မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အဓိက ကြင္းလယ္ လူ ျဖစ္တဲ့ ေပါလ္ ေပါ့ဂ္ဘာ ဟာ ဒီေန့ နံနက္ PSG နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ ပါဝင္ ကစား ခြင့္ မရရွိ ခဲ့ ေပမဲ့ ပြဲ အျပီး ျပိဳင္ဖက္ အသင္း ရဲ့ ကြင္းထဲ မွာ ေတာ့ ပရိသတ္ ေတြ ေရွ့ေမွာက္ စတား တစ္ဦး ျဖစ္ခဲ့ ရ ပါတယ္ ။

ျပင္သစ္ လက္ေရြးစင္ ကြင္းလယ္လူ ဟာ အိုးလ္ ထရပ္ဖုိ့ ေျမမွာ ယူနုိက္တက္ တုိ့ PSG ကို 0 – 2 နဲ့ ရွံဳးနိမ့္ ခဲ့ ၾကတဲ့ ပြဲစဥ္ ရဲ့ ပြဲခ်ိန္ 89 မိနစ္ မွာ ဒုတိယ ေျမာက္ အဝါကဒ္ ျပား ျပသ ခံခဲ့ ရတဲ့ အတြက္ ႏွစ္ဝါ တစ္နီ နဲ့ ထုတ္ပယ္ ခံခဲ့ ရျပီး ဒု အေက်ာ့ ပြဲစဥ္ အတြက္ ပြဲပယ္ ခံထား ခဲ့ ရတာ ပဲ ျဖစ္ ပါတယ္ ။

ဒါေပမဲ့ ယူနုိက္တက္ ဟာ ပါ့စ္ ဒက္စ္ ပရင့္စ္ ကြင္းထဲ မွာ တုိက္စစ္ မွဴး ႏွစ္ဦး ျဖစ္ၾက တဲ့ လူကာကူ ( 2 ဂိုး ) နဲ့ ရပ္ရွ္ဖုိ့ ရဲ့ ပြဲျပီး ကာနီး ပင္နယ္တီ သြင္းဂိုး ေၾကာင့္ ျပဇာတ္ ဆန္ဆန္ အနုိင္ ရလဒ္ ရယူ နုိင္ခဲ့ ၾကျပီး ႏွစ္ေက်ာ့ ေပါင္း 3 – 3 ဆုိတဲ့ ရလဒ္ ၊ အ ေဝးဂုိး စည္းမ်ဥ္း နဲ့ အတူ ကြာတား ဖုိင္နယ္ အဆင့္ ကို တက္ေရာက္ သြားနုိုင္ ခဲ့ၾက ပါျပီ ။

အဆုိပါ ပြဲစဥ္ ျပီးဆံုး သြားတဲ့ ေနာက္ေတာ့ ပြဲ ၾကည့္စင္ ေပၚမွာ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ပတ္ထရစ္ အီဗရာ နဲ့ အတူ စိတ္ လွဳပ္ရွား ေပ်ာ္ရႊင္ လြန္း ေန ခဲ့တဲ့ ယူနုိက္တက္ ကြင္းလယ္ လူ ေပါလ္ ေပါ့ဂ္ဘာ ဟာ ကြင္းထဲ ကို ဝင္ေရာက္ ခဲ့ျပီး အသင္း ေဖာ္ ေတြနဲ့ ေအာင္ပြဲ ခံသြား ခဲ့ ပါတယ္ ။

ဒါေပမဲ့ ေပါ့ဂ္ဘာ ရဲ့ အေပ်ာ္ ေတြက အဲ့ေလာက္ နဲ့တင္ ျပီးဆံုး သြားခဲ့ တာ မဟုတ္ ပါဘူး ။ ပြဲစဥ္ ျပီးဆံုး သြားတဲ့ အခါ ယူနိုက္တက္ အတြက္ အဓိက ဂိုးေတြ သြင္းယူ ေပးခဲ့ ၾကတဲ့ ရပ္ရွ္ဖုိ့ နဲ့ လူကာကူ တုိ့ ဟာ BT Sport နဲ့ အင္တာဗ်ဴး လုပ္ေန ခဲ့ၾက ပါတယ္ ။

အဲ့ဒီ အခ်ိန္ မွာ ေတာ့ ကြင္းထဲ မွ ေအာင္ပြဲ ခံျပီး ျပန္လာ ခဲ့တဲ့ ေပါ့ဂ္ဘာ ဟာ ေပ်ာ္ရႊင္ စြာ ေအာ္ေန ရင္း အင္တာဗ်ဴး ေနခဲ့ ၾက တဲ့ ရပ္ရွ္ဖုိ့ နဲ့ လူကာကူ တုိ့ဆီ သြားရင္း ဖက္လွဲ တကင္း ႏွဳတ္ဆက္ သြားခဲ့ ပါတယ္ ။

အခုလို ပြဲ အျပီး အင္တာဗ်ဴး တဲ့ အခ်ိန္ ေတြမွာ မ်ားေသာ အား ျဖင့္ ၾကားလူ ေတြဟာ ဝင္ေရာက္ ၾကတာ မ်ိဳး ျပဳလုပ္ ေလ့ မရွိ ၾက ပါဘူး ။ ေပါ့ဂ္ဘာ အခု လို ေအာ္ဟစ္ ရင္း ရုတ္တရက္ ဝင္ ေရာက္ လာခဲ့ ျခင္း က အင္တာဗ်ဴး အစီအစဥ္ ကို အေနွာက္ အယွက္ အနည္း ငယ္ ျဖစ္ေစ ခဲ့ ပါတယ္ ။

ပထမ ေတာ့ ယူနုိက္တက္ တိုက္စစ္ မွဴး ႏွစ္ဦး လံုးက ရုတ္တရက္ အံ့အား သင့္မိ သြား ခဲ့ၾက သလို သတင္း ေထာက္ ျဖစ္သူ ဟာ လည္း ေခတၱ ေၾကာင္သြား ခဲ့ ေပမဲ့ ေပါ့ဂ္ဘာ ရဲ့ အေပ်ာ္ ေတြဟာ သူတုိ့ ဆီ ကူးစက္ ခဲ့ျပီး အားလံုး ရယ္ေမာ ေပ်ာ္ရႊင္ ခဲ့ ၾက ပါတယ္ ။

အခု ေတာ့ ယူနုိက္တက္ ဟာ ခ်န္ပီယံ လိဂ္ ကြာတား ဖုိင္နယ္ ကို တက္ေရာက္ ခဲ့ ပါျပီ ။ ထုိ့ အတူ ပြဲပယ္ ျပစ္ဒဏ္ မွ လြတ္ေျမာက္ ခဲ့ျပီ ျဖစ္တဲ့ ေပါ့ဂ္ဘာ ဟာ လည္း ေနာက္ထပ္ ပြဲေကာင္း ေတြကို ကစား ခြင့္ ရရွိ ပါ ေတာ့မယ္ ။

ရပ်ရှ်ဖို့ နဲ့ လူကာကူ တို့ရဲ့ အင်တာဗျူးကို ဝင်ရောက် နှောင့်ယှက် ခဲ့တဲ့ #ပေါ့ဂ်ဘာ

=============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အဓိက ကွင်းလယ် လူ ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ ဟာ ဒီနေ့ နံနက် PSG နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ပါဝင် ကစား ခွင့် မရရှိ ခဲ့ ပေမဲ့ ပွဲ အပြီး ပြိုင်ဖက် အသင်း ရဲ့ ကွင်းထဲ မှာ တော့ ပရိသတ် တွေ ရှေ့မှောက် စတား တစ်ဦး ဖြစ်ခဲ့ ရ ပါတယ် ။

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဟာ အိုးလ် ထရပ်ဖို့ မြေမှာ ယူနိုက်တက် တို့ PSG ကို 0 – 2 နဲ့ ရှုံးနိမ့် ခဲ့ ကြတဲ့ ပွဲစဉ် ရဲ့ ပွဲချိန် 89 မိနစ် မှာ ဒုတိယ မြောက် အဝါကဒ် ပြား ပြသ ခံခဲ့ ရတဲ့ အတွက် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ ရပြီး ဒု အကျော့ ပွဲစဉ် အတွက် ပွဲပယ် ခံထား ခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဟာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲ မှာ တိုက်စစ် မှူး နှစ်ဦး ဖြစ်ကြ တဲ့ လူကာကူ ( 2 ဂိုး ) နဲ့ ရပ်ရှ်ဖို့ ရဲ့ ပွဲပြီး ကာနီး ပင်နယ်တီ သွင်းဂိုး ကြောင့် ပြဇာတ် ဆန်ဆန် အနိုင် ရလဒ် ရယူ နိုင်ခဲ့ ကြပြီး နှစ်ကျော့ ပေါင်း 3 – 3 ဆိုတဲ့ ရလဒ် ၊ အ ဝေးဂိုး စည်းမျဉ်း နဲ့ အတူ ကွာတား ဖိုင်နယ် အဆင့် ကို တက်ရောက် သွားနိုုင် ခဲ့ကြ ပါပြီ ။

အဆိုပါ ပွဲစဉ် ပြီးဆုံး သွားတဲ့ နောက်တော့ ပွဲ ကြည့်စင် ပေါ်မှာ အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ပတ်ထရစ် အီဗရာ နဲ့ အတူ စိတ် လှုပ်ရှား ပျော်ရွှင် လွန်း နေ ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ် လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ကွင်းထဲ ကို ဝင်ရောက် ခဲ့ပြီး အသင်း ဖော် တွေနဲ့ အောင်ပွဲ ခံသွား ခဲ့ ပါတယ် ။

ဒါပေမဲ့ ပေါ့ဂ်ဘာ ရဲ့ အပျော် တွေက အဲ့လောက် နဲ့တင် ပြီးဆုံး သွားခဲ့ တာ မဟုတ် ပါဘူး ။ ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ ယူနိုက်တက် အတွက် အဓိက ဂိုးတွေ သွင်းယူ ပေးခဲ့ ကြတဲ့ ရပ်ရှ်ဖို့ နဲ့ လူကာကူ တို့ ဟာ BT Sport နဲ့ အင်တာဗျူး လုပ်နေ ခဲ့ကြ ပါတယ် ။

အဲ့ဒီ အချိန် မှာ တော့ ကွင်းထဲ မှ အောင်ပွဲ ခံပြီး ပြန်လာ ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ ပျော်ရွှင် စွာ အော်နေ ရင်း အင်တာဗျူး နေခဲ့ ကြ တဲ့ ရပ်ရှ်ဖို့ နဲ့ လူကာကူ တို့ဆီ သွားရင်း ဖက်လှဲ တကင်း နှုတ်ဆက် သွားခဲ့ ပါတယ် ။

အခုလို ပွဲ အပြီး အင်တာဗျူး တဲ့ အချိန် တွေမှာ များသော အား ဖြင့် ကြားလူ တွေဟာ ဝင်ရောက် ကြတာ မျိုး ပြုလုပ် လေ့ မရှိ ကြ ပါဘူး ။ ပေါ့ဂ်ဘာ အခု လို အော်ဟစ် ရင်း ရုတ်တရက် ဝင် ရောက် လာခဲ့ ခြင်း က အင်တာဗျူး အစီအစဉ် ကို အနှောက် အယှက် အနည်း ငယ် ဖြစ်စေ ခဲ့ ပါတယ် ။

ပထမ တော့ ယူနိုက်တက် တိုက်စစ် မှူး နှစ်ဦး လုံးက ရုတ်တရက် အံ့အား သင့်မိ သွား ခဲ့ကြ သလို သတင်း ထောက် ဖြစ်သူ ဟာ လည်း ခေတ္တ ကြောင်သွား ခဲ့ ပေမဲ့ ပေါ့ဂ်ဘာ ရဲ့ အပျော် တွေဟာ သူတို့ ဆီ ကူးစက် ခဲ့ပြီး အားလုံး ရယ်မော ပျော်ရွှင် ခဲ့ ကြ ပါတယ် ။

အခု တော့ ယူနိုက်တက် ဟာ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ကို တက်ရောက် ခဲ့ ပါပြီ ။ ထို့ အတူ ပွဲပယ် ပြစ်ဒဏ် မှ လွတ်မြောက် ခဲ့ပြီ ဖြစ်တဲ့ ပေါ့ဂ်ဘာ ဟာ လည်း နောက်ထပ် ပွဲကောင်း တွေကို ကစား ခွင့် ရရှိ ပါ တော့မယ် ။