ဂန်းနားတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က တောတ့င်ဟမ် အသင်း နဲ့ ပွဲမှာ အမှားတွေ အများကြီး ပြုလုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် ရှာကာ ရဲ့ နေရာမှာ လူငယ် ကြယ်ပွင့် ကွင်းလယ်လူ ဂျိုးဝီးလော့ နဲ့ ဂွမ်ဒူဇီ တို့ကို ပွဲထွက် အသုံးပြုဖို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ဂိုးဧရိယာအတွင်း မလိုအပ်ဘဲ ဆွန်ဟောင်မင် ကို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ ရသလို ကွင်းလယ်မှာလည်း အမှားများခဲ့ပါတယ်။ Opta ရဲ့ အချက် အလက်မှတ်တမ်းတွေ အရ ၂၀၁၆-၁၇ ရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာဂိုးပေးရတဲ့ အမှား အများဆုံး ကျူးလွန်ထားခဲ့တဲ့ ကစားသမား ( ဂိုးသမားမပါ ) အဖြစ် ရှာကာက ရပ်တည်နေတာဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ မှာ သူ့ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ဂိုးကြောင့်လည်း ၃နှစ်တာကာလအတွင်း မှာ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုရတဲ့ ပေးဂိုး၇ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အခြား ကစားသမား အားလုံးထက် အနည်းဆုံး
၂ ကြိမ် အထိ ပိုပြီး အမှားတွေကျူးလွန် ထားခဲ့တဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် အသင်း ပရိသတ်တွေဟာ ရှာကာ ရဲ့ အမှားတွေ အပေါ် သည်းမခံ နိုင်တော့ဘဲ အသင်းခေါင်းဆောင် လက်ပတ်ကော၊ပုံမှန် ပွဲထွက်ခွင့်နဲ့ကော မထိုက်တန်ကြောင်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အီယန်ရိုက်က Radio 5 အစီအစဉ်မှာ ” ရှာကာ လို ကစားသမားက အသင်းကို ဦးဆောင်ဖို့ နေနေသာသာ သူ့ကစားပုံကို သေချာ အာရုံစိုက် ကစားရမယ့်သူပါ။အသင်း ခေါင်းဆောင် တစ်ယောက်က တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရမှာပါ ။ ”

” ကျွန်တော် ကွင်းထဲမှာ ရှိနေချိန် တိုနီအဒမ် က ဒီလို အမှားတွေ ကျူးလွန်နေမယ်ဆိုရင် မင်းဘာတွေလုပ်နေတာလဲကွာ သတိပေးရမှာပါ ။ ရှာကာ က စပါး အသင်းနဲ့ ပွဲမှာ ပြစ်ဒဏ်ဘော​တွေ အများကြီး ကျူးလွန် ခဲ့ပါတယ်၊သူ့ကို အလွယ်တကူ ထုတ်ပစ်လိုက်လို့ ရပါတယ်။”

” ပင်နယ်တီ ဧရိယာထဲမှာဆို ဂွမ်ဒူဇီကတောင် ရှာထက် အန္တရယ် ရှိတဲ့ ဘောလုံးကို အမှား မရှိအောင် ဖျက်ထုတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ရှာကာ ကတော့ အသင်းအတွက် အန္တရယ် ရှိမရှိကို သေချာ မစဉ်းစားပါဘူး။ ”

 

Pundit Ian Wright before the match.

” အခု ဆိုရင် ဝီးလော့ က သူ့နေရာကို ခြိမ်းခြောက် နေပြီ ဖြစ်သလို ဂွမ်ဒူဇီ ဆိုရင် သူ့ကို သေချာပေါက် ပွဲထွက်ခွင့် ပျောက်ဆုံးအောင် အစွမ်းပြ နေပါတယ်။” လို့ ဝေဖန် သွားခဲ့ပါတယ်။ရှာကာ ဟာ တောတ့င်ဟမ် အသင်းနဲ့ ပွဲမှာ ပြစ်ဒဏ်ဘော ၇ ကြိမ် ကျူးလွန်ခဲ့ပြီး ဘောလုံးပျက်တဲ့ အကြိမ်ရေဟာလည်း ၁၁ ကြိမ်အထိ ရှိခဲ့ပါတယ်။

SPORTS MYANMAR