ပြီးခဲ့တဲ့ တစ်ပါတ် က ယူနိုက်တက် တို့ ဆောက်သမ်တန် အသင်း နဲ့ တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှ တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ ရဲ့ ခြေစွမ်း အပေါ် ယူနိုက်တက် ကစားသမား ဟောင်း နှစ်ဦး ဖြစ်ကြ တဲ့ ပေါလ် စခိုးလ် နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က တူညီ တဲ့ မှတ်ချက် စကား တွေ ပြောသွား ခဲ့ကြ ပါတယ် ။

အထူးသဖြင့် အဆိုပါ ပွဲစဉ်မှာ မာရှယ် မပါတုန်း အထောင် တိုက်စစ်မှူး အဖြစ် ပါဝင် ကစား ခွင့် ရရှိ ခဲ့တဲ့ ရပ်ရှ်ဖို့ ရဲ့ အကောင်းဆုံး ကစား နိုင်တဲ့ နေရာ က ဘယ် နေရာ လဲ ဆိုတဲ့ အပေါ် သူတို့ နှစ်ဦး က မေးခွန်း ထုတ်သွား ခဲ့ကြ တာပဲ ဖြစ် ပါတယ် ။

ရပ်ရှ်ဖို့ ဟာ ဒီ ရာသီ ယူနိုက်တက်တို့ ကစား ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 4 ပွဲ လုံးမှာ ပါဝင် ကစား ထားခဲ့ ပြီး ချဲလ်ဆီး ၊ ဝုလ်ဗ် အသင်း တို့နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် 2 ပွဲ မှာ 2 ဂိုး သွင်း ၊ 1 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် နောက်ပိုင်း ပွဲစဉ် တွေမှာ ဂိုး မရယူ နိုင်ခဲ့ သလို ဆောက်သမ်တန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း ဂိုးတွေ သွင်းယူ နိုင်ဖို့ အတွက် ရုန်းကန် ခဲ့ရ ပါ သေးတယ် ။ ဒါ့အပြင် ဒီ ကြားထဲ သူဟာ ပင်နယ်တီ တစ်ကြိမ် လွဲချော် ခဲ့တဲ့ အတွက် လူမျိုးရေး ခွဲခြား ခံခဲ့ ရပါ သေးတယ် ။

အခုတော့ ဒီနွေ အတွင်း ယူနိုက်တက် အသင်း မှ အင်တာ မီလန် အသင်း ဆီ ထွက်ခွာ သွား ခဲ့တဲ့ တိုက်စစ်မှူး ဟောင်း လူကာကူ ရဲ့ နေရာ ကို ရပ်ရှ်ဖို့ တာဝန် အပြည့် ယူနိုင် မလား ဆိုတဲ့ အကြောင်း ပေါလ် စခိုးလ် နဲ့ ဟားဂရေ့ဗ် တို့က သုံးသပ် ပြောကြား သွားခဲ့ လိုက်ကြ ပါတယ် ။

” သူ့ရဲ့ ခြေစွမ်း ပိုင်းက ရှက်ဖွယ် ပါပဲ ။ ကစားသမား တစ်ဦး အနေ နဲ့ ကျွန်တော် သူ့ကို ချစ်ခင် လှ ပါတယ် ။ သူ့ရဲ့ စွမ်းရည် တွေက ကြောက်မက်ဖွယ် ပါပဲ ။ ဒါပေမယ့် ယူနိုက်တက် တို့ လိုအပ် နေတာ နဲပါတ် 9 ကစားသမား ပါ ”

” အခုတော့ ဆန်းချက် ယူနိုက်တက် ကနေ ထွက်ခွာ သွားပြီ ၊ လူကာကူ လည်း ထွက်ခွာ သွားခဲ့ ပါပြီ ။ ဒါ့ကြောင့် ရပ်ရှ်ဖို့ အနေနဲ့ ခြေစွမ်း နောက် တစ်ဆင့် တက်နိုင် ဖို့ လိုအပ် နေ ပါတယ် ။ မာရှယ် ကတော့ နံပါတ် 9 ဂျာစီ ကို ပြန်လည် ဝတ်ဆင် ခဲ့ပြီး တောက်ပ နေခဲ့ ပါပြီ ”

” ဆောက်သမ်တန် နဲ့ ပွဲ တုန်းက ဆိုရင် ရပ်ရှီ ဟာ အခွင့်အရေး ကောင်းတွေ ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် သူ မယူ နိုင်ခဲ့ ပါဘူး ။ သူ တိုက်စစ် နေရာ ကစား ရ မလား ? တောင်ပံ တိုက်စစ် နေရာ ထွက်ဆော့ ရ မလား ? သူ ပိုပြီး မကောင်း နိုင်သေး ပါဘူး ” လို့ အိုဝင် ဟားဂရေ့ဗ် က မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ဟားဂရေ့ဗ် ပြော ခဲ့တဲ့ အဆိုပါ မှတ်ချက်ပေး စကား ကို ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် စခိုးလ်က ထောက်ခံ သွားခဲ့ ပြီး ရပ်ရှ်ဖို့ ဟာ ဘယ်လို ကစားသမား မျိုး ဖြစ်သလဲ ဆိုတာ ကိုယ်တိုင် သေချာ သိဖို့ လိုအပ် နေပြီ လို့ မှတ်ချက် ပေးသွား ခဲ့ ပါတယ် ။

” အဲ့တာ က ကြီးမား တဲ့ မေးခွန်း တစ်ခု ပဲလို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ တစ်ကယ်တမ်း မှာ ဘာလဲ ? အဲ့တာ က မာရှယ် ၊ ဂရင်းဝုဒ် တို့ အတွက် လည်း တူညီ တဲ့ မေးခွန်း တစ်ခု ပါပဲ ။ သူတို့ သုံးဦး လုံး နေရာ တစ်ခု မှာ အပိုင် နိုင်ဆုံး ကစား နိုင်ဖို့ လိုနေ ကြ ပါတယ် ”

” ဆောက်သမ်တန် နဲ့ ပွဲစဉ် တုန်းက ဆိုရင် သူဟာ တိုက်စစ် မှူး တစ်ယောက်နဲ့ သိပ် မတူခဲ့ ပါဘူး ။ ဒါကို ပွဲ တစ်ပွဲ စွမ်းဆောင်ရည် ကြည့်ပြီး ငြင်းခုံ နေလို့ မရ ပါဘူး ။ သူ အဲ့ဒီ နေရာ မှာ ပွဲ ကစား ခွင့်တွေ အများကြီး မရခဲ့ ဖူးဘူး လေ ။ သူဟာ ဂိုးတွေ အများကြီး သွင်းယူ နိုင်ရေး ထက် ကောင်းမွန် တဲ့ ဂိုး အချို့ သွင်းယူ နိုင်ဖို့ ပဲ အားသန် နေ သလို ပါပဲ ” လို့ ပေါလ် စခိုးလ် က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar