Sanchez

ယူနိုက္တက္ ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္သူ အလက္ဆစ္ ဆန္းခ်က္ က အီတလီ ထိပ္သီး ဟာ ေအာင္ျမင္မွဳ ေတြ မ်ားစြာ ရယူ နိုင္ဖုိ႔ ရည္မွန္း ေနတဲ့ အသင္း ျဖစ္တာ ေၾကာင့္ သူ့ရဲ့ ခံယူခ်က္ နဲ့ ကိုက္ညီ ေနတဲ့ အတြက္ ဒီ အသင္း ဆီ အငွား ေရာက္ရွိ လာခဲ့ ရတာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

Sanchez

ဆန္းခ်က္ ဟာ ယူနိုက္တက္ အသင္း မွာ ေအာင္ျမင္ မွဳေတြ မရယူ နုိင္ခဲ့ ေပမယ့္ ခ်ီလီ လက္ေရြးစင္ အသင္း နဲ့ ကိုပါ အေမရိက ဖလား 2 ၾကိမ္ ၊ ေတာင္ အေမရိက မွာ လိဂ္ ဖလား ေတြ ၊ ဘာစီလိုနာ အသင္း နဲ့ အတူ ဆု ဖလား 6 လံုး ၊ အာဆင္နယ္ အသင္း နဲ့ အတူ FA ဖလား 2 ၾကိမ္ ရယူ ထားနိုင္ ခဲ့တဲ့ အတြက္ စီးရီးေအ ရဲ့ ေအာင္ျမင္မွဳ အမ်ားဆံုး ရရွိ ထားတဲ့ ကစားသမားေတြ ထဲက တစ္ဦး ျဖစ္လာ နုိင္ခဲ့ ပါတယ္ ။

” က်ြန္ေတာ့္ ဆီမွာ ပြဲစဥ္ ေတြကို ခ်စ္ျမတ္နုိး စိတ္ နဲ့ နုိင္ပြဲ ေတြကို ရယူ နုိင္ဖုိ႔ ရည္မွန္းခ်က္ ေတြဟာ ယခင္ တုန္းက နဲ့ တူညီစြာ ရွိေန ပါ ေသးတယ္ ။ က်ြန္ေတာ္ ဟာ ပြဲစဥ္ ေတြကို ခ်စ္ သေလာက္ ေပ်ာ္ရႊင္ မွဳေတြ ကိုလည္း ပြဲ ကစား ရင္း ရယူ ခ်င္ေန သူပါ ”

” က်ြန္ေတာ္ ဒီမွာ ရွိေန ရတဲ့ အတြက္ ၾကည္ႏူး ဝမ္းေျမာက္ မိ ပါတယ္ ။ ဒီမွာ ကစားသမား ေကာင္းေတြ ရွိေန ၾကျပီး ေကာင္းမြန္ တဲ့ အသင္း အဖြဲ့ တစ္ခု လည္း ရွိေန ပါတယ္ ။ ျပီးေတာ့ ယူနုိက္တက္ မွာ ကတည္းက က်ြန္ေတာ္ နဲ့ လူကာကူ တုိ့ ေကာင္းေကာင္း သိၾကတယ္ေလ ”

” က်ြန္ေတာ္ ဆု ဖလား ေတြ အတြက္ တုိက္ပြဲ ဝင္ဖုိ႔ ဒီကို ေရာက္ရွိ လာခဲ့ တာပါ ။ ပရီးမီးယား လိဂ္ ဟာ ရုပ္ပိုင္း ဆုိင္ရာ ၾကံ့ခိုင္ မွဳ ေတြကို အသားေပး ပါတယ္ ။ သူတုိ့ ေျပာၾက သလို ဆုိရင္ ထိပ္တိုက္ ရင္ဆုိင္ ထိုးေဖာက္ ကစား ရတာ မ်ိဳးေပါ့ ။ က်ြန္ေတာ္ တုိ့ အရမ္း ေျပးလႊား ကစား ၾကရ သလို ျပင္းထန္ တဲ့ ေလ့က်င့္ေရး စနစ္ ေတြေၾကာင့္ ကစားသမား အမ်ားစု က သန္မာ လြန္းၾက ပါတယ္ ”

” စကားလံုး တစ္လံုးတည္း ေျပာရမယ္ ဆုိရင္ ဒါဟာ ျပိဳင္ဆုိင္ မွဳ ျပင္းထန္ လြန္းတဲ့ လိဂ္ တစ္ခု ပါပဲ ။ အဲ့တာ ကို ခင္ဗ်ား တုိ့လည္း ျမင္ေတြ့ ဖူးၾက မွာပါ ။ က်ြန္ေတာ္ ကေတာ့ အဂၤလန္ ေျမမွာ အဲ့ဒီ လို ကစား ၾကတာ ကို ႏွစ္သက္ လွ ပါတယ္ ”

” အဲ့တာ ေၾကာင့္လည္း အဂၤလန္ လိဂ္မွ ကလပ္ ေတြဟာ ဥေရာပ မွာ ေအာင္ျမင္ တဲ့ အသင္း ေတြ အျဖစ္ ရပ္တည္ ေနၾက တာပါ ။ အဲ့ဒီ က ကစားဟန္ ဟာ အီတလီ ၊ စပိန္ တုိ႔နဲ႔ ျခားနား လွ ပါတယ္ ။ က်ြန္ေတာ္ အဲ့ဒီ လိဂ္ ေတြနဲ့ ပတ္သက္လို့ အေတြ့ အၾကံဳ ေကာင္းေတြ ရွိ ပါတယ္ ” လို့ ဆန္းခ်က္ က ေျပာၾကား သြားခဲ့ ပါတယ္ ။

ဆန္းခ်က္ ဟာ အီတလီ ေျမကို ေျပာင္းေရႊ့ လာတဲ့ ေနာက္ အင္တာ မီလန္ အသင္း မွာ ယခင္ တုန္းက အသင္း ေဖာ္ ကစား သမား ေဟာင္းေတြ ျဖစ္ခဲ့ ဖူး ၾကတဲ့ အဆာမို ၊ ဟန္ဒန္နိုဗစ္ ၊ ရိုမီလူ လူကာကူ တု႔ိနဲ့ အတူ တစ္သင္း ထဲမွာ ျပန္လည္ ပူးေပါင္း ကစား ရပါ ေတာ့မယ္ ။

” အဆာမို ဟာ စိတ္ထား ေကာင္းမြန္ တဲ့သူ တစ္ေယာက္ ပါ ။ သူဟာ စကား ေတြ အမ်ားၾကီး ေျပာေလ့ ေတာ့ မရွိ ပါဘူး ။ က်ြန္ေတာ္ သူ႔ကို လိုင္းေပၚ စကား ေျပာရင္းနဲ့ ခင္မင္ ခဲ့တာ ပါ ။ သူဟာ လူေကာင္း တစ္ဦး ပါ ။ သူ အခု ေကာင္းမြန္စြာ အလုပ္ေတြ လုပ္ျပ ေနနုိင္ တဲ့ အတြက္ ေက်နပ္ မိ ပါတယ္ ”

” ဟန္ဒန္နုိဗစ္ ကေတာ့ ေခါင္းေဆာင္ တစ္ဦး ပါပဲ ။ သူဟာ ပြဲစဥ္ တစ္ခု မစတင္မီ မွာ အမွား စကား ေတြကို ဦးေဆာင္ ေျပာေလ့ ရွိတက္ ပါတယ္ ။ သူဟာ အေနာက္ ကေန အားလံုး ကို လိုက္တြန္း ( ညႊန္ၾကား ) ေလ့ ရွိတက္ ပါတယ္ ။ ဒါဟာ အသင္း အဖြဲ့ အတြက္ တစ္ကယ္ ပဲ ေကာင္းမြန္ လွ ပါတယ္ ”

” က်ြန္ေတာ္ ဟာ မန္ခ်က္စတာ မွာ ကတည္းက လူကာကူ နဲ့ ခင္မင္ ရင္းႏွီး ခဲ့တာ ပါ ။ က်ြန္ေတာ္ တုိ႔ စကား ေတြ အမ်ားၾကီး ေျပာေလ့ ရွိၾက သလို လမ္းေလွ်ာက္ အတူ ထြက္ရင္း ညစာ လည္း အတူ စားေလ့ လည္း ရွိတက္ ၾက ပါတယ္ ။ ဒါဟာ ေကာင္းမြန္ လွ ပါတယ္ ”

” က်ြန္ေတာ္ ကန္ဒရီဗာ ကိုလည္း သိ ပါတယ္ ။ က်ြန္ေတာ္ တုိ့ အူဒီနီးစ္ အသင္း မွာ အခ်ိန္ အနည္းငယ္ အတူ ကစား ခဲ့ ဖူးၾက တယ္ေလ ။ က်ြန္ေတာ္ ကေတာ့ ဒီမွာ အလုပ္ ေကာင္မြန္စြာ လုပ္ေဆာင္ ရင္း ဆု ဖလား ေအာင္ျမင္ မွဳေတြ ရယူ နုိင္ဖုိ႔ အလုိရွိ ေနပါတယ္ ”

” က်ြန္ေတာ္ တုိ့ ဒီ အတြက္ တုိက္ပြဲ ေတြ ဝင္ၾက ရ ပါ့မယ္ ။ အဓိက အေရး အၾကီးဆံုး က အသင္း လိုက္ စိတ္ဓါတ္ ရွိ ေနဖုိ့ ပါပဲ ။ အကယ္လို့ က်ြန္ေတာ္ တုိ့ အားလံုး စုစည္း ညီညာ ေနမယ္ ဆုိရင္ ဆုဖလား ေတြကို ရယူ ဆြတ္ခူး နုိင္ၾက မွာပါ ” လို႔ ဆန္းခ်က္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

အင်တာမီလန် နဲ့ သူ့ရဲ့ ရည်မှန်းချက် ၊ အသင်းသစ်မှ အသင်းဖော်ဟောင်းတွေ အကြောင်း ဖွင့်ဟ ပြောကြားလိုက်တဲ့ #ဆန်းချက်

================

ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် က အီတလီ ထိပ်သီး ဟာ အောင်မြင်မှု တွေ များစွာ ရယူ နိုင်ဖို့ ရည်မှန်း နေတဲ့ အသင်း ဖြစ်တာ ကြောင့် သူ့ရဲ့ ခံယူချက် နဲ့ ကိုက်ညီ နေတဲ့ အတွက် ဒီ အသင်း ဆီ အငှား ရောက်ရှိ လာခဲ့ ရတာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆန်းချက် ဟာ ယူနိုက်တက် အသင်း မှာ အောင်မြင် မှုတွေ မရယူ နိုင်ခဲ့ ပေမယ့် ချီလီ လက်ရွေးစင် အသင်း နဲ့ ကိုပါ အမေရိက ဖလား 2 ကြိမ် ၊ တောင် အမေရိက မှာ လိဂ် ဖလား တွေ ၊ ဘာစီလိုနာ အသင်း နဲ့ အတူ ဆု ဖလား 6 လုံး ၊ အာဆင်နယ် အသင်း နဲ့ အတူ FA ဖလား 2 ကြိမ် ရယူ ထားနိုင် ခဲ့တဲ့ အတွက် စီးရီးအေ ရဲ့ အောင်မြင်မှု အများဆုံး ရရှိ ထားတဲ့ ကစားသမားတွေ ထဲက တစ်ဦး ဖြစ်လာ နိုင်ခဲ့ ပါတယ် ။

” ကျွန်တော့် ဆီမှာ ပွဲစဉ် တွေကို ချစ်မြတ်နိုး စိတ် နဲ့ နိုင်ပွဲ တွေကို ရယူ နိုင်ဖို့ ရည်မှန်းချက် တွေဟာ ယခင် တုန်းက နဲ့ တူညီစွာ ရှိနေ ပါ သေးတယ် ။ ကျွန်တော် ဟာ ပွဲစဉ် တွေကို ချစ် သလောက် ပျော်ရွှင် မှုတွေ ကိုလည်း ပွဲ ကစား ရင်း ရယူ ချင်နေ သူပါ ”

” ကျွန်တော် ဒီမှာ ရှိနေ ရတဲ့ အတွက် ကြည်နူး ဝမ်းမြောက် မိ ပါတယ် ။ ဒီမှာ ကစားသမား ကောင်းတွေ ရှိနေ ကြပြီး ကောင်းမွန် တဲ့ အသင်း အဖွဲ့ တစ်ခု လည်း ရှိနေ ပါတယ် ။ ပြီးတော့ ယူနိုက်တက် မှာ ကတည်းက ကျွန်တော် နဲ့ လူကာကူ တို့ ကောင်းကောင်း သိကြတယ်လေ ”

” ကျွန်တော် ဆု ဖလား တွေ အတွက် တိုက်ပွဲ ဝင်ဖို့ ဒီကို ရောက်ရှိ လာခဲ့ တာပါ ။ ပရီးမီးယား လိဂ် ဟာ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် မှု တွေကို အသားပေး ပါတယ် ။ သူတို့ ပြောကြ သလို ဆိုရင် ထိပ်တိုက် ရင်ဆိုင် ထိုးဖောက် ကစား ရတာ မျိုးပေါ့ ။ ကျွန်တော် တို့ အရမ်း ပြေးလွှား ကစား ကြရ သလို ပြင်းထန် တဲ့ လေ့ကျင့်ရေး စနစ် တွေကြောင့် ကစားသမား အများစု က သန်မာ လွန်းကြ ပါတယ် ”

” စကားလုံး တစ်လုံးတည်း ပြောရမယ် ဆိုရင် ဒါဟာ ပြိုင်ဆိုင် မှု ပြင်းထန် လွန်းတဲ့ လိဂ် တစ်ခု ပါပဲ ။ အဲ့တာ ကို ခင်ဗျား တို့လည်း မြင်တွေ့ ဖူးကြ မှာပါ ။ ကျွန်တော် ကတော့ အင်္ဂလန် မြေမှာ အဲ့ဒီ လို ကစား ကြတာ ကို နှစ်သက် လှ ပါတယ် ”

” အဲ့တာ ကြောင့်လည်း အင်္ဂလန် လိဂ်မှ ကလပ် တွေဟာ ဥရောပ မှာ အောင်မြင် တဲ့ အသင်း တွေ အဖြစ် ရပ်တည် နေကြ တာပါ ။ အဲ့ဒီ က ကစားဟန် ဟာ အီတလီ ၊ စပိန် တို့နဲ့ ခြားနား လှ ပါတယ် ။ ကျွန်တော် အဲ့ဒီ လိဂ် တွေနဲ့ ပတ်သက်လို့ အတွေ့ အကြုံ ကောင်းတွေ ရှိ ပါတယ် ” လို့ ဆန်းချက် က ပြောကြား သွားခဲ့ ပါတယ် ။

ဆန်းချက် ဟာ အီတလီ မြေကို ပြောင်းရွှေ့ လာတဲ့ နောက် အင်တာ မီလန် အသင်း မှာ ယခင် တုန်းက အသင်း ဖော် ကစား သမား ဟောင်းတွေ ဖြစ်ခဲ့ ဖူး ကြတဲ့ အဆာမို ၊ ဟန်ဒန်နိုဗစ် ၊ ရိုမီလူ လူကာကူ တို့နဲ့ အတူ တစ်သင်း ထဲမှာ ပြန်လည် ပူးပေါင်း ကစား ရပါ တော့မယ် ။

” အဆာမို ဟာ စိတ်ထား ကောင်းမွန် တဲ့သူ တစ်ယောက် ပါ ။ သူဟာ စကား တွေ အများကြီး ပြောလေ့ တော့ မရှိ ပါဘူး ။ ကျွန်တော် သူ့ကို လိုင်းပေါ် စကား ပြောရင်းနဲ့ ခင်မင် ခဲ့တာ ပါ ။ သူဟာ လူကောင်း တစ်ဦး ပါ ။ သူ အခု ကောင်းမွန်စွာ အလုပ်တွေ လုပ်ပြ နေနိုင် တဲ့ အတွက် ကျေနပ် မိ ပါတယ် ”

” ဟန်ဒန်နိုဗစ် ကတော့ ခေါင်းဆောင် တစ်ဦး ပါပဲ ။ သူဟာ ပွဲစဉ် တစ်ခု မစတင်မီ မှာ အမှား စကား တွေကို ဦးဆောင် ပြောလေ့ ရှိတက် ပါတယ် ။ သူဟာ အနောက် ကနေ အားလုံး ကို လိုက်တွန်း ( ညွှန်ကြား ) လေ့ ရှိတက် ပါတယ် ။ ဒါဟာ အသင်း အဖွဲ့ အတွက် တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ”

” ကျွန်တော် ဟာ မန်ချက်စတာ မှာ ကတည်းက လူကာကူ နဲ့ ခင်မင် ရင်းနှီး ခဲ့တာ ပါ ။ ကျွန်တော် တို့ စကား တွေ အများကြီး ပြောလေ့ ရှိကြ သလို လမ်းလျှောက် အတူ ထွက်ရင်း ညစာ လည်း အတူ စားလေ့ လည်း ရှိတက် ကြ ပါတယ် ။ ဒါဟာ ကောင်းမွန် လှ ပါတယ် ”

” ကျွန်တော် ကန်ဒရီဗာ ကိုလည်း သိ ပါတယ် ။ ကျွန်တော် တို့ အူဒီနီးစ် အသင်း မှာ အချိန် အနည်းငယ် အတူ ကစား ခဲ့ ဖူးကြ တယ်လေ ။ ကျွန်တော် ကတော့ ဒီမှာ အလုပ် ကောင်မွန်စွာ လုပ်ဆောင် ရင်း ဆု ဖလား အောင်မြင် မှုတွေ ရယူ နိုင်ဖို့ အလိုရှိ နေပါတယ် ”

” ကျွန်တော် တို့ ဒီ အတွက် တိုက်ပွဲ တွေ ဝင်ကြ ရ ပါ့မယ် ။ အဓိက အရေး အကြီးဆုံး က အသင်း လိုက် စိတ်ဓါတ် ရှိ နေဖို့ ပါပဲ ။ အကယ်လို့ ကျွန်တော် တို့ အားလုံး စုစည်း ညီညာ နေမယ် ဆိုရင် ဆုဖလား တွေကို ရယူ ဆွတ်ခူး နိုင်ကြ မှာပါ ” လို့ ဆန်းချက် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar