစ ဖြစ်တယ်လို့ ယူဆ နေပါတယ်။

အီရန်ရိုက်က “ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ အပြီးမှာပဲ မာနေး အတွက် ဒီလို ဒေါသထွက် ခဲ့ရတဲ့ ကိစ္စဟာ ရင်ထဲမှာ နက်ရှိုင်း နေတယ်လို့ ဆိုလိုက် သလို ပါပဲ။ ဒါဟာ အရမ်းကို ရင်ထဲ နက်နက် ရှိုင်းရှိုင်း ဖြစ်နေလို့ပါ။ သူ အရမ်း ဒေါသ ထွက်ခဲ့တဲ့ ကိစ္စဟာ အရမ်းကို မြန်ဆန် လွန်းနေပါတယ်။ ကျွန်တော်တို့ Match of the Day မှာ အဖြစ်အပျက် တစ်ချို့ကို ပြသ ခဲ့ပါတယ်။ ဒါဟာ ဒီပွဲရဲ့ အဖြစ်အပျက်ပဲ ရှိပါသေးတယ်။

ပွဲတော်တော် များများ ဒီလိုတွေ လုပ်ခဲ့ နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်လည်း ဒါတွေကို မြင်ခဲ့ ပါတယ်။ ကျွန်တေ်ာ ကြည့်ခဲ့တဲ့ ပွဲတစ်ချို့မှာ ဆိုရင် ဒီလိုမျိုး ကိစ္စ အတွက်နဲ့ သူဟာ ဆာလား နဲ့ အငြင်းအခုန် ဖြစ်မယ့် ပုံစံတွေ ကျွန်တော် တွေ့ခဲ့ ရပါတယ်။ တိုက်စစ်မှုး တစ်ဦး အနေနဲ့ ကျွန်တော် ဆိုရင်ကော ဒီလိုမျိုး လုပ်ရင် လုပ်နိုင်ပါတယ်။

မာနေးဟာ တအား ဒေါသထွက် နေခဲ့တာပါ။ သူကိုယ်တိုင်က နည်းနည်းတော့ များနေပြီ ဆိုပြီး တွေးခဲ့မှာပါ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ဘန်လေနဲ့ပွဲမှာ သူ့ရဲ့ ဒီလို အပြုအမူကို မြင်ခဲ့ ရတာပါ။ မာနေးဟာ ဘောလုံး ထိုးပေးလိုက်တာနဲ့ ဂိုးရနိုင်လောက်တဲ့ အနေအထားမှာ ရှိနေပေမယ့် ဆာလားက ဒီလို မလုပ် ခဲ့တာကြောင့် ဒါဟာ သူ့အတွက် အဆုံးစွန် ဖြစ်သွား ခဲ့တာပါ။

အချက်အလက် တွေကို ကျွန်တေ်ာတို့ တွေ့ခဲ့ပါတယ်။ မာနေးဟာ သူ့အတွက် အခွင့်အရေး ၄၃ ကြိမ် ဖန်တီး ပေးခဲ့ပြီး ဆာလားဟာ ၂၅ ကြိမ်သာ ပြန်လည် ဖန်တီး ပေးခဲ့ပါတယ်။ သူဟာ အချင်းချင်း အပြန်အလှန် အကျိုး မပြုတဲ့ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော် နားလည်သလောက် ကတော့ လီဗာပူး ပရိတ်သတ် တွေဟာ သူ့ကို ဖုန်းဆက်တာတို့ မက်ဆေ့ချ် ပို့တာတို့ လုပ်လောက် မှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ဒီကိစ္စကို အရမ်းကို ဂရုစိုက် နေလို့ပါ။ ဒါပေမယ့် မာနေး ဒီလို ဒေါသတကြီး ပြုမူခဲ့တဲ့ အချက်ကို ကြည့်လိုက်မယ် ဆိုရင်တော့ သူဟာ သည်းခံနိုင်မှု အတိုင်းအတာ ကုန်သွားတဲ့ ပုံပါပဲ။” လို့ ဆိုသွား ပါတယ်။

ယာဂန်ကလော့ ကတော့ “လူတိုင်း လူတိုင်း ဘောလုံး ပေးပို့လိုက်သင့်တယ်လို့ တွေးခဲ့တဲ့ အခြေအနေ ငါးခု ခြောက်ခုလောက်မှာ သူဂိုးသွင်း နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဟာ ကစားသမား တစ်ဦးရဲ့ လွတ်လပ်ခွင့် ပါပဲ။ ဘောလုံး ပေးမလား ၊ မပေးဘူးလား ဆိုတာကို ကောင်လေးတွေ ကပဲ ဆုံးဖြတ်ချက် ချမှတ် ရတာပါ။

ဒီလိုလုပ်ရာမှာ အမှားတွေ ကျူးလွန် နိုင်ပါတယ်။ ဘောလုံး ဆုံးရှုံး နိုင်သလို ၊ ဘောလုံး ချော်သွားတာတို့ ဒါမှမဟုတ် တစ်ခါတစ်ရံ ကိုယ့်ရဲ့ အသင်းဖော်ကို မမြင်တာတို့ ဖြစ်နိုင်ပါတယ်။ ဒါဟာ သူ့ကို လျစ်လျူရှု ခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ အပြင်ဘက်က ကျွန်တော်တို့ အတွက် သူရဲ့ အသင်းဖော်ကို မြင်ကောင်း မြင်နိုင် ပေမယ့် ဒါပေမယ့် ကွင်းထဲမှာ မမြင်တာလည်း ရှိပါတယ်။

ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တိုက်စစ်မှုး တစ်ဦးနဲ့ တွဲဖက် ကစားရတဲ့ အခါ ဒါမျိုး ရှိနို်င်တာတော့ အမှန်ပါပဲ။ အခြေအနေ အရ လုပ်ရတာပါ။ ကျွန်တေ်ာတို့ ကတော့ ဒီကိစ္စကို ၁၀၀% ချန်ထား ခဲ့လိုက် ပါပြီ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ၃-၀ နဲ့ အနိုင် ရခဲ့လို့ ဖြစ်ပြီး အားလုံးဟာ အခုဆိုရင် နိုင်ငံ အသင်း ပွဲတွေ အတွက် နေရာစုံ ထွက်ခွာရတော့ မှာပါ။ နောက်တစ်ပတ် ဆိုရင်တော့ လူတွေ ဒီကိစ္စကို ထပ်ပြော ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM