Erikson

ေႏြရာသီ ေစ်းကြက္ အတြင္း သတင္းေတြ အေတာ္ေလးထြက္ခဲ႔ျပီး အေျပာင္းအေရႊ႕ျဖစ္မလာခဲ႔တဲ႔ နာမည္ျကီးကစားသမားေတြထဲ မွာ စပါးအသင္းကြင္းလယ္လူ အဲရစ္ဆင္လည္း ပါဝင္ေနတာျဖစ္ကါတယ္။ဒီ ဒိန္းမတ္သားကို ေခၚယူႏိုင္ဖို႕ ရီးရဲလ္ အသင္းကေတာက္ေလ်ွာက္ ခ်ိတ္ဆက္ခဲ႔ေပမယ့္ အထမေျမာက္ခဲ႔ေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ အဲရစ္ဆင္ ဟာ စပါး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးထားႏိုင္ျခင္း မရွိေသးသလိုသက္တမ္း ေနာက္ဆံုး ၁၂ လ အတြင္း ေရာက္ရွိေနတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း လာမယ့္ ဇန္နဝါရီ လ၁ရက္ ေန႔ ကေနစတင္ျပီး ဥေရာပ အသင္းေတြဆီကို အလြတ္ေျပာင္းေရႊ႔ႏိုင္မယ့္ အျကို သေဘာတူညီမွဳ မ်ိဳးကို ရယူႏိုင္ေတာ့ မွာ လည္းျဖစ္ပါတယ္။

ေႏြရာသီ ေစ်းကြက္ ဖြင့္ခ်ိန္ အတြင္း အသင္းမေျပာင္း ခဲ႔ရတဲ႔ အေပၚ အဲရစ္ဆင္က ဒိန္းမတ္ ပံုႏွိပ္မီဒီယာတခုျဖစ္တဲ႔ Ekstra Bladet နဲ႔ အင္တာဗ်ဴးမွာ –
” က်ြန္ေတာ္ဟာ ဆံုးျဖတ္ခ်က္ကို ေဘာလံုး မန္ေနဂ်ာ ဂိမ္းထဲ ကအတိုင္းပဲခ်လိုက္ႏိုင္ခ်င္ခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္ ကံမေကာင္းစြာနဲ႕ ပဲ က်ြန္ေတာ္ မလုပ္ေဆာင္ႏိုင္ခဲ႔ပါဘူး ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အဲရစ္ဆင္ ဟာ မျကာေသးမီက စိန္ေခၚမွဳ အသစ္ ေတြကို ရွာေဖြသြားခ်င္တယ္ လို႕ အတိအလင္းထုတ္ေျပာလိုက္ျပီး အသင္းေျပာင္းခ်င္တဲ႔ အေျကာင္း အရိပ္အျမြက္ ဆိုထားခဲ႔ေသးတာျဖစ္ပါတယ္။အနာဂတ္ကို ဒီလို ထုတ္ေျပာမိတာဟာ အမွားလား ေမးျမန္းရာမွာေတာ့ အဲရစ္ဆင္က –

” အဲ႔ဒီလို ေျပာဆိုထားခဲ႔တာဟာ မွားျပီးေျပာတာမဟုတ္ပါဘူး။ဒါဟာ ေဘာလံုးေလာကျဖစ္ျပီး ဘာေတြ ျဖစ္သြားမယ္ဆိုတာ ဘယ္သူမွ မသိပါဘူး။ေဘာလံုးကစားေနတဲ႔ ဆီကို ေရာက္လာႏိုင္တဲ႔ အရာေတြ အမ်ားျကီး ရွိပါတယ္။

က်ြန္ေတာ့္ အတြက္ေတာ့ ေခါင္းထဲက အရာေတြ ရွင္းထုတ္ဖို႔က လြယ္ပါတယ္။မီဒီယာေတြက ေရးသားေနတဲ႕ အေျကာင္းအရာေတြကို က်ြန္ေတာ္ သိပ္ျပီး မ်ားမ်ားစားစားမဖတ္တတ္ပါဘူး။ေဘာလံုး ေလာကထဲ က်ြန္ေတာ္ပါဝင္ပတ္သက္ေနတာ အခုဆို ႏွစ္ေတြျကာေနျပီျဖစ္ျပီး ႏွစ္တိုင္းမွာလည္း ေကာလာဟလေတြက အျမဲရွိထားခဲ႔ပါတယ္။ဒါေပမယ့္ အခုႏွစ္မွာ က်ြန္ေတာ္က စာခ်ဳပ္သက္တမ္းကုန္ဆံုးခါနီးေန လို႔ေကာလာဟလေတြက ပိုျပီးျပင္းထန္ေနတာျဖစ္ပါတယ္။

က်ြန္ေတာ္ဘယ္ေနရာမွာ ေဘာလံုးဆက္ကစားခ်င္တယ္ဆိုတာ လူေတြအမ်ားစုက သိခ်င္ေနျကတယ္ဆိုတာ နားလည္ပါတယ္။ျဖစ္လည္းျဖစ္သင့္ပါတယ္။ထိပ္တန္း ကလပ္အသင္းတသင္းမွာ ေျခစြမ္းေကာင္းျပသႏိုင္ခဲ႔တဲ႔ကစားသမားတဦးအတြက္ ေကာလာဟလေတြကေတာ့ အျမဲရွိလာႏိုင္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

စပါး အသင္းဟာ ေစ်းေလ်ွာ့ျပီး ေရာင္းခ်လို႔ ရခဲ႔ေပမယ့္ ဆက္ထိန္းထားတာဟာပိုေကာင္းတဲ႔ ေရြးခ်ယ္မွဳလို႔ယူဆခဲ႔ပံုပါပဲ။အဆိုပါ ဆံုးျဖတ္ခ်က္အေပၚ ယူႏိုက္တက္ ဂႏၲဝင္နဗီးလ္က ေထာက္ခံစကားဆိုသြားခဲ႔ပါတယ္။

Sky sports ရဲ႕ အစီအစဥ္ တခုမွာနဗီးလ္က – ” ဂါရတ္ ေဘးလ္ ရဲ႕ အေတြ႔အျကံု ေျကာင့္ ကစားသမားတဦးကို ေနာက္တႏွစ္ ဆက္ထိန္းထားတာဟာ ေပါင္ သန္း ၂၀ထက္ပိုျပီးတန္တယ္ဆိုတာကိုစပါးအသင္းဥကၠဌျကီးလီဗိုင္း အေနနဲ႔ နားလည္သြားျပီ လို႔ က်ြန္ေတာ္ယူဆပါတယ္။

ဒီေန႔ ေခတ္မွာ အသင္းေတြကဒါ ကိုသေဘာေပါက္ဖို႔ အသိျကြယ္ဝေနျကျပီး တႏွစ္ဆက္ထိန္းႏိုင္တာဟာ သူမရွိေတာ့မယ့္ အခ်ိန္ေတြ အတြက္ အစီအစဥ္ လ်မွတ္ဖို႕ ေနာက္တႏွစ္အခ်ိန္ ပိုရေစပါတယ္။ထရစ္ပီယာ၊ ေဝၚကာတို႔တုန္းကလည္း ဒီလိုပဲ လုပ္ခဲ႔တာ ျဖစ္ပါတယ္။ေဒဗီဆင္ဆန္းခ်က္နဲ႔ အယ္ဒါဝီရယ္တို႔နဲ႔ ျပန္ျပီးအစားထိုးႏိုင္ခဲ႔ပါတယ္။

စပါး အသင္းဟာ ဒီလို ကိစၥေတြ မွာ ဥာဏ္ေကာင္းတဲ႕ အသင္းျဖစ္ျပီး အေျပာင္းအလဲေတြ ကို လြယ္လြယ္ လုပ္လိမ့္အယ္လို႕ေတာ့ က်ြန္ေတာ္မထင္ပါဘူး။ဒါေျကာင့္ လည္း အဲရစ္ဆင္အေနနဲ႔ ဒီမွာပဲ ဆက္ရွိေနျပီး ေဘာလံုးကစားေနဦး မွာျဖစ္ပါတယ္ “လို႔ေျပာခဲ႕ပါတယ္။

နဗီးလ္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ေပါမာလဆန္က ေတာ့ ဒီကိစၥနဲ႔ ပတ္သက္ျပီး – ” က်ြန္ေတာ္စိုးရိမ္တာကေတာ့ စပါးအသင္းဟာ စာခ်ဳပ္သက္တမ္းကုန္ျပီးထြက္သြားတဲ႔ သူေတြေနရာမွာ ဘယ္လို အစားထိုးမွာလဲဆိုတာပဲျဖစ္ပါတယ္။အခုခ်ိန္မွာ အဲရစ္ဆင္က ရွိေနေပမယ့္သူ႔ေအးဂ်င့္ကေတာ့ ဇန္နဝါရီအေျပာင္းအေရႊ႕အတြက္ ျပင္ဆင္ေနျပီျဖစ္ပါတယ္။

သူဟာ ေနာက္ထပ္ ရမ္ေဆး တေယာက္ျဖစ္လာပါိလမ့္မယ္။အဲရစ္ဆင္အေနနဲ႔ ‘ က်ြန္ေတာ္ဒီအသင္းကိုခ်စ္ပါတယ္ဗ်ာ ‘ လို႔ေျပာတာကို ခင္ဗ်ားတို႔ျကားရႏိုင္ေပမယ့္ သူဟာ စပါးအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမွာေတာ့ မဟုတ္ပါဘူး ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR

Unicode

အသင်​းမ​ပြောင်​း​ရွှေ့ဖြစ်​လိုက်​ရမှုအ​ပေါ် စိတ်​ပျက်​ စကားဆိုခဲ့တဲ့ အဲရစ်​ဆင်​
===================================

နွေရာသီ စျေးကွက် အတွင်း သတင်းတွေ အတော်လေးထွက်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မလာခဲ့တဲ့ နာမည်ကြီးကစားသမားတွေထဲ မှာ စပါးအသင်း
ကွင်းလယ်လူ အဲရစ်ဆင်လည်း ပါဝင်နေတာဖြစ်ကါတယ်။ဒီ ဒိန်းမတ်သားကို ခေါ်ယူနိုင်ဖို့ ရီးရဲလ် အသင်းကတောက်လျှောက် ချိတ်ဆက်ခဲ့ပေမယ့် အထမမြောက်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အဲရစ်ဆင် ဟာ စပါး အသင်းနဲ့ စာချုပ်သက်တမ်း တိုးထားနိုင်ခြင်း မရှိသေးသလိုသက်တမ်း နောက်ဆုံး ၁၂ လ အတွင်း ရောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် လည်း လာမယ့် ဇန်နဝါရီ လ၁ရက် နေ့ ကနေစတင်ပြီး ဥရောပ အသင်းတွေဆီကို အလွတ်ပြောင်းရွှေ့နိုင်မယ့် အကြို သဘောတူညီမှု မျိုးကို ရယူနိုင်တော့ မှာ လည်းဖြစ်ပါတယ်။

နွေရာသီ စျေးကွက် ဖွင့်ချိန် အတွင်း အသင်းမပြောင်း ခဲ့ရတဲ့ အပေါ် အဲရစ်ဆင်က ဒိန်းမတ် ပုံနှိပ်မီဒီယာတခုဖြစ်တဲ့ Ekstra Bladet နဲ့ အင်တာဗျူးမှာ –
” ကျွန်တော်ဟာ ဆုံးဖြတ်ချက်ကို ဘောလုံး မန်နေဂျာ ဂိမ်းထဲ ကအတိုင်းပဲချလိုက်နိုင်ချင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ ပဲ ကျွန်တော် မလုပ်ဆောင်နိုင်ခဲ့ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင် ဟာ မကြာသေးမီက စိန်ခေါ်မှု အသစ် တွေကို ရှာဖွေသွားချင်တယ် လို့ အတိအလင်းထုတ်ပြောလိုက်ပြီး အသင်းပြောင်းချင်တဲ့ အကြောင်း အရိပ်အမြွက် ဆိုထားခဲ့သေးတာဖြစ်ပါတယ်။အနာဂတ်ကို ဒီလို ထုတ်ပြောမိတာဟာ အမှားလား မေးမြန်းရာမှာတော့ အဲရစ်ဆင်က –

” အဲ့ဒီလို ပြောဆိုထားခဲ့တာဟာ မှားပြီးပြောတာမဟုတ်ပါဘူး။ဒါဟာ ဘောလုံးလောကဖြစ်ပြီး ဘာတွေ ဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ဘောလုံးကစားနေတဲ့ ဆီကို ရောက်လာနိုင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။

ကျွန်တော့် အတွက်တော့ ခေါင်းထဲက အရာတွေ ရှင်းထုတ်ဖို့က လွယ်ပါတယ်။မီဒီယာတွေက ရေးသားနေတဲ့ အကြောင်းအရာတွေကို ကျွန်တော် သိပ်ပြီး များများစားစားမဖတ်တတ်ပါဘူး။
ဘောလုံး လောကထဲ ကျွန်တော်ပါဝင်ပတ်သက်နေတာ အခုဆို နှစ်တွေကြာနေပြီဖြစ်ပြီး နှစ်တိုင်းမှာလည်း ကောလာဟလတွေက အမြဲရှိထားခဲ့ပါတယ်။ဒါပေမယ့် အခုနှစ်မှာ ကျွန်တော်က စာချုပ်သက်တမ်းကုန်ဆုံးခါနီးနေ လို့ကောလာဟလတွေက ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။

ကျွန်တော်ဘယ်နေရာမှာ ဘောလုံးဆက်ကစားချင်တယ်ဆိုတာ လူတွေအများစုက သိချင်နေကြတယ်ဆိုတာ နားလည်ပါတယ်။ဖြစ်လည်းဖြစ်သင့်ပါတယ်။ထိပ်တန်း ကလပ်အသင်းတသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ကစားသမားတဦးအတွက် ကောလာဟလတွေကတော့ အမြဲရှိလာနိုင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

စပါး အသင်းဟာ စျေးလျှော့ပြီး ရောင်းချလို့ ရခဲ့ပေမယ့် ဆက်ထိန်းထားတာဟာပိုကောင်းတဲ့ ရွေးချယ်မှုလို့ယူဆခဲ့ပုံပါပဲ။အဆိုပါ ဆုံးဖြတ်ချက်အပေါ် ယူနိုက်တက် ဂန္တဝင်နဗီးလ်က ထောက်ခံစကားဆိုသွားခဲ့ပါတယ်။

Sky sports ရဲ့ အစီအစဉ် တခုမှာနဗီးလ်က – ” ဂါရတ် ဘေးလ် ရဲ့ အတွေ့အကြုံ ကြောင့် ကစားသမားတဦးကို နောက်တနှစ် ဆက်ထိန်းထားတာဟာ ပေါင် သန်း ၂၀ထက်ပိုပြီးတန်တယ်ဆိုတာကိုစပါးအသင်းဥက္ကဌကြီးလီဗိုင်း အနေနဲ့ နားလည်သွားပြီ လို့ ကျွန်တော်ယူဆပါတယ်။

ဒီနေ့ ခေတ်မှာ အသင်းတွေကဒါ ကိုသဘောပေါက်ဖို့ အသိကြွယ်ဝနေကြပြီး တနှစ်ဆက်ထိန်းနိုင်တာဟာ သူမရှိတော့မယ့် အချိန်တွေ အတွက် အစီအစဉ် လျမှတ်ဖို့ နောက်တနှစ်အချိန် ပိုရစေပါတယ်။ထရစ်ပီယာ၊ ဝေါ်ကာတို့တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ဒေဗီဆင်ဆန်းချက်နဲ့ အယ်ဒါဝီရယ်တို့နဲ့ ပြန်ပြီးအစားထိုးနိုင်ခဲ့ပါတယ်။

စပါး အသင်းဟာ ဒီလို ကိစ္စတွေ မှာ ဉာဏ်ကောင်းတဲ့ အသင်းဖြစ်ပြီး အပြောင်းအလဲတွေ ကို လွယ်လွယ် လုပ်လိမ့်အယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ဒါကြောင့် လည်း အဲရစ်ဆင်အနေနဲ့ ဒီမှာပဲ ဆက်ရှိနေပြီး ဘောလုံးကစားနေဦး မှာဖြစ်ပါတယ် “လို့ပြောခဲ့ပါတယ်။

နဗီးလ်ရဲ့ လုပ်ဖော်ကိုင်ဖက် ပေါမာလဆန်က တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး – ” ကျွန်တော်စိုးရိမ်တာကတော့ စပါးအသင်းဟာ စာချုပ်သက်တမ်းကုန်ပြီးထွက်သွားတဲ့ သူတွေနေရာမှာ ဘယ်လို အစားထိုးမှာလဲဆိုတာပဲဖြစ်ပါတယ်။အခုချိန်မှာ အဲရစ်ဆင်က ရှိနေပေမယ့်သူ့အေးဂျင့်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

သူဟာ နောက်ထပ် ရမ်ဆေး တယောက်ဖြစ်လာပါိလမ့်မယ်။အဲရစ်ဆင်အနေနဲ့ ‘ ကျွန်တော်ဒီအသင်းကိုချစ်ပါတယ်ဗျာ ‘ လို့ပြောတာကို ခင်ဗျားတို့ကြားရနိုင်ပေမယ့် သူဟာ စပါးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားမှာတော့ မဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR