• ကတ္တလန္ သတင္းေတြ ကေတာ့ ဘာစီလိုနာဟာ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ေနမာ ဘက္ကို အာရံုစိုက္ေနတာေၾကာင့္ စပါး အသင္းရဲ႕ တိုက္စစ္ ကစားသမား လူးကပ္ ေမာ္ရာကုိ ေခၚယူႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ ဒီမနက္မွာ ေဖာ္ျပလိုက္ပါတယ္။ စပါးဟာ ယူရုိ သန္း 50 ၀န္းက်င္ ရရွိပါက ေမာ္ရာကို လက္လႊတ္ဖို႔ ဆႏၵရွိေနခဲ့တယ္လို႔ သတင္းက အခုိင္အမာ ဆိုထားပါတယ္။

Lucas m

• ခ်န္ပီယံလိဂ္ ကစားသမား စာရင္း ကေန ခ်န္လွပ္ခံခဲ့ရတဲ့ ကြင္းလယ္ ကစားသမား အမ္မရီ ခ်န္ နဲ႔ တိုက္စစ္မႈး မန္ဇူကစ္ တို႔ကုိ ဂ်ဴဗီဟာ လာမယ့္ ဇန္န၀ါရီ ကာလမွာ ေရာင္းထုတ္ဖို႔ စီစဥ္ထားျပီးျပီ ျဖစ္ပါတယ္။ အမ္မရီခ်န္ဟာ သူ႔ကို ခ်န္ပီယံလိဂ္ ကစားသမား စာရင္းမွာ ထည့္သြင္းျခင္း မရွိလို႔ ဂ်ဴဗီကို ေ၀ဖန္တဲ့စကားသံေတြ ထြက္လာခဲ့ေပမယ့္ ၊ ေနာက္ပိုင္းမွာ ျပန္လည္ ေတာင္းပန္သြားခဲ့ပါတယ္။

• စပါး အသင္းရဲ႕ ကြင္းလယ္ ကစားသမား အဲရစ္ဆင္ဟာ လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလရဲ႕ ပ်ိုတိုင္းၾကိဳက္တဲ့ ႏွင္းဆီခိုင္ ျဖစ္လာဖြယ္ ရွိေနပါတယ္။ သူတို႔ ကစားသမား တစ္ေယာက္ကို ေစ်းနည္းနည္း နဲ႔ ေခၚယူခြင့္ ရရွိမယ့္ အခြင့္အေရးကို ဆုပ္ကိုင္ဖို႔ ၾကိဳးစားေနတဲ့ အသင္းေတြ ထဲမွာ ယူႏိုက္တက္ အျပင္ ၊ ေအတီကိုလဲ ပါ၀င္လာခဲ့ျပီ ျဖစ္ပါတယ္။

• လီဗာပူး ေနာက္တန္း ကစားသမား လိုဗရန္ က သူ႔အေနနဲ႔ အသင္းေျပာင္းဖို႔ ေအစီမီလန္ ၊ ရိုးမား အသင္းေတြနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ပြင့္ပြင့္လင္းလင္း ၀န္ခံလိုက္ပါတယ္။ “ ကေလာ့ပ္ကလဲ က်ေနာ့္ကို ေျပာတယ္ေလ…….လိုဗရန္ …….မင္းဟာ ထိပ္တန္း ခံစစ္မႈး တစ္ေယာက္ပါ ၊ အဲဒီလို ကစားသမားမ်ိဳးကို ငါ့အေနနဲ႔ အငွားေတာ့ မေစလႊတ္ႏိုင္ဘူးကြာ ။ အသင္းမွာ မင္းကိုလဲ လိုေနတုန္းပါပဲ”

Lovrn

• ေနမာ ဟာ ဘာစီလိုနာ ကို ေျပာင္းေရႊ႕ခြင့္ မရဘူးလို႔ သိလိုက္ခ်ိန္မွာေတာ့ ငိုေၾကြးခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ဘာစီလိုနာ တုိက္စစ္မႈး လူး၀စ္ဆြာရက္ က သူ႔ရဲ႕ ေဘာ္ဒါေဟာင္းဟာ ဘာစီလိုနာ ကို ေျပာင္းေရႊ႕ခြင့္ရဖို႔ သူ႔ လုပ္ပိုင္ခြင့္ထဲကေန အစြမ္းကုန္ လႈပ္ရွား သြားခဲ့တယ္လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

• ခ်ဲဆီးမွာ ဂိုးေတြ ဆက္တိုက္ေပးေနရတာေၾကာင့္ ေ၀ဖန္မႈ အခ်ိဳ႕ နဲ႔ ရင္ဆိုင္ေနရတဲ့ ေနာက္တန္း ကစားသမား အက္စ္ပီလီကြီတာ ကို လာလီဂါ ကလပ္ေတြ ျဖစ္တဲ့ ဘီဘာအို နဲ႔ ဆိုစီဒက္ အသင္းတို႔က ေစာင့္ၾကည့္လွ်က္ ရွိေနပါတယ္။ သတင္းေတြ ရေတာ့ လမ္းပတ္ဟာ သူ႔ရဲ႕ ေနရာကို လူငယ္ ကစားသမားေလး ဂ်ိမ္းနဲ႔ အစားထိုး ပြဲထုတ္ဖို႔ ျပင္ဆင္လွ်က္ ရွိေနတယ္လို႔ သိရပါတယ္။

• ဗီလာရီးရဲ နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ႏွစ္၀ါ တစ္နီ ျပသခံခဲ့ရတဲ့ ေဘးလ္ဟာ ဟာ တစ္ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ခံလုိုက္ရျပီ ျဖစ္ပါတယ္။ ရီးရဲ ဟာ ေဘးလ္ရဲ႕ ဒုတိယ အ၀ါကဒ္ အတြက္ အယူခံ ၀င္ခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတာ ျဖစ္တာေၾကာင့္ ၊ လာမယ့္ လီဗန္ေတး နဲ႔ ပြဲစဥ္မွာ ပါ၀င္ ကစားခြင့္ ရရွိေတာ့မွာ မဟုတ္ပါဘူး။

• ျပင္သစ္ သတင္းစာေတြ ကေတာ့ ေနမာ ရဲ႕ အေျပာင္းအေရႊ႕ အတြက္ ရာကီတစ္ နဲ႔ ေတာ္ဘီဘို တို႔ဟာ PSG ထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီေပးခဲ့ေပမယ့္ ၊ ဒမ္ဘီလီ က စည္းရံုးလို႔ မရတာေၾကာင့္ ၊ အေျပာင္းအေရႊ႕ ပ်က္ျပယ္ခဲ့ရတာ ျဖစ္တယ္လို႔ ဒီမနက္မွာ ေဖာ္ျပလိုက္ပါတယ္။

• လာလီဂါ အဖြင့္ပြဲစဥ္ 3 ပြဲ စလံုးကို ဒဏ္ရာျပသနာေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ ဟာဇက္ဟာ စက္တင္ဘာလ 14 ရက္ေန႔မွာ ယွဥ္ျပိဳင္ ကစားမယ့္ လီဗန္ေတး နဲ႔ ပြဲစဥ္မွာေတာ့ ပါ၀င္ ကစားေပးဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

• ဘာစီလိုနာ ဟာ ဒီရာသီ မွာ စီနီယာ အသင္းၾကီးနဲ႔ အတူ ေျခစြမ္းျပ ကစားလွ်က္ ရွိေနတဲ့ အသက္ 16 ႏွစ္အရြယ္ လူငယ္ ကစားသမားေလး အန္ဆူ ဖာတီ ကို ခ်န္ပီယံလိဂ္ ကစားသမား စာရင္းမွာ ထည့္သြင္းသြားခဲ့ျခင္း မရွိပါဘူး။

• မန္စီးတီး ရဲ႕ အားထားရတဲ့ ေနာက္တန္း ကစားသမား လာေပၚေတးဟာ ဒူးအရြတ္ ဒဏ္ရာေၾကာင့္ ကာလ အတန္ၾကာေအာင္ အနားယူရေတာ့မွာ ျဖစ္ပါတယ္။ သတင္းေတြ အရ သူဟာ 2019 ခုႏွစ္ အတြင္း ျပန္လည္ ကစားေပးဖို႔ ျဖစ္ႏိုင္ဖြယ္ မရွိဘူးလို႔ သိရပါတယ္။

SPORTS MYANMAR

Unicode

လီဗန်တေး နဲ့ ပွဲမှာ ရီးရဲ အတွက် စတင်ပွဲထွက် ကစားပေးဖွယ် ရှိနေတဲ့ ဟာဇက် နဲ့ နံနက်ခငး် သတင်းများ
********************************

• ကတ်တလန် သတင်းတွေ ကတော့ ဘာစီလိုနာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က နေမာ ဘက်ကို အာရုံစိုက်နေတာကြောင့် စပါး အသင်းရဲ့ တိုက်စစ် ကစားသမား လူးကပ် မော်ရာကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဒီမနက်မှာ ဖော်ပြလိုက်ပါတယ်။ စပါးဟာ ယူရို သန်း 50 ၀န်းကျင် ရရှိပါက မော်ရာကို လက်လွှတ်ဖို့ ဆန္ဒရှိနေခဲ့တယ်လို့ သတင်းက အခိုင်အမာ ဆိုထားပါတယ်။

• ချန်ပီယံလိဂ် ကစားသမား စာရင်း ကနေ ချန်လှပ်ခံခဲ့ရတဲ့ ကွင်းလယ် ကစားသမား အမ်မရီ ချန် နဲ့ တိုက်စစ်မှုး မန်ဇူကစ် တို့ကို ဂျူဗီဟာ လာမယ့် ဇန်နဝါရီ ကာလမှာ ရောင်းထုတ်ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။ အမ်မရီချန်ဟာ သူ့ကို ချန်ပီယံလိဂ် ကစားသမား စာရင်းမှာ ထည့်သွင်းခြင်း မရှိလို့ ဂျူဗီကို ဝေဖန်တဲ့စကားသံတွေ ထွက်လာခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

• စပါး အသင်းရဲ့ ကွင်းလယ် ကစားသမား အဲရစ်ဆင်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာဖွယ် ရှိနေပါတယ်။ သူတို့ ကစားသမား တစ်ယောက်ကို စျေးနည်းနည်း နဲ့ ခေါ်ယူခွင့် ရရှိမယ့် အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အသင်းတွေ ထဲမှာ ယူနိုက်တက် အပြင် ၊ အေတီကိုလဲ ပါ၀င်လာခဲ့ပြီ ဖြစ်ပါတယ်။

• လီဗာပူး နောက်တန်း ကစားသမား လိုဗရန် က သူ့အနေနဲ့ အသင်းပြောင်းဖို့ အေစီမီလန် ၊ ရိုးမား အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်ပါတယ်။ “ ကလော့ပ်ကလဲ ကျနော့်ကို ပြောတယ်လေ…….လိုဗရန် …….မင်းဟာ ထိပ်တန်း ခံစစ်မှုး တစ်ယောက်ပါ ၊ အဲဒီလို ကစားသမားမျိုးကို ငါ့အနေနဲ့ အငှားတော့ မစေလွှတ်နိုင်ဘူးကွာ ။ အသင်းမှာ မင်းကိုလဲ လိုနေတုန်းပါပဲ”

• နေမာ ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ခွင့် မရဘူးလို့ သိလိုက်ချိန်မှာတော့ ငိုကြွေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ်ဆွာရက် က သူ့ရဲ့ ဘော်ဒါဟောင်းဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ခွင့်ရဖို့ သူ့ လုပ်ပိုင်ခွင့်ထဲကနေ အစွမ်းကုန် လှုပ်ရှား သွားခဲ့တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

• ချဲဆီးမှာ ဂိုးတွေ ဆက်တိုက်ပေးနေရတာကြောင့် ဝေဖန်မှု အချို့ နဲ့ ရင်ဆိုင်နေရတဲ့ နောက်တန်း ကစားသမား အက်စ်ပီလီကွီတာ ကို လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဘီဘာအို နဲ့ ဆိုစီဒက် အသင်းတို့က စောင့်ကြည့်လျှက် ရှိနေပါတယ်။ သတင်းတွေ ရတော့ လမ်းပတ်ဟာ သူ့ရဲ့ နေရာကို လူငယ် ကစားသမားလေး ဂျိမ်းနဲ့ အစားထိုး ပွဲထုတ်ဖို့ ပြင်ဆင်လျှက် ရှိနေတယ်လို့ သိရပါတယ်။

• ဗီလာရီးရဲ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဝါ တစ်နီ ပြသခံခဲ့ရတဲ့ ဘေးလ်ဟာ ဟာ တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုုက်ရပြီ ဖြစ်ပါတယ်။ ရီးရဲ ဟာ ဘေးလ်ရဲ့ ဒုတိယ အဝါကဒ် အတွက် အယူခံ ၀င်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်တာကြောင့် ၊ လာမယ့် လီဗန်တေး နဲ့ ပွဲစဉ်မှာ ပါ၀င် ကစားခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

• ပြင်သစ် သတင်းစာတွေ ကတော့ နေမာ ရဲ့ အပြောင်းအရွှေ့ အတွက် ရာကီတစ် နဲ့ တော်ဘီဘို တို့ဟာ PSG ထံ ပြောင်းရွှေ့ဖို့ သဘောတူညီပေးခဲ့ပေမယ့် ၊ ဒမ်ဘီလီ က စည်းရုံးလို့ မရတာကြောင့် ၊ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်တယ်လို့ ဒီမနက်မှာ ဖော်ပြလိုက်ပါတယ်။

• လာလီဂါ အဖွင့်ပွဲစဉ် 3 ပွဲ စလုံးကို ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့ရတဲ့ ဟာဇက်ဟာ စက်တင်ဘာလ 14 ရက်နေ့မှာ ယှဉ်ပြိုင် ကစားမယ့် လီဗန်တေး နဲ့ ပွဲစဉ်မှာတော့ ပါ၀င် ကစားပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။

• ဘာစီလိုနာ ဟာ ဒီရာသီ မှာ စီနီယာ အသင်းကြီးနဲ့ အတူ ခြေစွမ်းပြ ကစားလျှက် ရှိနေတဲ့ အသက် 16 နှစ်အရွယ် လူငယ် ကစားသမားလေး အန်ဆူ ဖာတီ ကို ချန်ပီယံလိဂ် ကစားသမား စာရင်းမှာ ထည့်သွင်းသွားခဲ့ခြင်း မရှိပါဘူး။

• မန်စီးတီး ရဲ့ အားထားရတဲ့ နောက်တန်း ကစားသမား လာပေါ်တေးဟာ ဒူးအရွတ် ဒဏ်ရာကြောင့် ကာလ အတန်ကြာအောင် အနားယူရတော့မှာ ဖြစ်ပါတယ်။ သတင်းတွေ အရ သူဟာ 2019 ခုနှစ် အတွင်း ပြန်လည် ကစားပေးဖို့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

SPORTS MYANMAR