မန်ချက် စတာ စီးတီး နောက် ခံလူ အိုင်းမရစ် လာပေါ်တေး ဟာ သူ့ရဲ့ ဒဏ်ရာ အတွက် ဘာစီလိုနာ ကို သွားရောက် ကာ ခွဲစိတ် ဆရာဝန် နဲ့ တွေ့ဆုံ ခဲ့တယ် လို့ သိရ ပါတယ် ။ လာပေါ်တေး ဟာ ဒူးဒဏ်ရာ ကို ခွဲစိတ် မှု အောင်မြင်ခဲ့တယ် လို့ သတင်း ရရှိ ခဲ့ပြီး ပြန် မကစားခင် ကာလ အတန်ကြာ အနားယူ ရနိုင်တယ် လို့ ကြား သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကွင်းလယ်လူ နီမန် ဂျာမာတစ် ကတော့ သူ နဲ့ နည်းးပြ ဆိုးရှား တို့ အကြား မှာ အဆင်မပြေ မှု တွေ ရှိ နေတယ် လို့ သတင်း ထွက်ပေါ် နေမှု အပေါ် ငြင်းဆန် သွားခဲ့ ပြီး ဘာပြဿနာ မှ မရှိ ပါဘူး လို့ ဆိုသွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ဟောင်း ပေါစခိုး ကတော့ မာတစ် ၊ ယန်း နဲ့ ပေါ့ဘာ တို့ ဟာ အသင်းမှာ ရှိတဲ့ လူငယ် တွေ အတွက် စံ ပြု စရာ ဖြစ်အောင် မနေထိုင် မလုပ်ဆောင် နိုင် ခဲ့ဘူး လို့ ဝေဖန် ခဲ့သလို ယူနိုက်တက် အနေနဲ့ အနည်းဆုံး ၂ နှစ် ခန့် ပြင်ဆင် ပြီးကာမှ ယခင်လို အောင်ပွဲတွေ ကို မျှော်လင့် နိုင်လိမ့်မယ် လို့ လည်း ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ နယူး ကာဆယ် တိုက်စစ်မှုး ဟောင်း ဒမ်ဘာဘာ ကတော့ လူကာကူ အပေါ် ကာဂလီယာလီ ပရိသတ်တွေ ရဲ့ အသား အရောင် ခွဲခြား ဆက်ဆံ မှု အပြီး မှာတော့ အီတလီကို ရောက် နေတဲ့ လူမည်း ကစား သမား အားလုံး စီးရီးအေ ကနေ ထွက်လာခဲ့ ကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း ပရိသတ် အဖွဲ့ ကတော့ ကာဂလီယာလီ ပရိသတ်တွေ ဟာ အသား အရောင် ခွဲခြား လှောင်ပြောင် ခဲ့တယ် လို့ မယူဆ ဘဲ စီးရီးအေ မှာ ပြိုင်ဘက် အသင်း ကစား သမားတွေ ကို မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင် တတ်တဲ့ ဓလေ့ ရှိတယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ယူဗင်တပ် အသင်း ရဲ့ ချန်ပီယံလိဂ် လူစာရင်း ကနေ ချန်လှပ် ခံရမှု အပေါ် ကွင်းလယ်လူ အမ်မရီချန် တစ်ယောက် အလွန် ဒေါသ ထွက်နေ ခဲ့တယ် လို့ သိရ ပါတယ် ။ အမ်မရီချန် က သူ ဟာ နွေရာသီ တုန်းက PSG ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့ပြီး တူရင်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ ပေမယ့် အခုလို ဆက်ဆံခံရ တာ ဟာ အလွန် စိတ်ပျက် ဒေါသထွက် စရာ ကောင်းခဲ့တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ကစား သမား ဒါနီ ကာဗာရယ် ကတော့ အသင်း သားတွေ ဟာ နွေရာသီ ခြေစမ်းပွဲ ကာလ အတွင်း ပေါ့ဘာ နဲ့ နေမာ တို့ရဲ့ အပြောင်း အရွှေ့ အကြောင်းတွေကို အ၀တ်လဲခန်း ထဲမှာ ဆွေးနွေး နေခဲ့ကြ တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ယူဗင်တပ် ခံစစ်မှုးကြီး ချီယာလီနီ ကတော့ အရွတ် စုတ်ပြဲ ဒဏ်ရာ ကြောင့် ၆ လ နီးပါး အနားယူ ရတော့ မယ် လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

နောဝှစ်ခ်ျ စီးတီး အသင်း ရဲ့ ကစား သမား တင်မ် ကလိုဆေး ဟာလည်း ဒူးဒဏ်ရာ ကြောင့် လ အနည်းငယ် နားရ တော့မယ်လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ဖူလ်ဟမ် ကနေ ခေါ်ယူထားတဲ့ အင်္ဂလန် လူငယ် နောက်ခံလူ ရိုင်ယန် ဆစ်ဆဂ်နွန် ရဲ့ အမွှာညီအကို ဖြစ်သူ စတီဗင် ဆစ်ဆဂ်နွန် ကို လည်း ခေါ်ယူ ဖို့ ဖူလ်ဟမ် အသင်း နဲ့ ချိတ်ဆက် နေတယ် လို့ ကြားသိရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် အသင်း ဟာ စပါး ကွင်းလယ်လူ အဲရစ်ဆင် ကို ဇန်န၀ါရီ မှာ ကမ်းလှမ်း ဖို့ ရှိ နေတယ် လို့ သတင်း ရရှိ ပါတယ် ။

ကာတာ လက်ရွေးစင် အသင်း ဟာ အာဆင်နယ် ဂန္ထ၀င် နည်းပြကြီး အာဆင်ဝင်းဂါး ကို ၂၀၂၂ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွက် နည်းပြ အဖြစ် ခန့်အပ် ဖို့ စိတ်ကူး နေတယ် လို့ ကြားသိရ ပါတယ် ။ ဒါ့အပြင် အီတလီ အခြေစိုက် ကာတာသံအမတ် က ကာတာ စီးပွားရေး အင်အားစု တစ်ခု ဟာ ရိုးမား အသင်း ကို ၀ယ်ယူ ဖို့ ပြင်ဆင် နေတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အပြောင်း အရွှေ့ နောက်ဆုံး အချိန် မှာ စပါး တောင်ပံ ကစား သမား လူးကပ် မော်ရာ ကို ခေါ်ယူ ဖို့ ကြိုးစား ခဲ့ ပေမယ့် စပါး ဘက်က ပေါင် သန်း ၅၀ တောင်းဆို ခဲ့တာ ကြောင့် အပြောင်း အရွှေ့ မဖြစ် မြောက်ခဲ့ ဘူးလို့ သိရ ပါတယ် ။

ဥရောပ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး နေ့ မှာ ဆဲလ်တစ် ထံ အငှား ပြောင်းရွှေ့ သွားတဲ့ အဲဗာတန် တောင်ပံ ကစား သမား ဘိုလာဆီ ကတော့ သူ ဟာ ရုရှ ကလပ် CSKA Moscow အသင်းထံက ကမ်းလှမ်း မှု ကို ရရှိ ခဲ့ ပေမယ့် အသား အရောင် ခွဲခြား လှောင်ပြောင်မှု တွေ ကို မကြားလိုတာ ကြောင့် ငြင်းပယ် ခဲ့ရတယ် လို့ ထုတ်ဖော် ပြောဆိုသွား ခဲ့ ပါတယ် ။

SPORTS MYANMAR