နောက်ခံလူ ဒီဂျန်လော့ဗရန် က သူဟာ အရန်ခုံ ထိုင်ပြီး ပိုက်ဆံ မယူချင်တဲ့သူ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွေ့ကလီဗာပူး အသင်း ကနေ ထွက်ခွာ ချင်ခဲ့ပေမယ့်လည်း ကလော့ရဲ့ ကြားဝင် စည်းရုံး သိမ်းသွင်းမှုကြောင့် ဒီမှာ ဆက်နေခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ သွားပါတယ်။

လီဗာပူး အသင်းဟာ ၂၀၁၉-၂၀ ချန်ပီယံလိဂ် လူစာရင်းကို ယူအီးအက်ဖ်အေ ထံ တင်သွား လိုက်ပြီ ဖြစ်ပါတယ်။

List A: Alisson, Elliott, Firmino, Salah, Gomez, Henderson, Keita, Lallana, Lonergan, Lovren, Mane, Matip, Milner, Origi, Oxlade-Chamberlain, Robertson, Adrian, Shaqiri, Fabinho, Van den Berg, Van Dijk, Wijnaldum.

List B: Alexander-Arnold, Brewster, Jones, Kane, Kelleher, Larouci, Lewis.

ဖာဘင်ညို က “ဒါဟာ ကျွန်တော့် အတွက် လီဗာပူး အသင်းမှာ လုံးဝကို အထိုင်ကျပြီး ကောင်းမွန် နေတဲ့ ကာလလို့ ထင်ပါတယ။် ကျွန်တော် အခု အရမ်း ပျော်နေပါတယ်။ ဒီထက်ပိုမို တိုးတက်ပြီး အသားကျ သွားဖို့ မျှော်လင့် ပါတယ်။ ကျွန်တော် အခု ဒီကလပ် ဒီမြို့ ကျွန်တော့် အသင်းဖော်တွေ ၊ အထူး သဖြင့် ကျွန်တော့်ရဲ့ တစ်နိုင်ငံတည်းသား တွေနဲ့အတူ ဒီမှာ အရမ်းကို သက်တောင့်သက်သာ ဖြစ်နေတယ်လို့ ခံစား မိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဒီမှာ ပျော်ရွှင် နေသလို ကွင်းထဲက ကျွန်တော့်ရဲ့ ခြေစွမ်း အတွက်လည်း ကျေနပ်နေပါတယ်။”

ချဲလ်ဆီး နဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံလူဟောင်း မဲချော့က ပြီးခဲ့တဲ့ တစ်ပတ်က ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့တဲ့ ဗာဂျယ်ဗန်ဒိုက်ဟာ အဆိုပါ ဆုပေးပွဲမှာ လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနိုရော်နယ်ဒို တို့လို ကစားသမားတွေနဲ့အတူ စင်ပေါ်မှာ ယှဉ်တွဲရပ်ဖို့ အမှန်တကယ် ထိုက်တန်တဲ့သူလို့ ဆိုလိုက်ပြီး ဖီဖာ ရဲ့ အကောင်းဆုံးဆု အတွက်ပါ ဗန်ဒိုက်ကို ထောက်ခံ သွားခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ရဲ့ အမြန်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ရဲ့ ထုတ်ပြန်ချက်အရ ဘာစီလိုနာကို ရှုံးခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗန်ဒိုက်ဟာ တစ်နာရီ ၃၄.၅ km နှုန်းနဲ့ ပြေးခဲ့တာ ဖြစ်ပြီး ဘေး၊ ဝေါ်ကာ ၊ ဆာနေး တို့ကို ကျော်ဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အန်ဒီရောဘတ်ဆန် က “မဲဝုဒ် က စံနှုန်းက မြင့်မားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ဟာ စနေနေ့မှာ တစ်ယောက်ရဲ့ အကောင်းဆုံး ခြေစွမ်းကို တစ်ယောက် ဆွဲထုတ် နိုင်တာပါ။ ဘာလို့လဲ ဆိုတော့ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ရဲ့ demand က ပိုလာတာပဲ ရှိပါတယ်။ နည်းပြတွေဟာ ကျွန်တော်တို့ကို လေ့ကျင့်ရေး ကွင်းမှာ ၁%တောင် အလျော့မခံ ပါဘူး။ ဒါ့ကြောင့်လည်း ပြိုင်ပွဲတွေမှာ ကျွန်တော်တို့ဟာ ယှဉ်ပြိုင်ဖို့ အသင့် ဖြစ်နေတာပါ။” လို့ ဖွင့်ဟ ခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ တောင်ပံ ကစားသမားဟောင်း လာဇာမာကိုဗစ်ဟာ လက်ရှိ မှာတော့ ကလပ် အသင်းသစ် အဖြစ် သူ့ရဲ့ အသင်းဟောင်း ပါတီဇန်ဘဲလ်ဂရိတ် အသင်းကို ပြောင်းရွေ့ သွားခဲ့ပါတယ်။

အက်ဒရီယန် က “ပြီးခဲ့တဲ့ နွေရာသီက ကလပ် အသင်း တစ်သင်းကသာ ကျွန်တော့်ကို ခေါ်ယူဖို့ လာခဲ့မယ် ဆိုရင် ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေ ချင်ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးအသင်း ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ် ဆိုတဲ့ ဖုန်းခေါ်ဆိုမှု ရခဲ့ပါတယ်။ ဆွေးနွေးမှုတွေ လျှင်လျှင်မြန်မြန် ဖြစ်ခဲ့ပြီး လီဗာပူးဟာ ကျွန်တော့် အတွက် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ၂ ရက်အတွင်းမှာ ကျွန်တော် ဒါကို သဘောတူ ခဲ့ပြီး ဆေးစစ်မှု လုပ်တဲ့ အခါ အောင်မြင်ချင် ခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ထိုင်းနိုင်ငံကို အထူးအလည်အပတ် ရောက်ရှိ လာခဲ့ပြီး ဘန်ကောက် နဲ့ ဖူးခက် တို့မှာ လီဗာပူးအသင်းရဲ့ ကလပ်စတိုး ၂ ခုကို ဖွင့်လှစ် ပေးခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း မာတင်ကီအွန်က ဒီရာသီ လီဗာပူးသာ ပရီးမီးယားလိဂ် ဖလား ရရှိ ခဲ့မယ် ဆိုရင် မိုဟာမက်ဆာလား ကလည်း ရွှေဖိနပ်ဆုကို ရယူ နိုင်လိမ့်မယ်လို့ ဆိုသွားပါတယ်။

လီဗာပူး အပါအ၀င် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ လေဗာကူဆင်စတား ကိုင်ဟားဗက်က “လာမည့် နွေရာသီ ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။ ကျွန်တော့်ရဲ့ အနာဂတ်ဟာ တီမိုဗက်နာလိုပဲ ဖြစ်လာမလား ဆိုတာကတော့ အတိအကျ မသိသေးပါဘူး။ ဒါပေမယ့် ဒီနှစ် မှာတော့ ကျွန်တော့်ရဲ့ အပြောင်းအရွေ့ ဖြစ်မလာ ခဲ့ပါဘူး။ ဘာကြောင့် ဖြစ်မလာ သလဲ ဆိုတော့ အကြောင်းရင်းတွေ အများကြီး ရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီမှာ ဆက်ရှိနေတာ လေဗာကူဆင်မှာ နောက်တစ်နှစ် ဆက်ကစား ရမှာကို ပျော်ပါတယ်။ လာမည့် နွေရာသီ ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။”

SM