ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက အင်တာ မီလန် အသင်း ရဲ့ ကစား သမား သစ် ဖြစ်လာ သူ အလက်ဆစ် ဆန်းချက် က အီတလီ ထိပ်သီ ကလပ် ဆီ ပြောင်းရွှေ့ လာဖို့ အတွက် ယူနိုက်တက် အသင်းဖော် ဟောင်း ရိုမီလူ လူကာကူ က စည်းရုံး တိုက်တွန်း ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ အသင်းဖော် လူကာကူ အင်တာ မီလန် အသင်း ဆီ ပေါင် 73 သန်း နဲ့ ပြောင်းရွှေ့ သွား ခဲ့တဲ့ မကြာမီ မှာပဲ တစ်နှစ်တာ အငှား နဲ့ အီတလီ ထိပ်သီး ကလပ် ဆီ ပြောင်းရွှေ့ သွားခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ ဆန်းချက် ဟာ ယခင် တုန်းက အူဒီးနီးစ် အသင်း နဲ့ အတူ အီတလီ မြေမှာ အောင်မြင် မှုတွေ ရယူ နိုင် ခဲ့တဲ့ အခိုက်အတန့် တွေကို အင်တာ မီလန် အသင်း နဲ့ အတူ တစ်ဖန် ပြန်လည် ရယူ လိုကြောင်း ၊ လူကာကူ နဲ့ နည်းပြ ကွန်တီ တို့က သူ့ကို အီတလီ မြေဆီ ပြန်လည် လာရောက် ဖို့ စည်းရုံး တိုက်တွန်း ခဲ့ကြ ကြောင် ဆန်းချက်ဘက ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” အီတလီ ဘောလုံး လောက ဆီကို တစ်ဖန် ပြန်လည် လာနိုင် ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိ ပါတယ် ။ ဘာတွေ ထပ်ဖြစ် မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ဗျာ ။ ကျွန်တော် ကတော့ တက်စွမ်း သမျှ အကောင်းဆုံး တွေကို လုပ်ပြ လို ပါတယ် ။ အထူး သဖြင့် အသင်း နဲ့ အင်တာ ပရိသတ် တွေ အတွက် ပေါ့ ”

” ကျွန်တော် တို့ တွေဟာ အခု ချန်ပီယံ ဖြစ်နိုင်ရေး အကြောင်း ပြော နေကြ ပါတယ် ။ ကျွန်တော် အောင်ပွဲ တွေ ခံနိုင် ဖို့ ဒီကို ရောက်ရှိ လာတာလေ ။ အသင်း က ဖလား မရတာ 8 နှစ်လောက် ရှိနေ ပါပြီ ။ အခုတော့ ကျွန်တော် တို့မှာ အဲ့တာ တွေ ရယူ နိုင်ဖို့ အင်အား ပြည့်နေ ပါပြီ ”

” ဒီ အဖွဲ့ က ငယ်ရွယ် ပြီး သန်မာ ကြ ပါတယ် ။ ဒါ့အပြင် ဆု ဖလား တွေ ရယူ လိုတဲ့ နည်းပြ တစ်ဦး လည်း ဒီမှာ ရှိနေ ပါတယ် ။ အသင်း မှာ ကွန်တီ ရှိနေ ခြင်းက အရမ်း ကို အရေးကြီး ပါတယ် ။ သူဟာ ကစားသမား တွေကို ယုံကြည် မှုတွေ ပေးနိုင်တယ် လေ ”

” လူကာကူ ကလည်း ဒီမှာ ရှိနေ ရတာ ကို ပျော်ရွှင် နေ ပါတယ် ။ သူက ကျွန်တော့် ကို ဒီ လာဖို့ စည်းရုံး တိုက်တွန်း ခဲ့တာ ပါ ” လို့ ဆန်းချက် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆန်းချက် ဟာ ယူနိုက်တက် ကို ပြောင်းရွှေ့ လာ ကတည်းက ခြေစွမ်း ကောင်းတွေ ပြသ နိုင်ဖို့ ဆက်တိုက် ရုန်းကန် နေခဲ့ ရတဲ့ အတွက် ဝေဖန် မှုတွေ အောက် ကျရောက် ခဲ့သူ ဖြစ်ပြီး အသင်း မှာ ပွဲထွက် ကစား ခွင့် ရရှိ ဖို့ ရုန်းကန် နေခဲ့ ရတာ ကြောင့် အင်တာ ဆီ အငှား ပြောင်းရွှေ့ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် သူဟာ ဆန်စီရို ကွင်းမှာ အကောင်းဆုံး ပုံစံ တွေကို ပြန်လည် ပြသ နိုင် လိမ့်မယ် လို့ ယုံကြည် ကြောင်း အာဆင်နယ် နဲ့ ဘာစီလိုနာ ကစားသမား ဟောင်းက ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ကတော့ လက်ရှိ အချိန် အထိ ကလေး ဘဝ တုန်းက လိုပဲ ဆာလောင် မှု အပြည့် ရှိ နေဆဲ ပါပဲ ။ ကျွန်တော် ဒီမှာ အရာရာ တိုင်း အတွက် တိုက်ပွဲ ဝင်သွား ပါ့မယ် ” လို့ ဆန်းချက် က ကတိပေး စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar