Arsenal

ပရီးမီးယားလိဂ္ တိုက္စစ္မွူးေဟာင္း ကက္စ္ကာရီနို က ဒီရာသီမွာ အာဆင္နယ္ အသင္းဟာ မန္ယူနိုက္တက္၊ခ်ဲလ္ဆီး တို႔ရဲ့ ေနာက္မွာပဲ ရပ္တည္ သြားလိမ့္မယ္လို႔ ခန႔္မွန္း သုံးသပ္ သြားခဲ့ပါတယ္။ကက္စ္ကာရီနို က မန္ယူနိုက္တက္ဟာ ထိပ္ဆုံးေလးသင္းထဲ ဝင္လိမ့္မယ္လို႔ ခန႔္မွန္း သြားခဲ့ၿပီး ခ်ဲလ္ဆီး အသင္းဟာလည္း အာဆင္နယ္အသင္းအထက္မွာ ရပ္တည္လိမ့္မယ္လို႔ ဆိုပါတယ္။

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၄) အၿပီး ၂ ပြဲနိုင္၊၁ ပြဲသေရ၊၁ ပြဲ ရွုံး နဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ ေနပါတယ္။မန္ယူနိုက္တက္ နဲ႔ ခ်ဲလ္ဆီး အသင္းကေတာ့ ရာသီ အစ ရလဒ္ သိပ္မေကာင္းဘဲ ၁ ပြဲနိုင္၊၂ ပြဲသေရ၊၁ ပြဲရွုံးနဲ႔ အာဆင္နယ္ အသင္းေအာက္မွာ ရပ္တည္ေနၾကတဲ့ အသင္းေတြပါ။

ကက္စ္ကာရီနို က မႏွစ္က ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တဲ့ ဆိုးလ္ရွား ရဲ့ မန္ယူနိုက္တက္ အသင္းဟာ ဒီႏွစ္မွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကို ျပန္လည္ ရရွိ လာလိမ့္မယ္ ဆိုၿပီး လက္စတာ စီးတီး အသင္းဟာလည္း ထိပ္ဆုံး ေျခာက္သင္းေနရာကို ၿခိမ္းေျခာက္နိုင္တဲ့ အသင္း ျဖစ္ေၾကာင္း ဆိုပါတယ္။

ဒါ့အျပင္ ကက္စ္ကာရီနို က သူ႔ရဲ့ ခ်ဲလ္ဆီး အသင္းဟာလည္း အဓိက ကစားသမားေတြ ဒဏ္ရာကေန ျပန္လည္ သက္သာလာပါက ရလဒ္ေကာင္းေတြ ျပန္လည္ ရရွိ လာလိမ့္မယ္လို႔ ဆိုပါတယ္ ။ကက္စ္ကာရီနို က talkSPORT မွာ ” မန္ယူနိုက္တက္ အသင္း ထိပ္ဆုံးေလးသင္းထဲ ဝင္သြားလိမ့္မယ္လို႔ ထင္ပါတယ္။သူတို႔ ေနာက္ပိုင္းပြဲေတြမွာ ပိုေကာင္းပါလိမ့္မယ္။”

” လက္စတာ အသင္းလည္း ထိပ္ဆုံး ေျခာက္သင္းထဲ ဝင္လိမ့္မယ္လို႔ ထင္ပါတယ္။အဲဗာတန္ ကလည္း အိမ္ကြင္း အရမ္းေကာင္းတဲ့ အသင္း ျဖစ္ေပမယ့္ အေဝးကြင္းမွာ အမွတ္ အမ်ားႀကီး ရယူ နိုင္လိမ့္မယ္လို႔ ထင္ပါတယ္ ။ ”

” လက္စတာ နဲ႔ အာဆင္နယ္ ႏွစ္သင္းထဲက တစ္သင္းကေတာ့ ထိပ္ဆုံး ေျခာက္သင္းထဲမွာ ရပ္တည္ နိုင္ပါလိမ့္မယ္ ။ အာဆင္နယ္ အသင္းကေတာ့ ထိပ္ဆုံး ေလးသင္း ထဲ ဝင္ေရာက္နိုင္လိမ့္မယ္လို႔ မထင္ပါဘူး ။ ခ်ဲလ္ဆီး အသင္းက အာဆင္နယ္ အသင္းအထက္မွာ ရပ္တည္ နိုင္ပါလိမ့္မယ္။”

Emery

” ခ်ဲလ္ဆီး အသင္းမွာ ကစားသမားေကာင္းေတြ အမ်ားႀကီး ရွိေနပါေသးတယ္ ။႐ူဂါနီ နဲ႔ ကန္ေတတို႔ သာ ျပန္ကစားနိုင္ရင္ ခ်ဲလ္ဆီး က ပိုေကာင္းလာမွာပါ ။ မန္ယူနိုက္တက္ ကလည္း အိုလီ(ဆိုးလ္ရွား)ကို ယုံၾကည္မွု အျပည့္နဲ႔ ေငြထပ္ထုတ္ေပးမွာပါ ။ ”

” ဆိုးလ္ရွား ေခၚယူထားတဲ့ ကစားသမားေတြ အကုန္လုံး ေျခစြမ္းၿပ ေနတာ​ေၾကာင့္ သူ႔ကို ေနာက္အေျပာင္းအေရႊ႕ေတြမွာလည္း ေငြထပ္ သုံးခြင့္ ေပးသြားဦးမွာပါ ။ နည္းၿပ တစ္ေယာက္အတြက္ အရမ္း အေရးပါတဲ့ ေထာက္ပံ့မွုပါပဲ ။” လို႔ သုံးသပ္ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ရာသီကုန်ရင် အာဆင်နယ် အသင်း ရပ်တည်မယ့် အဆင့်ကို အံအားသင့်ဖွယ် ခန့်မှန်း သုံးသပ်လိုက်တဲ့ ကက်စ်ကာရီနို
==================================

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနို က ဒီရာသီမှာ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက်၊ချဲလ်ဆီး တို့ရဲ့ နောက်မှာပဲ ရပ်တည် သွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ်။ကက်စ်ကာရီနို က မန်ယူနိုက်တက်ဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပြီး ချဲလ်ဆီး အသင်းဟာလည်း အာဆင်နယ်အသင်းအထက်မှာ ရပ်တည်လိမ့်မယ်လို့ ဆိုပါတယ်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် (၄) အပြီး ၂ ပွဲနိုင်၊၁ ပွဲသရေ၊၁ ပွဲ ရှုံး နဲ့ အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်းကတော့ ရာသီ အစ ရလဒ် သိပ်မကောင်းဘဲ ၁ ပွဲနိုင်၊၂ ပွဲသရေ၊၁ ပွဲရှုံးနဲ့ အာဆင်နယ် အသင်းအောက်မှာ ရပ်တည်နေကြတဲ့ အသင်းတွေပါ။

ကက်စ်ကာရီနို က မနှစ်က ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဆိုးလ်ရှား ရဲ့ မန်ယူနိုက်တက် အသင်းဟာ ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပြန်လည် ရရှိ လာလိမ့်မယ် ဆိုပြီး လက်စတာ စီးတီး အသင်းဟာလည်း ထိပ်ဆုံး ခြောက်သင်းနေရာကို ခြိမ်းခြောက်နိုင်တဲ့ အသင်း ဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် ကက်စ်ကာရီနို က သူ့ရဲ့ ချဲလ်ဆီး အသင်းဟာလည်း အဓိက ကစားသမားတွေ ဒဏ်ရာကနေ ပြန်လည် သက်သာလာပါက ရလဒ်ကောင်းတွေ ပြန်လည် ရရှိ လာလိမ့်မယ်လို့ ဆိုပါတယ် ။ကက်စ်ကာရီနို က talkSPORT မှာ ” မန်ယူနိုက်တက် အသင်း ထိပ်ဆုံးလေးသင်းထဲ ဝင်သွားလိမ့်မယ်လို့ ထင်ပါတယ်။သူတို့ နောက်ပိုင်းပွဲတွေမှာ ပိုကောင်းပါလိမ့်မယ်။”

” လက်စတာ အသင်းလည်း ထိပ်ဆုံး ခြောက်သင်းထဲ ဝင်လိမ့်မယ်လို့ ထင်ပါတယ်။အဲဗာတန် ကလည်း အိမ်ကွင်း အရမ်းကောင်းတဲ့ အသင်း ဖြစ်ပေမယ့် အဝေးကွင်းမှာ အမှတ် အများကြီး ရယူ နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ”

” လက်စတာ နဲ့ အာဆင်နယ် နှစ်သင်းထဲက တစ်သင်းကတော့ ထိပ်ဆုံး ခြောက်သင်းထဲမှာ ရပ်တည် နိုင်ပါလိမ့်မယ် ။ အာဆင်နယ် အသင်းကတော့ ထိပ်ဆုံး လေးသင်း ထဲ ဝင်ရောက်နိုင်လိမ့်မယ်လို့ မထင်ပါဘူး ။ ချဲလ်ဆီး အသင်းက အာဆင်နယ် အသင်းအထက်မှာ ရပ်တည် နိုင်ပါလိမ့်မယ်။”

” ချဲလ်ဆီး အသင်းမှာ ကစားသမားကောင်းတေွ အများကြီး ရှိနေပါသေးတယ် ။ရူဂါနီ နဲ့ ကန်တေတို့ သာ ပြန်ကစားနိုင်ရင် ချဲလ်ဆီး က ပိုကောင်းလာမှာပါ ။ မန်ယူနိုက်တက် ကလည်း အိုလီ(ဆိုးလ်ရှား)ကို ယုံကြည်မှု အပြည့်နဲ့ ငွေထပ်ထုတ်ပေးမှာပါ ။ ”

” ဆိုးလ်ရှား ခေါ်ယူထားတဲ့ ကစားသမားတွေ အကုန်လုံး ခြေစွမ်းပြ နေတာ​ကြောင့် သူ့ကို နောက်အပြောင်းအရွှေ့တွေမှာလည်း ငွေထပ် သုံးခွင့် ပေးသွားဦးမှာပါ ။ နည်းပြ တစ်ယောက်အတွက် အရမ်း အရေးပါတဲ့ ထောက်ပံ့မှုပါပဲ ။” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR