အင်္ဂလန် နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် ရဲ့ Reboot စာအုပ် ကို မနက်ဖြန် မှာ စတင် ဖြန့်ချီ တော့ မှာ ဖြစ်ပါတယ် ။ လောလော ဆယ် မှာတော့ စာအုပ် ထဲ က အကြောင်း အရာ အချို့ ကို သတင်း မီဒီယာ တွေ က အမြည်း အဖြစ် ဖော်ပြ နေကြ ပြီး ပရိသတ် စိတ်ဝင်စား မှု မြင့်တက် နေတယ် လို့ သိရ ပါတယ် ။ အိုဝင် ဟာ မနက်ဖြန် မှာ အဆိုပါ စာအုပ် ကို စာသား ၊ အသံဖိုင် ၊ e-book ပုံစံ တွေ နဲ့ ဖြန့်ချီမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

အိုဝင် ရဲ့ စာအုပ်သစ် အမြည်း မှာတော့ အလန် ရှီးယား ၊ နယူးကာဆယ် ၊ ဒေးဗစ် ဘက်ခမ်း ၊ ကာပယ်လို နဲ့ ဆာအဲလက်စ် ဖာဂူဆန် တို့ အကြောင်းတွေ ပါရှိ ခဲ့ပြီး ယူနိုက်တက် ဂုရုကြီးက လွဲရင် ကျန်တဲ့ သူ အားလုံး ကို အိုဝင် က စာအုပ် ထဲ မှာ ထည့်သွင်း ဝေဖန် ထားခဲ့ ပါတယ် ။

အိုဝင် ဟာ ဖာဂူဆန် အပေါ် လေးစားမှု အပြည့် ရှိခဲ့ ကြောင်း နဲ့ မန်ချက် စတာ ယူနိုက်တက် မှာ ကစား ရတာ ကို ဂုဏ်ယူ ခဲ့ကြောင်း ကို ယခင် ရက်တွေ က ထွက်ပေါ် ခဲ့တဲ့ စာမြည်းတွေ အရ သိခဲ့ရ ပါတယ် ။ အခု ထပ်မံ ပေါ်ထွက် လာခဲ့တာ ကတော့ ဆာအဲလက်စ် ဖာဂူဆန် ဟာ အိုဝင် ကို ဘယ်လို အကြောင်းကြောင့် စိတ်ဝင် စားခဲ့ သလဲ ဆိုတဲ့ ကိစ္စ ပဲ ဖြစ် ပါတယ် ။

အိုဝင် ဟာ ၂၀၀၉ ခုနှစ် မှာ နယူး ကာဆယ် ကနေ စာချုပ် ကုန်ဆုံး လို့ ထွက်ခွာ လာခဲ့ အပြီး မှာတော့ ကလပ် အသင်းသစ် ကို ရှာဖွေ နေခဲ့ ပါတယ် ။ လီဗာပူး မှာ ဂိုးပေါင်း ၁၅၀ ကျော် သွင်းယူ ခဲ့တဲ့ အိုဝင် ဟာ စပိန် ထိပ်သီး ရီးရဲ မက်ဒရစ် မှာတော့ အဆင်မပြေ မှုတွေ ရှိခဲ့ ပါတယ် ။

ဒါကြောင့် နယူးကာဆယ် ယူနိုက်တက် ကို အံ့အား သင့်ဖွယ် ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး ၇၉ ပွဲ မှာ ဂိုး ၃၀ သွင်းယူ ပေးခဲ့ ပါတယ် ။ ဒါပေမယ့် အိုဝင် ဟာ ဒဏ်ရာ ရလွယ်တဲ့ ကစား သမား ဖြစ်ခဲ့ပြီး မကြာခဏ အနားယူ နေရသလို နယူးကာဆယ် တန်းဆင်း သွားချိန် မှာတော့ အသင်းသစ် ကို ရှာဖွေဖို့ ဖြစ်လာခဲ့ ပါတယ် ။

ဒီလို ရှာဖွေရာမှာ သူ့ရဲ့ အကြောင်းတွေ ကို စုံစမ်း ရ လွယ်ကူစေဖို့ အတွက် မိုက်ကယ် အိုဝင် ဟာ စာမျက်နှာ ၃၂ မျက်နှာ ပါဝင်တဲ့ စာတမ်း တစ်စောင် ကို ပြုစုြ့ပီး အေးဂျင့် က တဆင့် ထိပ်သီး ကလပ် အသင်းတွေ ဆီ ပေးပို့ ခဲ့ ပါတယ် ။

အဆိုပါ စာတမ်း မှာ မိုက်ကယ် အိုဝင် ကို ခေါ်ယူ မယ် ဆိုပါက ရရှိ နိုင်မယ့် အခွင့် အလမ်းတွေ ၊ သူ့ရဲ့ ဂိုးသွင်း မှတ်တမ်းတွေ ၊ ဒဏ်ရာ ရရှိမှု အချက် အလက် တွေ အပြင် အခြားသော အကြောင်း အရာတွေ ပါဝင် ခဲ့ ပါတယ် ။ စာတမ်း အရ အိုဝင် ဟာ ပွဲထွက် ကစားရတဲ့ ပွဲတွေ မှာ တစ်ပွဲ ပျမ်းမျှ ၀.၅၆ ဂိုး ( နှစ်ပွဲ ကို တစ်ဂိုး ) သွင်းယူ နိုင် ခဲ့တယ် လို့ သိရှိရ ပါတယ် ။

မိုက်ကယ် အိုဝင် ရဲ့ ဒဏ်ရာ အချက် အလက်တွေကို တော့ နာမည်ကျော် ဆရာဝန် တစ်ဦး ဖြစ်တဲ့ ဂျွန်ဂရင်း က ပြုစု ထောက်ခံ ရေးသား ပေးခဲ့တာ ဖြစ်ပြီး ဘယ်လို နေရာတွေ မှာ ဘယ်လို ဒဏ်ရာ ရရှိပြီး ဘယ်လောက် အနားယူ ခဲ့ရ ကြောင်းတွေ ကို ဖော်ပြ ခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် အိုဝင် ဟာ နယူးကာဆယ် ကို ပြောင်းရွှေ့ ခဲ့တာ အမှားတစ်ခု ဖြစ်ခဲ့ ကြောင်း ၊ နယူး ကာဆယ် မှာ လမ်း ပျောက် နေခဲ့ ကြောင်း ၊ အရင်တုန်းက လို မျိုး ဂိုးမုဆိုး တစ်ယောက် မဟုတ်တော့ ကြောင်း ၊ အရင် တုန်းက လောက်လည်း မမြန်တော့ ကြောင်း စတဲ့ ပစ္စုပန် မှာ ဖြစ်ပျက် နေတဲ့ ပကတိ အရှိတရားတွေ ကို ထည့်သွင်း ရေးသား ခဲ့ ပါတယ် ။

အိုဝင် ဟာ ပရော်ဖက်ရှင်နယ် အလွန် ဆန် ကြောင်း ၊ ဘယ်တော့ မှ လေ့ကျင့်ရေးကွင်း ကို နောက်ကျ လေ့ မရှိ ကြောင်း ၊ အ၀တ် လဲ ခန်းကို လွှမ်းမိုးနိုင် သူ ဖြစ်ကြောင်း ၊ ကျော်ဇော ထင်ရှားသူ ဖြစ်ကြောင်း နဲ့ ဘောလုံး ရဲ့ ကောင်းမွန်တဲ့ သံတမန် တစ်ဦး ဖြစ်ကြောင်း စတဲ့ အချက်တွေ ကို အဆုံးသတ် မှာ ထည့်သွင်း ရေးသား ခဲ့ ပါတယ် ။

ဒီ စာတမ်းတွေ ဟာ ကလပ် အသင်းများစွာ ကို ရောက်ရှိ ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖာဂူဆန် ဟာ အဆိုပါ စာတမ်း ကို တွေ့မြင် အပြီးမှာ အိုဝင် ကို ခေါ်ယူဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်နိုင်တယ် လို့ Daily Mail က သုံးသပ် ဖော်ပြ သွားခဲ့ ပါတယ် ။

အိုဝင် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၃ ရာသီ ကြာ ရှိနေ ခဲ့ပြီး ဒဏ်ရာ ကြောင့် ၅၂ ပွဲ သာ ပါဝင် ကစား ပေးနိုင် ခဲ့ ပေမယ့် ပရီးမီးယားလိဂ် ဖလား ကိုတော့ ကိုင်မြှောက် နိုင်ခဲ့ ပါတယ် ။

SPORTS MYANMAR