* အာဆင်နယ် အသင်းဟာ ၂၀၁၉-၂၀၂၀ အတွက် ပရီးမီးယားလိဂ် လူစာရင်း အယောက် ၂၀ ကို ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ဂိုး – လီနို၊မာတီနက်ဇ်၊မက်မာစီ။
နောက်တန်း – မိတ်လန်နိုင်းလ်စ်၊မူစတာဖီ၊မာဗရိုပါနိုစ့်၊ကိုလာစီနက်၊ဒေးဗစ်လူးဝဇ်၊ဟိုးလ်ဒင်း၊ချိန်ဘာ၊ဘယ်လာရင်၊တီယာနေး၊ဆိုကရက်တစ်။
အလယ်တန်း- စီဘယ်လောစ့်၊အိုဇေးလ်၊တော်ရီးယား၊ရှာကာ။
ရှေ့တန်း- အူဘာမီယန်း၊လာကာဇက်၊နီကိုလပ်စ် ပီပီ။

ယူ-၂၁ အောက် ကစားသမားများ – ဂရင်းဝုဒ်၊ဂွမ်ဒူဇီ၊ဂျွန်ဂျူးစ်၊နယ်လ်ဆင်၊အန်ခီတီးယား၊ဆာကာ၊ဆာလီဘာ၊စမစ်ရို၊ဝီးလော့။

* ဂန်းနား နောက်ခံလူဟောင်း ဗာမယ်လန်း က အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေကို ခေါ်ယူ အင်အား ဖြည့်တင်းခဲ့တာကြောင့် မနှစ်ကထက် အခြေအနေ ပိုကောင်းလိမ့်မယ်လို့ ထင်ကြောင်း ပြောကြား လိုက်ပါတယ်။

* အာဆင်နယ် အသင်း ကစားသမားဟောင်း ရောဘတ်ပီရက်စ် က ဂွမ်ဒူဇီ ကို စစ်သည်တော် တစ်ဦးလို့ အမွှမ်းတင် ချီးကျူး လိုက်ပြီး ခြေစွမ်းပိုင်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တဲ့ လူငယ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ဆိုပါတယ်။

* အာဆင်နယ် အသင်း ရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်လူ နွာကာလီ ဟာ ဆီဂန်ဒါ ကလပ် ဟူရက်စ်ကာ အသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း လူငယ် ကွင်းလယ်လူ ဝီးလော့ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတာကြောင့် အင်္ဂလန် ယူ-၂၁ လူစာရင်းကနေ နှုတ်ထွက် သွားခဲ့ပါတယ်။

* ပေါလ်မာဆင် က နည်းပြ အမ်မရီ လက်ထက် အာဆင်နယ် အသင်းဟာ အာဆင်ဝင်းဂါး လက်ထက် ကထက် ပိုပြီး ထူးခြားမှု မရှိသေးကြောင်း ဝေဖန်လိုက်ပြီး အူနိုင်း ဝင်းဂါး က အသင်းကို ကိုင်တွယ်နေတာ ဖြစ်တယ်လို့ သရော် သွားခဲ့ပါတယ်။

* ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ကက်စ်ကာရီနို က ဒီရာသီမှာ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက်၊ချဲလ်ဆီး တို့ရဲ့ နောက်မှာပဲ ရပ်တည် သွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ်။ကက်စ်ကာရီနို က မန်ယူနိုက်တက်ဟာ ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပြီး ချဲလ်ဆီး အသင်းဟာလည်း အာဆင်နယ်အသင်းအထက်မှာ ရပ်တည်လိမ့်မယ်လို့ ဆိုပါတယ်။

* ဂန်းနားတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက် က တောတ့င်ဟမ် အသင်း နဲ့ ပွဲမှာ အမှားတွေ အများကြီး ပြုလုပ်ခဲ့တဲ့ အသင်းခေါင်းဆောင် ရှာကာ ရဲ့ နေရာမှာ လူငယ် ကြယ်ပွင့် ကွင်းလယ်လူ ဂျိုးဝီးလော့ နဲ့ ဂွမ်ဒူဇီ တို့ကို ပွဲထွက် အသုံးပြုဖို့ အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

* နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယား က အာဆင်နယ် အသင်းဟာ ကစားသမား အင်အား ဖြည့်တင်း ခေါ်ယူမှုတွေ ပြုလုပ် ခဲ့ပေမယ့် ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ တိုးတက် ကောင်းမွန်လာခြင်း မရှိဘဲ မနှစ်ကထက်တောင် ပိုမို ဆိုးရွားနေပြီလို့ ဝေဖန် သွားခဲ့ပါတယ်။

* ဂန်းနားတို့ရဲ့ ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က ဒီနွေရာသီ အ​ပြောင်းအရွှေ့ ကာလမှာ မန်စီးတီး ကွင်းလယ်လူ ဖေဘီယန်ဒပ်ဖ် ကို ခေါ်ယူဖို့ ငြင်းဆန် ခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီ ကို ပြစ်တင် ဝေဖန် သွားခဲ့ပါတယ်။

* မော်ရင်ဟို နဲ့ ဂျေမီရက်နပ် တို့ကတော့ ဒီရာသီမှာလည်း တော့တင်ဟမ် အသင်းဟာ အာဆင်နယ် အသင်း အထက်မှာ ဆက်လက် ရပ်တည် နိုင်လိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ သုံးရာသီဆက် တော့တင်ဟမ် အသင်းအောက်မှာသာ ရပ်တည် နိုင်ခဲ့ပါတယ်။

SPORTS MYANMAR