Declan rice

ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွ ပစ္မွတ္ ထားေန ခဲ့တဲ့ ဝက္စ္ဟမ္း အသင္း ရဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ျဖစ္သူ ဒီကလန္ ရိုက္စ္ က သူဟာ သရဲနီ တုိ့ အတြက္ ကိုယ္စား ျပဳ ကစား ေပးနိုင္ ဖုိ႔ လံုေလာက္ တဲ့ အရည္အေသြး ေကာင္းေတြ ရွိတယ္ လို႔ ယံုၾကည္ ထားေၾကာင္း ဝန္ခံ စကား ေျပာၾကား သြားခဲ့ ပါတယ္ ။

ယူနုိက္တက္ အသင္း ဟာ ဖယ္လိုင္နီ နဲ့ ဟာရဲရား တုိ႔ ထြက္ခြာ သြားခဲ့ ၾကတဲ့ ေနာက္ အသင္း ရဲ့ ကြင္းလယ္ ခံစစ္ ပိုင္းကို အင္အား ျဖည့္တင္း ဖုိ႔ လိုအပ္ ခဲ့ၾက တဲ့ အတြက္ ဝက္စ္ဟမ္ အသင္း မွ အဂၤလန္ ၾကယ္ပြင့္ ရိုက္စ္ ကို အထူး ပစ္မွတ္ အျဖစ္ ထားခဲ့ ၾက ပါတယ္ ။

ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ဝက္စ္ဟမ္ အသင္း နဲ့ ရိုက္စ္ တုိ့ အၾကား စာခ်ဳပ္ သစ္ တုိးျမွင့္ ခ်ဳပ္ဆုိေရး အတြက္ ၾကန့္ၾကာမွဳ ေတြ ျဖစ္ ေနခဲ့ ေသးတာ ေၾကာင့္ သူရဲ့ အနာဂတ္ နဲ့ ပတ္သက္ လို့ ေကာလဟာလ သတင္း ေတြ မ်ားစြာ ထြက္ေပၚ ခဲ့ပါ ေသးတယ္ ။ ဒါေပမယ့္ သူဟာ ျပီးခဲ့တဲ့ ဒီဇင္ဘာ က အသင္း နဲ့ 5 ႏွစ္ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ ထားနုိင္ ခဲ့ ပါတယ္ ။

ဒါေပမယ့္ ကစားသမား ရဲ့ အနာဂတ္ ကေတာ့ အခု အခ်ိန္ ထိ မတည္မျငိမ္ ျဖစ္ေနဆဲ ပါပဲ ။ အခုေတာ့ ကစားသမား ကိုယ္တုိင္ သင့္ေတာ္ တဲ့ အခ်ိန္ ကာလ မဟုတ္ ေသးတဲ့ အတြက္ သူက အသင္း ေျပာင္းဖုိ႔ မေတြး ခဲ့တဲ့ အေၾကာင္း ၊ သူဆီ မွာ ယူနုိက္တက္ မွာ ကစား ေပးဖုိ႔ လံုေလာက္တဲ့ အရည္အေသြး ရွိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ့္ စကား ကို တလြဲ ေတာ့ မေတြး ပါနဲ့ ။ က်ြန္ေတာ္ ဟာ အဲ့ဒီ လို ကလပ္ အတြက္ ကစား ေပးဖုိ႔ အရည္အေသြး ေတြကို ပိုင္ဆုိင္ ထားတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ ဒါေပမယ့္ အေရး အၾကီးဆံုး က ခ်ိန္သားကိုက္ လုပ္ေဆာင္ နုိင္ဖုိ႔ ပါပဲ ။ လက္ရွိ အခ်ိန္ က က်ြန္ေတာ့္ အတြက္ သင့္ေတာ္ တဲ့ အခ်ိန္ မဟုတ္ ေသးဘူး လို့ ထင္ပါတယ္ ။ က်ြန္ေတာ္ ေလ့လာ သင္ယူ စရာ ေတြ အမ်ားၾကီး က်န္ေန ေသးတယ္ ေလ ”

” က်ြန္ေတာ္ အခု ဝက္စ္ဟမ္း မွာ ကစား ေနရ တာကို ျမတ္နုိး ေန ပါတယ္ ။ က်ြန္ေတာ္ နဲ့ ပရိသတ္ ေတြ ၾကားက ဆက္သြယ္ မွဳ ကလည္း စပါယ္ရွယ္ ပဲေလ ။ က်ြန္ေတာ္ အခု ပရိသတ္ အခ်စ္ေတာ္ ကစားသမား တစ္ဦး ျဖစ္ေန သလို မန္ေနဂ်ာ ကလည္း က်ြန္ေတာ့္ ကို ႏွစ္သက္ ပါတယ္ ။ ဒါဟာ လက္ရွိ က်ြန္ေတာ္ ေဘာလံုး ကစား ဖုိ့ အေကာင္းဆံုး ေနရာ တစ္ခု ပါပဲ ” လို့ ရိုက္စ္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရိုက္စ္ ရဲ့ ေျပာစကား ေတြက သူဟာ အနာဂတ္ မွာ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ ကစား လိုတဲ့ အဓိပၸါယ္ မ်ိဳး သက္ေရာက္ ေနခဲ့ ေပမယ့္ အဂၤလန္ သားေလး က သူဟာ လန္ဒန္ အေျခစိုက္ ကလပ္ မွာ ေရရွည္ ကစား ေပးနိုင္ ဖုိ႔ အတြက္ ရည္မွန္း ေနတဲ့ အေၾကာင္း ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” က်ြန္ေတာ္ ဟာ အသင္း မွာ ႏွစ္ အနည္းငယ္ ဆက္ေန ဖုိ့ အတြက္ စာခ်ဳပ္ သက္တမ္း တုိးျမွင့္ ထားခဲ့ ပါတယ္ ။ က်ြန္ေတာ္ ခု အခ်ိန္ နဲ့ အနာဂတ္ မွာ ပြဲေတြ ဆက္လက္ ကစား ရဖုိ့ အေၾကာင္း ကိုပဲ ေတြးေတာ ေန ပါတယ္ ။ ဘာေတြ ေရွ့ဆက္ ျဖစ္လာ မလဲ ဆုိတာ ကိုေတာ့ က်ြန္ေတာ္ တုိ့ ေစာင့္ၾကည့္ ၾက ရတာ ေပါ့ ”

” အနာဂတ္ မွာ ဝက္စ္ဟမ္း အသင္း ရဲ့ ဂႏၶဝင္ ကစားသမား တစ္ဦး လို့ အေခၚ ခံရ မယ္ ဆုိရင္ ေတာ့ အဲ့တာ က တစ္ကယ့္ ကို ဂုဏ္ယူ စရာ ကိစၥ ရပ္ တစ္ခု ျဖစ္လာ မွာ အေသအခ်ာ ပါပဲ ” လို့ ရိုက္စ္ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက်ဆီ ပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ ဝန်ခံစကား ပြောကြားသွားတဲ့ ဝက်စ်ဟမ်း စတား #ရိုက်စ်

===================

ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ပစ်မှတ် ထားနေ ခဲ့တဲ့ ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ် က သူဟာ သရဲနီ တို့ အတွက် ကိုယ်စား ပြု ကစား ပေးနိုင် ဖို့ လုံလောက် တဲ့ အရည်အသွေး ကောင်းတွေ ရှိတယ် လို့ ယုံကြည် ထားကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ဖယ်လိုင်နီ နဲ့ ဟာရဲရား တို့ ထွက်ခွာ သွားခဲ့ ကြတဲ့ နောက် အသင်း ရဲ့ ကွင်းလယ် ခံစစ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ လိုအပ် ခဲ့ကြ တဲ့ အတွက် ဝက်စ်ဟမ် အသင်း မှ အင်္ဂလန် ကြယ်ပွင့် ရိုက်စ် ကို အထူး ပစ်မှတ် အဖြစ် ထားခဲ့ ကြ ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဝက်စ်ဟမ် အသင်း နဲ့ ရိုက်စ် တို့ အကြား စာချုပ် သစ် တိုးမြှင့် ချုပ်ဆိုရေး အတွက် ကြန့်ကြာမှု တွေ ဖြစ် နေခဲ့ သေးတာ ကြောင့် သူရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ ကောလဟာလ သတင်း တွေ များစွာ ထွက်ပေါ် ခဲ့ပါ သေးတယ် ။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ က အသင်း နဲ့ 5 နှစ် စာချုပ် သက်တမ်း တိုးမြှင့် ထားနိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် ကစားသမား ရဲ့ အနာဂတ် ကတော့ အခု အချိန် ထိ မတည်မငြိမ် ဖြစ်နေဆဲ ပါပဲ ။ အခုတော့ ကစားသမား ကိုယ်တိုင် သင့်တော် တဲ့ အချိန် ကာလ မဟုတ် သေးတဲ့ အတွက် သူက အသင်း ပြောင်းဖို့ မတွေး ခဲ့တဲ့ အကြောင်း ၊ သူဆီ မှာ ယူနိုက်တက် မှာ ကစား ပေးဖို့ လုံလောက်တဲ့ အရည်အသွေး ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော့် စကား ကို တလွဲ တော့ မတွေး ပါနဲ့ ။ ကျွန်တော် ဟာ အဲ့ဒီ လို ကလပ် အတွက် ကစား ပေးဖို့ အရည်အသွေး တွေကို ပိုင်ဆိုင် ထားတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါပေမယ့် အရေး အကြီးဆုံး က ချိန်သားကိုက် လုပ်ဆောင် နိုင်ဖို့ ပါပဲ ။ လက်ရှိ အချိန် က ကျွန်တော့် အတွက် သင့်တော် တဲ့ အချိန် မဟုတ် သေးဘူး လို့ ထင်ပါတယ် ။ ကျွန်တော် လေ့လာ သင်ယူ စရာ တွေ အများကြီး ကျန်နေ သေးတယ် လေ ”

” ကျွန်တော် အခု ဝက်စ်ဟမ်း မှာ ကစား နေရ တာကို မြတ်နိုး နေ ပါတယ် ။ ကျွန်တော် နဲ့ ပရိသတ် တွေ ကြားက ဆက်သွယ် မှု ကလည်း စပါယ်ရှယ် ပဲလေ ။ ကျွန်တော် အခု ပရိသတ် အချစ်တော် ကစားသမား တစ်ဦး ဖြစ်နေ သလို မန်နေဂျာ ကလည်း ကျွန်တော့် ကို နှစ်သက် ပါတယ် ။ ဒါဟာ လက်ရှိ ကျွန်တော် ဘောလုံး ကစား ဖို့ အကောင်းဆုံး နေရာ တစ်ခု ပါပဲ ” လို့ ရိုက်စ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရိုက်စ် ရဲ့ ပြောစကား တွေက သူဟာ အနာဂတ် မှာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ကစား လိုတဲ့ အဓိပ္ပါယ် မျိုး သက်ရောက် နေခဲ့ ပေမယ့် အင်္ဂလန် သားလေး က သူဟာ လန်ဒန် အခြေစိုက် ကလပ် မှာ ရေရှည် ကစား ပေးနိုင် ဖို့ အတွက် ရည်မှန်း နေတဲ့ အကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ဟာ အသင်း မှာ နှစ် အနည်းငယ် ဆက်နေ ဖို့ အတွက် စာချုပ် သက်တမ်း တိုးမြှင့် ထားခဲ့ ပါတယ် ။ ကျွန်တော် ခု အချိန် နဲ့ အနာဂတ် မှာ ပွဲတွေ ဆက်လက် ကစား ရဖို့ အကြောင်း ကိုပဲ တွေးတော နေ ပါတယ် ။ ဘာတွေ ရှေ့ဆက် ဖြစ်လာ မလဲ ဆိုတာ ကိုတော့ ကျွန်တော် တို့ စောင့်ကြည့် ကြ ရတာ ပေါ့ ”

” အနာဂတ် မှာ ဝက်စ်ဟမ်း အသင်း ရဲ့ ဂန္ဓဝင် ကစားသမား တစ်ဦး လို့ အခေါ် ခံရ မယ် ဆိုရင် တော့ အဲ့တာ က တစ်ကယ့် ကို ဂုဏ်ယူ စရာ ကိစ္စ ရပ် တစ်ခု ဖြစ်လာ မှာ အသေအချာ ပါပဲ ” လို့ ရိုက်စ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar