De ligt

နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အေဂျက် အသင်း နဲ့ အတူ ပြည်တွင်း ဖလား ပြိုင်ပွဲ တွေမှာ သာမက ချန်ပီယံ လိဂ် ဖလား ပြိုင်ပွဲ တွေမှာ ပါ အထူး ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့တာ ကြောင့် ဒီနွေ အပြောင်း အရွှေ့ ဈေးကွက် မှာ သတင်း တွေ ကြီးခဲ့ ပါတယ် ။


De ligt




Deligt







#Sports_Myanmar

Unicode

ဘာစီလိုနာ ၊ ယူနိုက်တက် တို့ကို ကျော်ပြီး ဒီလစ်ဟာ ဂျူဗီကို ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတာ ပြောကြား သွားတဲ့ #မဲလ်ချော့တ်

=================

နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အေဂျက် အသင်း နဲ့ အတူ ပြည်တွင်း ဖလား ပြိုင်ပွဲ တွေမှာ သာမက ချန်ပီယံ လိဂ် ဖလား ပြိုင်ပွဲ တွေမှာ ပါ အထူး ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့တာ ကြောင့် ဒီနွေ အပြောင်း အရွှေ့ စျေးကွက် မှာ သတင်း တွေ ကြီးခဲ့ ပါတယ် ။

သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ဥရောပ ထိပ်သီး ကလပ် အတော် များများ က စောင့်ကြည့် ခဲ့ကြ ပါတယ် ။ အထူးသဖြင့် သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် စပိန် ထိပ်သီး ဘာစီလိုနာ အသင်း နဲ့ ခံစစ် ပိုင်းကို အင်အား ဖြည့်တင်း လိုနေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တို့က ထိပ်ဆုံး မှ ရေပန်းစား ခဲ့ကြ ပါတယ် ။

ဒါပေမယ့် အဆုံးသတ် မှာတော့ သူ့ကို ခေါ်ယူ လိုတဲ့ အသင်း စာရင်း ထဲ အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း လည်း ဆက်တိုက် ဆိုသလို ပါဝင် လာခဲ့ ပြီး နယ်သာလန် လက်ရွေးစင် ကို ဥရောပ ပြိုင်ဖက် တွေထက် လက်ဦး ကာ အရ ခေါ်ယူ သွားနိုင် ခဲ့ ပါတယ် ။

အခုတော့ နယ်သာလန် လက်ရွေးစင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ မာရီယို မဲလ်ချော့တ် က ဒီလစ် ဟာ စီးရီးအေ ချန်ပီယံ အသင်း ဆီ ပြောင်းရွှေ့ သွားခဲ့ ခြင်းက မှန်ကန် ကြောင်း ၊ ဂျူဗင်တပ် ရဲ့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး လိုရေး စီမံကိန်း က သူ့ကို အိုးလ် လေဒီ တို့ဆီ ပြောင်းရွှေ့ ဖို့ စိတ်ဓါတ် တက်ကြွ မှုတွေ ဖြစ်စေ ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် အီတလီ မြေမှာ ခံစစ် ကစားသမား ကောင်း တွေဟာ အထူး လေးစား မှုတွေ ခံရ လေ့ ရှိခြင်း ကလည်း ဒီလစ် ကို ဂျူဗင်တပ် ဆီ ဦးစားပေး ပြောင်းရွှေ့ ဖို့ တွန်းအား တွေ ဖြစ်စေ နိုင်ခဲ့ ကြောင်း မဲလ်ချော့တ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အီတလီ ဘောလုံး လောက က ခံစစ် ကစားသမား တွေကို ခေါ်ယူ ဖို့ စိတ်အား ထက်သန် လေ့ ရှိကြ ပါတယ် ။ သူတို့ တွေက အီတလီ မှာ ခံစစ် ကစားသမား တွေ အပေါ် လေးစား သမှု ထားရှိ ကြတယ် လေ ။ အီတလီ အသင်း တွေက ခံစစ် နဲ့ ပတ်သက် လို့ အရင် အတိုင်း ရှိနေ ကြဆဲ ပါပဲ ”

” ဥရောပ ထိပ်တန်း ကစားသမား တွေလည်း အဲ့ဒီ ကို ပြောင်းရွှေ့ ကစားလို ကြတယ် လေ ။ ကျွန်တော့် အတွက် ကတော့ ဒီနှစ် မှာ ဂျူဗင်တပ် ဟာ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် အထူး ရေပန်းစား နေတဲ့ အသင်း တစ်သင်း ပါပဲ ”

” တစ်ကယ်တမ်း မှာတော့ ဆု ဖလား ကို 8 ကြိမ် အထိ ဆက်တိုက် ရယူ ဆွတ်ခူး နိုင်ဖို့ ဆိုတာ လွယ်ကူ လှတဲ့ အရာ တော့ မဟုတ် ပါဘူး ။ ဒီလစ် ဟာ အခု စတား တွေ စုစည်း နေ ကြတဲ့ အသင်း ကို ရောက်ရှိ နေ ပါပြီ ။ သူဟာ အရင် တုန်းက ကစား နေခဲ့ တဲ့ ပုံစံ တွေ အတိုင်း ပဲ ဘောလုံး ကို အံဝင် စွာ ဆက်လက် ကစား နေရ ပါတယ် ”

” သူ အရင် ကတည်းက အဲ့ဒီလို ပုံစံ နဲ့ ကစား နေ ခဲ့တဲ့ ကစား သမား တစ်ဦး ပဲလေ ။ မန်ချက်စတာ ယူနိုက်တက် လား ? အဲ့တာ က အခု ထက်ထိ အထိုင် မကျ သေးတဲ့ အသင်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ် ။ သူတို့ တွေက အသင်း ကို ပြန်လည် တည် ဆောက် နေ ကြတုန်း ပဲလေ ”

” ဘာစီလိုနာ လား ? သူတို့ တွေ ဟာလည်း အပြောင်း အလဲ အချို့ ကို ပြုလုပ် နေကြ ပါတယ် ။ သူတို့ အတွက် တော့ ချန်ပီယံ လိဂ် ဖိုင်နယ် ဆီ မတက်ရောက် နိုင်ခဲ့ ခြင်းက အောင်မြင် မှု မရ ယူ နိုင်ခဲ့ခြင်း လို ခံစား နေရ ပုံ ပါပဲ ”

” လက်ရှိ အနေအထား အရ တော့ ဂျူဗင်တပ် အသင်း က ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ အတွက် အနီးစပ်ဆုံး အသင်း တစ်သင်း အဖြစ် ရှိနေ ပါတယ် ။ သူတို့ တွေဟာ ဒီ ရာသီ မှာ ဖလား ရယူ နိုင်ဖို့ အနီးစပ် ဆုံး အခွင့် အရေး ကောင်းတွေ ကို ပိုင်ဆိုင် ထားကြ တယ်လေ ။ ဒါ့ကြောင့် ဒီလစ် က ဂျူဗီ ကို ရွေးချယ် ခဲ့တာ ပါ ” လို့ မဲလ်ချော့တ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar