ပီးခဲ့တဲ့ တနင်္ဂနွေ နေ့ ပွဲမှာ အာဆင်နယ် တို့ စပါး ကို ၂ ဂိုးပြတ် အရေးနိမ့် ရာကနေ သရေ ရလဒ် ထွက်ပေါ် လာအောင် ပြန်လည် တုန့်ပြန် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပထမ ပိုင်းမှာ ကျူးလွန် ခဲ့တဲ့ အမှားတွေ က ခွင့်လွှတ် လို့ မရနိုင် ခဲ့ ပါဘူး ။ အဲရစ်ဆင် ရဲ့ ပထမဂိုး မှာ လီနို ရဲ့ အားနည်းချက် တွေ ပါဝင် ခဲ့သလို ပင်နယ်တီ ပေးရမှု မှာတော့ ဂရန်းနစ် ချာကာ ရဲ့ ပြီးပြည့်စုံသော မိုက်မဲမှု ဟာ နံပါတ် ၁ ဖြစ်ခဲ့ ပါတယ် ။

ရာသီတွေ အလီလီ ပြောင်းခဲ့ ပေမယ့် အာဆင်နယ် အသင်းရဲ့ ခံစစ် ပြဿနာ ကတော့ မဖြေရှင်းနိုင် သေးတဲ့ ပုဒ်စာ တစ်ခု အဖြစ် ဆက်လက် ရှိနေခဲ့ ပါတယ် ။ တစ်ချိန် တုန်းက တစ်ရာသီလုံး ကို ရှုံးပွဲ မရှိ ဗိုလ်စွဲ ခဲ့တဲ့ ခံစစ် ၊ ချန်ပီယံ လိဂ် ဖိုင်နယ် ကို ဂိုးလုံးဝ မပေးရဘဲ တက်လှမ်း နိုင်ခဲ့တဲ့ ခံစစ်ကြောင်းမျိုး ကို အာဆင်နယ် တို့ ပိုင်ဆိုင် ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် အခုအချိန် မှာတော့ ဒါတွေ ဟာ မှုန်ဝါးနေတဲ့ အတိတ် အရိပ် တွေ သာ ဖြစ်ခဲ့ ရပါပြီ ။

“ချာကာ ရဲ့ လုပ်ရပ် က တကယ်ကို ရူးသွပ် မိုက်မဲ တဲ့ လုပ်ရပ် ၊ အတွေ့ အကြုံလုံးဝ မရှိတဲ့ သူ တစ်ယောက် ရဲ့ လုပ်ရပ် လိုပါပဲ ။ အပတ် တိုင်း ပွဲတွေ ကစား နေပေမယ့် ဒီလို ဖြစ်ရပ် တွေ ကို သင်ယူနိုင် စွမ်းမရှိ သေး ပါဘူး” လို့ ချာကာ အပေါ် ဂယ်ရီ နဗီးလ်က ဝေဖန် ခဲ့ ပါတယ် ။

ဒါအမှန် ပါပဲ ။ နောက်ပြီးတော့ အာဆင်နယ် အသင်းမှာ မဖြစ်သင့်တဲ့ အမှားတွေကို ကျူးလွန် နေတာ ဂရန်းနစ် ချာကာ တစ်ယောက် တည်း မဟုတ်ခဲ့ ပါဘူး ။ ဂိုး သမား လီနို က အစ နောက်တန်း ၄ ယောက် စလုံး ဟာ ပြိုင်ဘက် အသင်း ကို ဂိုးရရှိ စေတဲ့ အမှား တွေ ကို မနည်း မနော ကျုးလွန် ခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ရာသီ အကုန် မှာ ကောက်ယူ ရရှိ ခဲ့တဲ့ စစ်တမ်း တွေ အရ အာဆင်နယ် အသင်းရဲ့ ဂိုး သမား လီနို ဟာ အမှားကြောင့် ဂိုးပေး ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဂိုး သမား ၂၀ ထဲ မှာ နံပါတ် ၁ အဖြစ် ရပ်တည် ခဲ့ ပါတယ် ။ လီနို ရဲ့ အမှား ကြောင့် အာဆင်နယ်တို့ ဂိုးပေး ခဲ့ရတာ ၆ ကြိမ် အထိ ရှိခဲ့ပြီး အနည်းဆုံး ဂိုး သမားက ၃ ကြိမ် ဖြစ် ခဲ့ ပါတယ် ။

လီနို ဟာ ပီတာဆက်ခ်ျ မရှိတော့ ချိန်မှာ နံပါတ် ၁ ဂိုး သမား ဖြစ်လာ ခဲ့ ပေမယ့် ချန်ပီယံ အသင်း တစ်သင်း ရဲ့ ဂိုး သမား အဆင့်မျိုးမှာ ရှိ မနေ ခဲ့ ပါဘူး ။ လီနို ဟာ တစ်ခါ တစ်ရံ မှာ အံ့အား သင့်လောက် စရာ ကာကွယ်မှု တွေ ပြုလုပ် နိုင်ပေမယ့် ဆုဖလားတွေကို စိန်ခေါ်ဖို့ ဆိုရင် တော့ ဒီထက် ပိုကောင်းတဲ့ အရည်အသွေးတွေ ကို လိုအပ် နေဦးမှာ သေချာ ပါတယ် ။

အသင်း ရဲ့ ခံစစ်ကြောင်း က အမှား ကျုးလွန်မိ မှု မှာလည်း အာဆင်နယ် က ပဲ ထိပ်ဆုံး မှာ ရှိနေ ခဲ့ ပါတယ် ။ ပြိုင်ဘက် ထိပ်သီး အသင်းတွေ က အမှားလုပ်မိမှု ၁၀ ကြိမ် အောက် ကို ရောက် နေချိန် မှာ အာဆင်နယ် ကတော့ ၁၃ ကြိမ် နဲ့ အသင်း ၂၀ အနက် ထိပ်ဆုံး ကနေ ဦးဆောင် နေခဲ့ ပါတယ် ။

လီဗာပူး အသင်း ကို အရေးနိမ့် ခဲ့တဲ့ ပွဲမှာ လည်း အာဆင်နယ် ဟာ ပထမပိုင်း မှာ လီဗာပူး ကို ယှဉ်ကစား နိုင် ခဲ့ ပေမယ့် ဒုတိယပိုင်း မှာတော့ ဒေးဗစ် လူးဝစ် ရဲ့ အမှား တွေ ကနေ ဂိုးတွေ ပေးခဲ့ ရပြီး အရေးနိမ့် ခဲ့ရ ပါတယ် ။ တစ်ချိန် က တိုနီ အဒမ် ၊ ဆိုးကင့်ဘဲ ၊ တိုရေး ၊ မာတင်ကီယွန် တို့လို မာကျောတဲ့ ခံစစ် သမားတွေ ကို အာဆင်နယ် ပရိသတ်တွေ ပြန်လည် တမ်းတနေမယ် ဆိုတာ မေးခွန်း ထုတ်စရာ လိုမှာ မဟုတ်ပါဘူး ။

လက်ရှိ အာဆင်နယ် ရဲ့ ခံစစ် မှာ ကိုလာဆီနက် ၊ ဆော့ကရစ်တီး ၊ ဒေးဗစ် လူးဝစ် ၊ မူစတာဖီ ၊ ဘယ်လာ၇င် တို့ သာ အတွေ့ အကြုံရင့် တဲ့ ခံစစ် သမားတွေ ဖြစ်ပြီး ကျန်တဲ့သူတွေ က လူငယ် ကစား သမား အဆင့် မှာသာ ရှိနေပါတယ် ။ ဒါ့အပြင် နောက်တန်းတွေထဲမှာ ဒဏ်ရာ မကြာခဏ ရတတ်သူတွေ လည်းပါနေတာ ကြောင့် ကာလရှည် ယှဉ်ပြိုင် ရမယ့် ဘောလုံး ရာသီ ကို ဘယ်လို ဖြတ်ကျော် မလဲ ဆိုတာ ရင်မော စရာ ကောင်းလှ ပါတယ် ။

အာဆင်နယ် ဟာ နိုင်ငံ ပွဲစဉ်တွေ အပြီး မှာ ၀က်ဖိုဒ့် ၊ ဗီလာ ၊ မန်ချက်စတာ ယူနိုက်တက် တို့ နဲ့ ယှဉ်ပြိုင် ရမှာ ပါ ။ ၄ ပွဲ ကစားအပြီး မှာ အာဆင်နယ် တို့ ၆ ဂိုးပေး ထားရ ပါတယ် ။ မနှစ် က တစ်ရာသီလုံး ကို ၅၁ ဂိုး ပေးထား ခဲ့ တာပါ ။ ဒီနှစ် ရော ဘယ်လောက် ဂိုးတွေ ပေးဦးမှာလဲ . . .

SPORTS MYANMAR