မန်ချက်စတာ ယူနိုက်တက် အသင်း မှ ဝါရင့် ကွင်းလယ် ခံစစ်ကစားသမား ဖြစ်သူ နီမန်ဂျာ မာတစ် က ဒီ ရာသီ မှာ ပွဲ ကစား ချိန် 22 မိနစ် သာ ပိုင်ဆိုင် ထားခဲ့ ပေမယ့် သူနဲ့ နည်းပြ ဆိုးလ်ရှား အကြား မှာ ဘယ်လို ပြသနာ မှ ရှိ မနေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 31 နှစ် ရှိပြီ ဖြစ်တဲ့ မာတစ် ဟာ ဒီ ရာသီ ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ အဖွင့် ပွဲစဉ် 3 ပွဲ လုံးမှာ ပါဝင် ကစား ခွင့် မရရှိ ခဲ့ပဲ ဆောက်သမ်တန် နဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အဝေး ကွင်း ပွဲစဉ် မှာသာ ခေတ္တ လူစားဝင် ပါဝင် ကစား ခွင့် ရရှိ ထားသူ ပဲ ဖြစ်ပါတယ် ။

ဒီ ရာသီ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ မာတစ် ကို ပွဲထွက် ကစားသမား အဖြစ် သုံးစွဲ ရေး ထက် အသင်း ရဲ့ ကွင်းလယ် ပိုင်းမှာ ပေါ့ဂ်ဘာ နဲ့ တော်မီနေး တို့ ကိုသာ ဦးစားပေး ပွဲထွက် ကစား စေခဲ့ ပါတယ် ။

ဒါ့ကြောင့် သူနဲ့ နည်းပြ ဆိုးလ်ရှား အကြား မှာ ဘယ်လို ဆက်ဆံရေး တွေ ဖြစ်ပေါ် နေပြီ လဲ ဆိုတဲ့ မေးခွန်း ကို ဆားဘီးယား သားက ပေါ်တူဂီ နဲ့ ကစား ရမယ့် ယူရို 2020 ခြေစစ်ပွဲ မတိုင်မီ အင်တာဗျူး မှာ အမေး ခံခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။

အခုတော့ မာတစ် ကတော့ သူနဲ့ နည်းပြ အကြား ဘယ်လို ပြသနာ မျိုးမှ ရှိ မနေ ကြောင်း ၊ ဒါဟာ နည်းပြ ရဲ့ ဆုံးဖြတ်ချက် တစ်ခု သာ ဖြစ်ကြောင်း ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ ကစား ခဲ့ ကြတဲ့ ပထမဆုံး ပွဲစဉ် 2 ပွဲ ၊ 3 ပွဲ လောက် မှာ နည်းပြ က ကျွန်တော် မပါဝင် တဲ့ အသင်း ကို ပွဲထွက် ကစား စေဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ် ခဲ့ ပါတယ် ။ ကျွန်တော် ကတော့ စွမ်းနိုင် သမျှ အလုပ် တွေ ကြိုးစား သွားဖို့ လုပ်ဆောင် ခဲ့ ပါတယ် ”

” ကျွန်တော် တို့ အားလုံး က နည်းပြ ရဲ့ ဆုံးဖြတ်ချက် ကို လေးစား လိုက်နာ ကြရ မယ်လေ ။ ကျွန်တော့် အနေ နဲ့ ကတော့ ကျွန်တော် ရှိသင့် တဲ့ နေရာ တစ်ခု မှာ ပါဝင် ခွင့် မရ ရှိ ခဲ့တဲ့ အတွက် နည်းပြ ရဲ့ ဆုံးဖြတ်ချက် ဟာ မှားယွင်း ခဲ့ကြောင်း သက်သေ ပြနိုင် ဖို့ ကြိုးစား မှုတွေ လုပ်ဆောင် ရမှာ ပါပဲ ”

” ကျွန်တော် တို့ အကြား မှာတော့ ဘယ်လို ပြသနာ မျိုးမှ ရှိ မနေ ပါဘူး ။ ကျွန်တော် ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက် ကို သဘော မတူ ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။ ဘာပဲ ဖြစ်ဖြစ် အသင်း တစ်သင်း ပွဲထွက် ကစား စေဖို့ နည်းပြ ကပဲ ဆုံးဖြတ် ရမှာ လေ ”

” ကျွန်တော် ဘောလုံး အား ကစား ပြိုင်ပွဲ ထဲမှာ ရှိနေ ခဲ့တာ အတော် ကြာခဲ့ ပါပြီ ။ ကျွန်တော် ဟာ လွန် ခဲ့တဲ့ 10 နှစ်တာ ကာလ အတွင်း ကစား ခဲ့တဲ့ အသင်း တွေရဲ့ ပွဲစဉ် တိုင်း အားလုံး နီးပါး မှာ ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ ပါတယ် ”

” ကျွန်တော် အတွက် ကတော့ ကစားသမား တစ်ယောက် က ပွဲထွက် ကစား ရမယ် ဆိုရင် နောက် တစ်ယောက် က အဲ့တာ ကို လက်ခံ ပြီး အရံခုံ ပေါ် ထိုင်နေ ရမှာ ပါပဲ ။ အခု ကျွန်တော် အဲ့ဒီ လို ဖြစ်နေ ရ ပါတယ် ”

” နည်းပြ ကတော့ ဆု ဖလား အတွက် တိုက်ပွဲ ဝင်နိုင် ဖို့ ရည်ရွယ် ထားတဲ့ အသင်း ကို ပွဲထွက် စေမှာ ဖြစ်ပြီး ကျန်တဲ့ သူကို အရံခုံ ပေါ်မှာ ချန်လှပ် ထားရ မှာ ပါပဲ ။ အကယ်လို့ သူသာ နိုင်ပွဲ တွေ မရ ခဲ့ရင် ၊ အရှုံး ဆိုတဲ့ ရလဒ် အတွက် သူပဲ တာဝန် ယူသွား ရ လိမ့်မယ် လေ ” လို့ မာတစ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar