မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ရက် သတ္တပါတ် တုန်းက ဆောက်သမ်တန် အသင်း နဲ့ အဝေးကွင်း ကစား ခဲ့ပြီး သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ နောက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ သုံးပွဲ ဆက် အမှတ်တွေ လျော့နည်း ခဲ့ ပါတယ် ။

အခုတော့ အဆိုပါ သရေ ရလဒ် ဟာ ယူနိုက်တက် အသင်း မှ စီနီယာ ကစားသမား တွေ အမှားများ ခဲ့တဲ့ အတွက် ကြောင့် ထွက်ပေါ် လာခဲ့ တာ ဖြစ်ကြောင်း ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ အစောပိုင်း ဦးဆောင် ဂိုး သွင်းယူ နိုင်ခဲ့ ပေမယ့် ဒုတိယပိုင်း မှာ ခြေပ ဂိုး ပြန်လည် ပေးခဲ့ လိုက်ရ ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် အသင်း မှ တစ်ယောက် ထုတ်ခံ ရပြီး ကစား သမား 10 ယောက်ပဲ ရှိ တော့တဲ့ အချိန် မှာတောင် ယူနိုက်တက် တို့ အခွင့်အရေး အရ မယူ နိုင်ခဲ့ ကြ ပါဘူး ။

အဆိုပါ ပွဲစဉ် မှာတော့ ဆိုးလ်ရှား က လူငယ် ကစားသမား လေးတွေ ဖြစ်ကြ တဲ့ ဒန်နီယယ် ဂျိမ်းစ် ၊ အန်းဒရိစ် ပါရဲရား နဲ့ တော်မီနေး တို့ကို ထည့်သွင်း အသုံးပြု ခဲ့ပြီး လူငယ် တွေ အပေါ် ယုံကြည် မှု ရှိကြောင်း ဆက်လက် ပြသ သွားခဲ့ ပါတယ် ။

ဒါပေမယ့် ပေါလ် စခိုးလ် က လူငယ် ကစားသမား တွေရဲ့ ခြေစွမ်း အပေါ် ထွေထွေ ထူးထူး မပြော ခဲ့ပဲ ခြေစွမ်း ကောင်း မပြ နိုင်ခဲ့ ကြတဲ့ စီနီယာ ကစားသမား သုံးဦး ဖြစ်ကြ တဲ့ မာတစ် ၊ အက်ရှ်လေ ယန်း နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ကို ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် စိတ်ပျက် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် စိတ်ပျက် ခဲ့တာ က လူငယ် ကစားသမား လေးတွေ အပေါ် မဟုတ် ခဲ့ရ ပါဘူး ။ အတွေ့ အကြုံ ရင့်တဲ့ စီနီယာ ကစားသမား တွေ အပေါ် ပိုပြီး စိတ်ပျက် ခဲ့ရ တာပါ ”

” မာတစ် ဝင်ရောက် လာတဲ့ အချိန် က စတင် ပြီး ဘောလုံး ကို အဝေး ဆီပဲ ပေးပို့ နေခဲ့ ပါတယ် ။ အက်ရှ်လေ ယန်းလည်း အတူတူ ပါပဲ ။ ပေါ့ဂ်ဘာ ကတော့ ဘယ်နှစ်ကြိမ် တောင် ဘောလုံး ဆုံးရှုံး ခဲ့ သလဲ ၊ ဘယ်လောက် ဘောလုံး အပေး မှာခဲ့ လဲ ဆိုတာ တောင် ကျွန်တော် မမှတ်မိတော့ ပါဘူး ”

” သူတို့ တွေဟာ လူငယ် ကစားသမား တွေ အတုယူ ဖို့ စောင့်ကြည့် နေကြ တဲ့ ကစားသမား တွေပါ ။ သူတို့ တွေဟာ လူငယ် တွေ အတွက် စံ နမူနာ ဖြစ်နေ ကြရ ပါ့မယ် ” လို့ ပေါလ် စခိုးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ ကစား ခဲ့တဲ့ ပွဲစဉ် 4 ပွဲ အတွင်း ချဲလ်ဆီး နဲ့ ပွဲစဉ် မှာသာ ရမှတ် အပြည့် စုဆောင်း နိုင်တဲ့ မှတ်တမ်း ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ယူနိုက်တက် တို့ အခုထိ 5 မှတ်သာ စုဆောင်း နိုင်ခဲ့ ခြင်းက 1992 – 93 ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး ရဘဒ် တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

ယူနိုက်တက် ဟာ ဒီနွေ မှာ ကစားသမား သုံးဦး ခေါ်ယူ ထားခဲ့ပြီး သုံးယောက် လုံး ခြေစွမ်း ပြနိုင် ပြီး အသုံးတည့် ခဲ့ ကြပါတယ် ။ ဒါပေမယ့် စခိုးလ် က အသင်း ဟောင်း အနေ နဲ့ ဆုဖလား တွေ တစ်ဖန် ပြန်လည် ဆွတ်ခူး နိုင်ဖို့ အချိန် တွေ ပေးရ ဦးမှာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒီ အနေအထား အရ ဆိုရင် ကျွန်တော် တို့ ယူနိုက်တက် ပြန်ပြီး အောင်မြင် လာဖို့ 2 နှစ်လောက် အချိန် ထပ်ပေး ကြရ ပါ လိမ့်မယ် ။ အိုလီ လိုချင် တဲ့ ကစားသမား တွေ မရမချင်း ယူနိုက်တက် ဟာ အပြောင်း အရွှေ့ ကာလ လေး ၊ ငါးခု လောက် ဒီ အတိုင်း ပဲ ဆက်လက် ဖြတ်သန်း ရပါ ဦးမယ် ”

” အဲ့ဒီ မတိုင်ခင် အထိတော့ ယူနိုက်တက် ဟာ မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် တို့ အနောက် မှာပဲ ဆက်လက် ရှိနေ ရပါ လိမ့် ဦးမယ် ။ ဒါဟာ ကျွန်တော် တို့ အနေ နဲ့ စိတ်ရှည် ရမယ့် ၊ စီနီယာ ကစားသမား တွေ အနေ နဲ့ ပိုမို တိုးတက် ကောင်းမွန် ရမယ့် အချိန် တစ်ခု ပါပဲ ”

” အတွေ့ အကြုံ ရင့်တဲ့ စီနီယာ ကစားသမား တွေဟာ အမှား တွေကို တစ်ကြိမ် ပြီး တစ်ကြိမ် ကျူးလွန် နေခဲ့ ကြတာ ကို ကျွန်တော် တို့ အဆက်မပြတ် မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ ဒါဟာ အသင်း ဆီ ရောက်ရှိ လာတဲ့ လူငယ် ကစားသမား တွေ လေ့လာ သင်ယူ ဖို့ ခက်ခဲ စေနိုင် ပါတယ် ” လို့ ပေါလ် စခိုးလ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar