Sports_Myanmar
Unicode
နိုဝင်ဘာလ လတုန်းက ဆိုးလ်ရှား ပေးခဲ့တဲ့ အကြံဉာဏ်ကြောင့် အခုလို တည်ငြိမ်တဲ့ ခြေစွမ်းကောင်း ပြသနေတဲ့ #ရပ်ရှ်ဖို့
=============
နိုဝင်ဘာ လ တုန်းက ယူနိုက်တက် တို့ ယန်းဘွိုင်း အသင်း နဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် ကစား ခဲ့တဲ့ ပွဲစဉ် အပြီး ယူနိုက်တက် ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဆိုးလ်ရှား ဟာ ရပ်ရှ်ဖို့ နဲ့ ကော်ရစ်ဒါ မှာ တွေ့ဆုံ ခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် မှာ တော့ ယူနိုက်တက် တို့ ပွဲ နိုင်အောင် ကစား နိုင်ခဲ့ ပေမဲ့ ရပ်ရှ်ဖို့ ကတော့ စိတ်ပျက် ဖွယ် ရက်စွဲ တစ်ခု ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒါပေမဲ့ ဆိုးလ်ရှား ကတော့ အဆိုပါ ပွဲစဉ် အပြီး ရပ်ရှ်ဖို့ နဲ့ တွေ့ဆုံ ခဲ့တဲ့ အချိန် ဂိုးတွေ သွင်းယူ နိုင်ဖို့ အကြံဉာဏ် တွေ ပေးခဲ့ ပါတယ် ။
” ကျွန်တော် သူ့ကို ‘ စိတ် မပူနဲ့ သားလေး ၊ စိတ် လျော့ ထားလိုက် ၊ စိတ် အေးအေး ထားဖို့ ပဲ လိုအပ် တယ် ‘ လို့ ပြောခဲ့ ပါတယ် ။ ဂိုးတွေ သွင်းယူ တာက ကျွန်တော့် အတွက် ခက်ခဲ တဲ့ အရာ မဟုတ် ခဲ့ဘူး လေ ။ ဒါ့ကြောင့် ကျွန်တော် သူ့ကို ကူညီ ပြီး လမ်းညွှန် နိုင်ခဲ့ ရင် သိပ်ကို ကောင်းမွန် လိမ့်မယ် လို့ တွေးမိ ခဲ့ ပါတယ် ”
” ဒီလို အလားအလာ ကောင်းတဲ့ ကောင်လေး နဲ့ လက်တွဲ အလုပ် လုပ်ဖို့ ဆိုတာ တစ်ကယ့် ကို ကောင်းမွန် လိမ့်မယ် လေ ။ သူဟာ ပြိုင်ဖက် ဂိုးပေါက် အရှေ့ မှာ အတော် လေး ကို တည်ငြိမ် လှ ပါတယ် ” လို့ ဆိုးလ်ရှား က သူနဲ့ ရပ်ရှ်ဖို့ တို့ တွေ့ဆုံ ခဲ့တဲ့ အကြောင်း ပြောကြား ခဲ့ ပါ သေးတယ် ။
အခု တော့ ဆိုးလ်ရှား ပြော ခဲ့တဲ့ စကား တွေ ထဲက နောက်ဆုံး မှတ်ချက် ပေး စကား ဟာ မှန်ကန် ကြောင်း ပါ့စ် ဒက်စ် ပရင့်စ် ကွင်း မှာ မြင်တွေ့ ခဲ့ရ ပါတယ် ။ ရပ်ရှ်ဖို့ ဟာ ယူနိုက်တက် အတွက် အချိန် ပို ရဲ့ နောက်ဆုံး မိနစ် မှာ အသင်း အတွက် အဆုံးအဖြတ် ဖြစ်စေ မဲ့ ပင်နယ်တီ ကို တည်ငြိမ် မှု အပြည့် နဲ့ ကန်သွင်း ခဲ့ပြီး ဂိုး အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့တာ ကြောင့် ယူနိုက်တက် တို့ နောက် တစ်ဆင့် တက်ရောက် ခဲ့ကြ ရ ပါတယ် ။
အခု တော့ ယူနိုက်တက် တိုက်စစ် မှူး လေး က တစ်ကယ့် ကို အရေး ကြီး လှတဲ့ အခိုက် အတန့် မှာ အသင်း အတွက် ပင်နယ်တီ ကို အဆင် ပြေစွာ ကန် သွင်းယူ ခဲ့ ရတဲ့ အကြောင်း အရင်း မှန် ကို ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတဟ် ။
” တစ်ကယ် တော့ ခေါင်းအေးအေး ထားဖို့ ပဲ လိုအပ် ပါတယ် ။ ကျွန်တော် အဲ့တာ ကို လေ့ကျင့်ယူ ခဲ့ ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် ပင်နယ်တီ ကန်သွင်း လိုခဲ့ ပါတယ် ” လို့ ရပ်ရှ်ဖို့ က သူဟာ ဒီလို လုပ်ဆောင် နိုင်ဖို့ အတွက် လေ့ကျင့် မှုတွေ ပြုလုပ် ခဲ့ ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဆိုးလ်ရှား ဟာ အသင်း ဟောင်း ကို စတင် ကိုင်တွယ် နည်းပြ ခဲ့တဲ့ အချိန် မှာ အသင်း ရဲ့ ပေါင် 75 သန်းတန် တိုက်စစ် မှူး လူကာကူ အစား အသင်းရဲ့ အကယ်ဒမီ ထွက် ကစားသမား လေး အပေါ် ပိုပြီး ယုံကြည် မှု ပေးခဲ့ ကာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစား စေခဲ့ ပါတယ် ။
လက်ရှိ အချိန် မှာတော့ ယူနိုက်တက် ဟာ အသင်း ရဲ့ တိုက်စစ် မှူးလေး ကို စာချုပ် သက်တမ်း တိုး နိုင်ဖို့ အတွက် လုပ်ဆောင် နေပြီး အသင်း မှာပဲ ရေရှည် ရှိနေ စေလို နေ ပါတယ် ။ ထို့ အတူ အင်္ဂလန် လက်ရွေးစင် အသင်း ဟာလည်း မျိုးဆက် သစ် ကစားသမား တွေ ဆီက အတော် လေး မျှော်လင့်ချက် ထားရှိ နေ ပါတယ် ။
Sports_Myanmar