အာဆင္နယ္ အသင္းဟာ လိုက္လီအသင္း ရဲ႕ ေတာင္ပံကစားသမား နီကိုလက္စ္ပီီပီကို ကလပ္စံခ်ိန္တင္ေျကး ေပါင္ ၇၂သန္းနဲ႔ ေႏြရာသီ ေစ်းကြက္အတြင္း ေခၚယူထားခဲ႔တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အသက္ ၂၄ ႏွစ္အရြယ္ ဒီအိုက္ဗရီကို႔စ္ သားဟာ ေျခစြမ္းျပဖို႔ ရုန္းကန္ေနခဲ႔ရျပီး သြင္းဂိုးတဂိုးေတာင္သြင္းယူေပးထားႏိုင္ျခင္းမရွိတာျဖစ္ပါတယ္။

TalkSPORT ရဲ႕ ေဘာလံုးေဝဖန္သံုးသပ္သူ တဦးျဖစ္တဲ႔ ဒါဟမ္ကေတာ့ ပီပီလို ကစားသမားကို ေခၚယူခဲ႔တာဟာ အမ္မရီအတြက္ ျကီးမားတဲ႔ စြန္းစားမွဳ တခုုဖစ္တယ္လို႕ ဆိုပါတယ္။ပီပီဟာျပီးခဲ႔တဲ႔ ရာသီ လိုင္လီ အသင္းမွာ ေျခစြမ္းျပဂိုးေတြ သြင္းယူထားႏိုင္ခဲ႔တာေျကာင့္လည္း အာဆင္နယ္အသင္းပရိသတ္ေတြက အမ်ားျကီး ေမ်ွာ္လင့္ခဲ႔ျကတာျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားကေတာ့ ကလက္စံခ်ိန္တင္ေျကးနဲ႔ထိုက္တန္တဲ႔ ေျခစြမ္းမ်ိဳးကို အခုထိျပသထားႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ပီပီဟာ တနဂၤေႏြေန႔ မွာ ကစားခဲ႔တဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ပြဲခ်ိန္ျပည့္ ပါဝင္သြားခဲ႔ျပီးသူ႔ေျကာင့္ တိုက္စစ္မွာ ေဘာလံုးအပ်က္မ်ားေနခဲ႔လို႔ အာဆင္နယ္အသင္းနစ္နာခဲ႕ရတာျဖစ္ပါတယ္။

talkSPORT ရဲ႕ ေဘာလံုးေဝဖန္သူဒါဟမ္ကေတာ့ – ” အာဆင္နယ္ အသင္းအတြက္ ပီပီ ရဲ႕ သက္ေရာက္မွဳ မရွိတဲ႔ ေျခစြမ္းေတြ နဲ႔ ပတ္သက္ျပီး က်ြန္ေတာ္ အံ့အားသင့္မိပါတယ္။သူဟာေဘာလံုးကစားဖို႕ ေျခေထာက္ဖက္ပဲသန္တာေျကာင့္ လည္း ဒီလို ကစားသမားမ်ိဳးကို ေငြေျကးအမ်ားျကီးေပးေခ်ေခၚယူတာဟာ စြန္႔စားရာက်လြန္းပါတယ္။

 

သူဒီရာသီ မွာ အံ့ျသစရာေျခစြမ္းမ်ိဳးျပသႏိုင္မယ့္ ပြဲေတြ အမ်ားျကီးရွိလာမယ္လို႕ ေတာ့ က်ြန္ေတာ္မထင္ပါဘူး။သူဟာ ပြဲအခ်ိဳ႔ ေလာက္မွာပဲ စပယ္ရွယ္ အရာေတြလုပ္ျပျပီး စပယ္ရွယ္အခိုက္အတန္႔ေတြ ပိုင္ဆိုင္ႏိုင္လိိိမ့္မယ္လို႔ယူဆပါတယ္။

ဒါေပမယ့္ ကုိယ္က အေျပာင္းအလဲ လုပ္ေဆာင္ေပးႏိုင္မယ့္ကစားသမားျဖစ္လို႔ ပြဲေတြမွာ အတိုင္းအတာတခုအထိ သက္ေရာက္ႏိုင္ေစဖို႔ လိုပါတယ္။တရာသီမွာရမွတ္ ၁၂-၁၅ မွတ္ျကားရွာေပးႏိုင္မွလည္းအာဆင္နယ္အသင္းကိုခ်န္ပီယံဆုစိန္ေခၚေစႏိုင္မွာျဖစ္ပါတယ္။သူတို႔ကလည္းပီပီထံကေနအမ်ားျကီးေမ်ွာ္လင့္ေနျကတယ္လို႕ က်ြန္ေတာ္ထင္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အမ္မီရီကေတာ့ ပီပီဟာ အာဆင္နယ္ အသင္းနဲ႔ ရာသီျကို ကာလေတြ မျဖတ္သန္းထားခဲ႔ရတာေျကာင့္ အံဝင္ဖို႔ ရုန္းကန္ေနခဲ႔ရတာလို႕ အေျကာင္းျပပါတယ္။ဒါေပမယ့္ အခုေတာ့ ပိုေကာင္းလာေနျပီ လို႔ လည္းသူက သံုးသပ္ေနပါတယ္။

 

အင္တာဗ်ဴး တခုမွာ အမ္မရီက – ” အေရးအျကီးဆံုးကေတာ့ ဒီကိုေရာက္လာသူတိုင္းကို သက္ေတာင့္သက္သာျဖစ္ေအာင္ မိသားစုဝင္ေတြလို အကူအညီေပးဖို႔ျဖစ္ပါတယ္။အခုေတာ့ သူဟာ က်ြန္ေတာ္တို႕ နဲ႕ အတူရွိေနတာ ၃ပတ္ ေလာက္ရွိေနပါျပီ။

သူဟာရာသီျကို မွာ အသင္းနဲ႕ မျဖတ္သန္းထားခဲ႔ရဘူးဆိုေပမယ့္ ဒီမွာသူ႔ရဲ႕ တိုးတက္မွုက ပိုေကာင္းလာေနပါျပီ။ဥပမာအေနနဲ႔ေျပာရရင္သူဟာနယူးကာဆယ္ပထမဆံုးပြဲမွာ ၁၅မိနစ္ေလာက္ပဲ ကစားခဲ႔ေပမယ့္ ဘန္ေလနဲဲ႔ပြဲမွာ ၄၅မိနစ္ေလာက္ ကစားခဲ႔ပါတယ္။

သူ႔ရဲ႔ တဦးခ်င္း ေျခစြမ္းေတြကလည္းပိုျပီးေကာင္းလာေနျပီလို႕က်ြန္ေတာ္ထင္ပါတယ္” လို႔လီဗာပူးနဲ႔ ပြဲစဥ္မတိုင္မီမွာေျပာထားခဲ႔ဖူးတာျဖစ္ပါတယ္။ပီပီဟာ လာမယ့္ ေသာျကာေန႔မွာကစားမယ့္ ဘီနင္ နဲ႔ ပြဲစဥ္မွာ အိုက္ဗရီကို႔စ္ အသင္းနဲ႔ ပါဝင္လာဖို ႔ရွိေနပါတယ္။

SM

Unicode

ပီပီလိုကစားသမားတဦးကိုကလပ်စံချိန်တင်ကြေးနဲ့ခေါ်ယူခဲ့တာဘာကြောင့် စွန့်စားရာကျတယ်ဆိုတာရှင်းပြလိုက်တဲ့#ဒါဟမ်
==========================================

အာဆင်နယ် အသင်းဟာ လိုက်လီအသင်း ရဲ့ တောင်ပံကစားသမား နီကိုလက်စ်ပီီပီကို ကလပ်စံချိန်တင်ကြေး ပေါင် ရ၂သန်းနဲ့ နွေရာသီ စျေးကွက်အတွင်း ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၄ နှစ်အရွယ် ဒီအိုက်ဗရီကို့စ် သားဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပြီး သွင်းဂိုးတဂိုးတောင်သွင်းယူပေးထားနိုင်ခြင်းမရှိတာဖြစ်ပါတယ်။

TalkSPORT ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ တဦးဖြစ်တဲ့ ဒါဟမ်ကတော့ ပီပီလို ကစားသမားကို ခေါ်ယူခဲ့တာဟာ အမ်မရီအတွက် ကြီးမားတဲ့ စွန်းစားမှု တခုုဖစ်တယ်လို့ ဆိုပါတယ်။ပီပီဟာပြီးခဲ့တဲ့ ရာသီ လိုင်လီ အသင်းမှာ ခြေစွမ်းပြဂိုးတွေ သွင်းယူထားနိုင်ခဲ့တာကြောင့်လည်း အာဆင်နယ်အသင်းပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားကတော့ ကလက်စံချိန်တင်ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို အခုထိပြသထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ပီပီဟာ တနင်္ဂနွေနေ့ မှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်သွားခဲ့ပြီးသူ့ကြောင့် တိုက်စစ်မှာ ဘောလုံးအပျက်များနေခဲ့လို့ အာဆင်နယ်အသင်းနစ်နာခဲ့ရတာဖြစ်ပါတယ်။

talkSPORT ရဲ့ ဘောလုံးဝေဖန်သူဒါဟမ်ကတော့ – ” အာဆင်နယ် အသင်းအတွက် ပီပီ ရဲ့ သက်ရောက်မှု မရှိတဲ့ ခြေစွမ်းတွေ နဲ့ ပတ်သက်ပြီး ကျွန်တော် အံ့အားသင့်မိပါတယ်။သူဟာဘောလုံးကစားဖို့ ခြေထောက်ဖက်ပဲသန်တာကြောင့် လည်း ဒီလို ကစားသမားမျိုးကို ငွေကြေးအများကြီးပေးချေခေါ်ယူတာဟာ စွန့်စားရာကျလွန်းပါတယ်။

သူဒီရာသီ မှာ အံ့သြစရာခြေစွမ်းမျိုးပြသနိုင်မယ့် ပွဲတွေ အများကြီးရှိလာမယ်လို့ တော့ ကျွန်တော်မထင်ပါဘူး။သူဟာ ပွဲအချို့ လောက်မှာပဲ စပယ်ရှယ် အရာတွေလုပ်ပြပြီး စပယ်ရှယ်အခိုက်အတန့်တွေ ပိုင်ဆိုင်နိုင်လိိိမ့်မယ်လို့ယူဆပါတယ်။

ဒါပေမယ့် ကိုယ်က အပြောင်းအလဲ လုပ်ဆောင်ပေးနိုင်မယ့်ကစားသမားဖြစ်လို့ ပွဲတွေမှာ အတိုင်းအတာတခုအထိ သက်ရောက်နိုင်စေဖို့ လိုပါတယ်။တရာသီမှာရမှတ် ၁၂-၁၅ မှတ်ကြားရှာပေးနိုင်မှလည်းအာဆင်နယ်အသင်းကိုချန်ပီယံဆုစိန်ခေါ်စေနိုင်မှာဖြစ်ပါတယ်။သူတို့ကလည်းပီပီထံကနေအများကြီးမျှော်လင့်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အမ်မီရီကတော့ ပီပီဟာ အာဆင်နယ် အသင်းနဲ့ ရာသီကြို ကာလတွေ မဖြတ်သန်းထားခဲ့ရတာကြောင့် အံဝင်ဖို့ ရုန်းကန်နေခဲ့ရတာလို့ အကြောင်းပြပါတယ်။ဒါပေမယ့် အခုတော့ ပိုကောင်းလာနေပြီ လို့ လည်းသူက သုံးသပ်နေပါတယ်။

အင်တာဗျူး တခုမှာ အမ်မရီက – ” အရေးအကြီးဆုံးကတော့ ဒီကိုရောက်လာသူတိုင်းကို သက်တောင့်သက်သာဖြစ်အောင် မိသားစုဝင်တွေလို အကူအညီပေးဖို့ဖြစ်ပါတယ်။အခုတော့ သူဟာ ကျွန်တော်တို့ နဲ့ အတူရှိနေတာ ၃ပတ် လောက်ရှိနေပါပြီ။

သူဟာရာသီကြို မှာ အသင်းနဲ့ မဖြတ်သန်းထားခဲ့ရဘူးဆိုပေမယ့် ဒီမှာသူ့ရဲ့ တိုးတက်မှုက ပိုကောင်းလာနေပါပြီ။ဥပမာအနေနဲ့ပြောရရင်သူဟာနယူးကာဆယ်ပထမဆုံးပွဲမှာ ၁၅မိနစ်လောက်ပဲ ကစားခဲ့ပေမယ့် ဘန်လေနဲဲ့ပွဲမှာ ၄၅မိနစ်လောက် ကစားခဲ့ပါတယ်။

သူ့ရဲ့ တဦးချင်း ခြေစွမ်းတွေကလည်းပိုပြီးကောင်းလာနေပြီလို့ကျွန်တော်ထင်ပါတယ်” လို့လီဗာပူးနဲ့ ပွဲစဉ်မတိုင်မီမှာပြောထားခဲ့ဖူးတာဖြစ်ပါတယ်။ပီပီဟာ လာမယ့် သောကြာနေ့မှာကစားမယ့် ဘီနင် နဲ့ ပွဲစဉ်မှာ အိုက်ဗရီကို့စ် အသင်းနဲ့ ပါဝင်လာဖို ့ရှိနေပါတယ်။

SM