ဒီနေ့ နံနက် မန်ချက်စတာ ယူနိုက်တက် တို့ PSG အသင်း နဲ့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် အတွင်း ခြေစွမ်း ကောင်း ပြသ ဖို့ ရုန်းကန် ခဲ့ ရတဲ့ အသင်း ဟောင်း ရဲ့ နောက်ခံ လူ အဲရစ် ဘေလီ ရဲ့ စွမ်းဆောင် ရည် အပေါ် သရဲနီ တို့ရဲ့ ဂန္ဓဝင် နောက်ခံလူ ရီယို ဖာဒီနန် က အပြစ် တင် ဝေဖန် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ်မှာ အိုဗရီကို့စ် လက်ရွေးစင် ဟာ အသင်း ရဲ့ ညာဖက် ခံစစ် ကြောင်း တစ်လျောက် တာဝန်ယူ ကစား ခဲ့ ရပြီး ပြိုင်ဖက် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အိန်ဂျယ် ဒီမားရီးယား ကို ထိန်းချုပ် ခဲ့ရာ မှာ လိုအပ် ချက်တွေ ရှိနေ ခဲ့ပြီး စိတ်ပျက် ဖွယ် ကောင်းတဲ့ ခြေစွမ်း ကိုသာ ပြသ နိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ပြိုင်ဖက် အသင်းကို ခြေပ ဂိုး ပေးခဲ့ ရာမှာ လည်း သူ့ ရဲ့ အမှား မကင်း ခဲ့ရ ပါဘူး ။ ဒါ့အပြင် ပွဲစဉ် အတွင်း အနာတရ ပါ ဖြစ်ခဲ့ တဲ့ အတွက် အသင်း ဖော် ဒီယိုဂို ဒါးလော့ နဲ့ ပွဲချိန် 36 မိနစ် မှာ လူစား လဲခံ ခဲ့ရ ပါတယ် ။ ဖာဒီနန် က တော့ ပထမ ပိုင်း ဟာ နောက်ခံ လူ အတွက် စိတ်ပျက် ဖွယ် ဖြစ်ခဲ့ တယ်လို့ ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” PSG တို့ ခြေပ ဂိုး သွင်းယူ ခဲ့တဲ့ အချိန် တုန်းက သူ ( ဘိုင်လီ ) ရဲ့ ခန္ဓာကိုယ် လှုပ်ရှား မှု ဟာ တစ်ကယ့် ကို စိတ်ပျက် ဖွယ် ဖြစ်ခဲ့ ရ ပါတယ် ။ သူဟာ ခံစစ် ကစားသမား တစ်ဦး နဲ့ တောင် မတူ ခဲ့ ပါဘူး ”

” သူဟာ ခံစစ် ကစားသမား တွေ ထဲက ကွင်းလယ် လူ တစ်ဦး လို ဖြစ်နေ ခဲ့ ပါတယ် ။ တစ်ကယ် တော့ သူ အဲ့ဒီ နေရာ မှာ ရှိ မနေ ခဲ့ သင့်ဘူး လေ ။ သူနဲ့ အက်ရှ်လေ ယန်း ဟာ ညာဖက် အခြမ်း မှာ လုံလောက် စွာ ကောင်းမွန် ခြင်း မရှိ ခဲ့ကြ ပါဘူး ”

” ပွဲစဉ် မှာ သူကို့ အဲ့ဒီ နေရာ ထည့်သွင်း ကစား ခဲ့တာ ကိုက သိပ်ပြီး အဆင် မပြေ ခဲ့ ပါဘူး ။ ယူနိုက်တက် ဟာ ညာဖက် အ ခြမ်း ကနေ ထိုးဖောက် မှု တွေ အကြိမ်ကြိမ် ခံခဲ့ ရ ပါတယ် ။ သူ ဒီ နေရာ မှာ အလုပ် မဖြစ်ခဲ့ ပါဘူး ။ သူ ဒဏ်ရာ ရရှိ သွားပြီး ပွဲစဉ် မှ ထွက်ခွာ ခဲ့ ရတာ ကိုက ကောင်းတယ် လို့ ဆိုရ မလို ဖြစ်နေ ခဲ့ ပါတယ် ” လို့ ဖာဒီနန် က ပြင်းပြင်းထန်ထန် ဝေဖန် လိုက်ခဲ့ ပါတယ် ။

ဖာဒီနန် ရဲ့ အဆိုပါ ဝေဖန် မှု တွေ ကို BT Sport ရဲ့ သတင်း သုံးသပ် သူတွေ ဖြစ် ကြတဲ့ အိုဝင် ဟားဂရေ့ဗ် နဲ့ မိုက်ကယ် အိုဝင် တို့ ကလည်း ကိုယ်စီ ထောက်ခံ သွားခဲ့ ကြ ပါတယ် ။ ယူနိုက်တက် နဲ့ လီဗာပူး တိုက်စစ် ကစားသမား ဟောင်း ဖြစ်တဲ့ မိုက်ကယ် အိုဝင် က …

” ယူနိုက်တက် ဟာ ခံစစ် ကစားသမား 3 ဦး ထဲနဲ့ ကစား ခဲ့ရ သလို ပါပဲ ။ ဘာဖြစ် လိုလဲ ဆိုတော့ ဘိုင်လီ ဟာ ပွဲစဉ် ထဲ ပါဝင် ပတ်သက် မှု သိပ် မရှိ ခဲ့ဘူး လေ ” လို့ ဝေဖန် သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

ဟားဂရေ့ဗ် က တော့ လူကာကူ ဟာ အစောပိုင်း အခွင့် အရေး ရရှိ ခဲ့တဲ့ အချိန် ပဲရစ် သား တွေရဲ့ ပြန်လည် တုန့်ပြန် မှု ကို ချီးကျူး သွားခဲ့ ပေမဲ့ ဘိုင်လီ ရဲ့ ကစား ပုံ ကို တော့ ရှုံ့ချ သွားခဲ့ လိုက် ပါတယ် ။

” 1 – 0 ဆိုတဲ့ အစောပိုင်း သွင်းဂိုး နဲ့ ရှုံးနိမ့် ခဲ့တဲ့ အချိန် ပဲရစ် သား တွေရဲ့ ပြန်လည် တုန့်ပြန် မှု ဟာ တစ်ကယ့် ကို ကောင်းမွန် ခဲ့ ပါတယ် ။ သူတို့ ဟာ ယူနိုက်တက် ရဲ့ ကွင်း တစ်ခြမ်း ဖက် ကို ဆက်တိုက် ဆို သလို ဖိအား တွေ ပေးနိုင် ခဲ့ကြ ပါတယ် ။ ဘိုင်လီ က တော့ ခံစစ် အသင်း ဖော်တွေ နဲ့ ပူးပေါင်း ကစား ဖို့ ရုန်းကန် ခဲ့ရ တယ် ။ သူရဲ့ ကစား ပုံ မှာ လိုအပ်ချက် တွေ ရှိခဲ့ ပါတယ် ”

” အဆိုးရွား ဆုံး အရာ က သူ့ အနေ နဲ့ အဲ့ဒီ အချိန် နေရာ အမှန် မှာ ရှိနေ ပြီး ပြိုင်ဖက် ကို ဟန့်တား သွားခဲ့ သင့် ပါတယ် ။ ဒါပေမဲ့ သူဟာ တာဝန် ကို မလုပ်ဆောင် နိုင် ခဲ့တဲ့ ခံစစ် ကစား သမား တစ်ဦး ဖြစ်ခဲ့ ရတယ် ” လို့ ဟားဂရေ့ဗ် က အပြစ်တင် စကား ပြောကြား သွားခဲ့ ပါတယ် ။

Sports_Myanmar