ဂန္းနားတို႔ရဲ့ ေနာက္ခံလူေဟာင္း မာတင္ကီယြန္ က ဒီရာသီ အာဆင္နယ္ အသင္း ကစားသမားေတြထဲမွာ စပိန္ ကြင္းလယ္လူ စီဘယ္ေလာစ့္ဟာ သူသေဘာအက်ဆုံး ကစားသမား တစ္ဦး ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ပါတယ္။

စပိန္ ကြင္းလယ္ ၾကယ္ပြင့္ စီဘယ္ေလာစ့္ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕တုန္းကမွ ရီးရဲလ္မက္ဒရစ္အသင္းကေန တစ္ရာသီ အငွားလာေရာက္ ကစားေနတဲ့သူလည္း ျဖစ္ပါတယ္။ စီဘယ္ေလာစ့္ ဟာ ဘန္ေလ အသင္း နဲ႔ ပြဲမွာ ဂိုးဖန္တီးမွု ႏွစ္ႀကိမ္ ျပဳ လုပ္ကာ ေျခစြမ္းၿပ ကစားနိုင္ခဲ့ေပမယ့္ လီဗာပူး အသင္း နဲ႔ ပြဲမွာေတာ့ ကြင္းလယ္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ ခဲ့ရပါတယ္ ။

တနဂၤေႏြေန႔က ကစားခဲ့တဲ့ လန္ဒန္ဒါဘီ ပြဲမွာေတာ့ စီဘယ္ေလာစ့္ ဟာ လူစားဝင္ ကစားသမား အျဖစ္သာ ပြဲထြက္ ကစားခြင့္ ရခဲ့ေပမယ့္ လူစားဝင္ ကစားၿပီး မၾကာမွီမွာပဲ အေဝးကန္ခ်က္ျပင္းနဲ႔ ေတာ့တင္ဟမ္ အသင္းရဲ့ ဂိုးေပါက္ကို ၿခိမ္းေျခာက္ နိုင္ခဲ့သလို သူ႔ရဲ့ အနိုင္ရလိုစိတ္ ျပင္းျပတဲ့ ပုံစံဟာလည္း တကယ့္ကို အားရေက်နပ္စရာပါ ။

အာဆင္နယ္ အသင္း ပရိသတ္ေတြကေတာ့ ကာဇိုလာ နဲ႔ စီဘယ္ေလာစ့္ ကို ႏွိုင္းယွဥ္ ခ်ီးက်ဴး ေနၾကၿပီး စီဘယ္ေလာစ့္ ကို အၿပီးသတ္ ဝယ္ယူဖို႔ တိုက္တြန္းမွုေတြလည္း ရွိေနပါတယ္ ။ စီဘယ္ေလာစ့္ဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲ အျဖစ္ ရိုေမးနီးယား၊ေျမာက္အိုင္ယာလန္တို႔နဲ႔ ကစားရမယ့္ စပိန္လက္ေရြးစင္ အသင္းႀကီးမွာ ေရြးခ်ယ္ခံထားရပါတယ္။

မာတင္ကီယြန္ကေတာ့ စီဘယ္ေလာစ့္ ရဲ့ ေျခစြမ္းကို အထူး သေဘာက် ႏွစ္သက္ ေနၿပီး ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲမွာ ပြဲထြက္ အသုံးမျပဳတဲ့ နည္းၿပ အူနိုင္း အမ္မရီ ကို ေမးခြန္းထုတ္ ေဝဖန္ သြားခဲ့ပါတယ္ ။

မာတင္ ကီယြန္ က Daily Mail မွာ ” ဒန္နီ စီဘယ္ေလာစ့္ ၊ ဘန္ေလ အသင္း နဲ႔ အိမ္ကြင္း ပြဲဦးထြက္မွာ သူျပသခဲ့တဲ့ ေျခစြမ္းက က်ေနာ္ ျမင္ဖူးသမၽွ အာဆင္နယ္ ကစားသမားေတြရဲ့ အေကာင္းဆုံး စြမ္းေဆာင္ရည္ထဲမွာ တစ္ခုအပါအဝင္လို႔ ေျပာခ်င္ပါတယ္ ။ ”

” သူ႔ရဲ့ ေဘာလုံးကို မရမက ျပန္ရယူဖို႔ စိတ္ဆႏၵ ျပင္းျပတာမ်ိဳးကို က်ေနာ္ သေဘာက်ပါတယ္ ။ စပါး အသင္းနဲ႔ ပြဲမွာ သူ႔ကို ဘာေၾကာင့္ အရန္ခုံ ထိုင္ခိုင္း ခဲ့တာလဲ ဆိုတာ အေၿဖ ရွာမရပါဘူး ။ သူက တကယ့္ကို ထူးျခားတဲ့ ကစားသမား တစ္ဦးပါ ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ဂန္းနားတို႔ရဲ့တိုက္စစ္မွူးေဟာင္း တစ္ဦး ျဖစ္တဲ့ အီယန္ရိုက္ကလည္း အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန တစ္ရာသီ အငွားလာေရာက္ ကစားတဲ့ စီဘယ္ေလာစ့္ကို တိုက္စစ္ ကစားသမား သုံးေယာက္ရဲ့ အေနာက္မွာ စိတ္ႀကိဳက္ခြင့္ ကစားေပးသင့္ေၾကာင္း တိုက္တြန္း အႀကံဉာဏ္ ေပးထားပါတယ္။

SPORTS MYANMAR

Unicode

လက်ရှိ အာဆင်နယ် ကစားသမားတွေထဲမှာ ဘယ်သူ့ရဲ့ ခြေစွမ်းကို သဘောအကျမိဆုံးလဲဆိုတာ ဖွင့်ဟပြောကြားလိုက်တဲ့ #ကီယွန်
==================================

ဂန်းနားတို့ရဲ့ နောက်ခံလူဟောင်း မာတင်ကီယွန် က ဒီရာသီ အာဆင်နယ် အသင်း ကစားသမားတွေထဲမှာ စပိန် ကွင်းလယ်လူ စီဘယ်လောစ့်ဟာ သူသဘောအကျဆုံး ကစားသမား တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

စပိန် ကွင်းလယ် ကြယ်ပွင့် စီဘယ်လောစ့် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားနေတဲ့သူလည်း ဖြစ်ပါတယ်။ စီဘယ်လောစ့် ဟာ ဘန်လေ အသင်း နဲ့ ပွဲမှာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြု လုပ်ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် လီဗာပူး အသင်း နဲ့ ပွဲမှာတော့ ကွင်းလယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲမှာတော့ စီဘယ်လောစ့် ဟာ လူစားဝင် ကစားသမား အဖြစ်သာ ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် လူစားဝင် ကစားပြီး မကြာမှီမှာပဲ အဝေးကန်ချက်ပြင်းနဲ့ တော့တင်ဟမ် အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခဲ့သလို သူ့ရဲ့ အနိုင်ရလိုစိတ် ပြင်းပြတဲ့ ပုံစံဟာလည်း တကယ့်ကို အားရကျေနပ်စရာပါ ။

အာဆင်နယ် အသင်း ပရိသတ်တွေကတော့ ကာဇိုလာ နဲ့ စီဘယ်လောစ့် ကို နှိုင်းယှဉ် ချီးကျူး နေကြပြီး စီဘယ်လောစ့် ကို အပြီးသတ် ဝယ်ယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ် ။ စီဘယ်လောစ့်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် ရိုမေးနီးယား၊မြောက်အိုင်ယာလန်တို့နဲ့ ကစားရမယ့် စပိန်လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံထားရပါတယ်။

မာတင်ကီယွန်ကတော့ စီဘယ်လောစ့် ရဲ့ ခြေစွမ်းကို အထူး သဘောကျ နှစ်သက် နေပြီး တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ပွဲထွက် အသုံးမပြုတဲ့ နည်းပြ အူနိုင်း အမ်မရီ ကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။

မာတင် ကီယွန် က Daily Mail မှာ ” ဒန်နီ စီဘယ်လောစ့် ၊ ဘန်လေ အသင်း နဲ့ အိမ်ကွင်း ပွဲဦးထွက်မှာ သူပြသခဲ့တဲ့ ခြေစွမ်းက ကျနော် မြင်ဖူးသမျှ အာဆင်နယ် ကစားသမားတွေရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ထဲမှာ တစ်ခုအပါအဝင်လို့ ပြောချင်ပါတယ် ။ ”

” သူ့ရဲ့ ဘောလုံးကို မရမက ပြန်ရယူဖို့ စိတ်ဆန္ဒ ပြင်းပြတာမျိုးကို ကျနော် သဘောကျပါတယ် ။ စပါး အသင်းနဲ့ ပွဲမှာ သူ့ကို ဘာကြောင့် အရန်ခုံ ထိုင်ခိုင်း ခဲ့တာလဲ ဆိုတာ အဖြေ ရှာမရပါဘူး ။ သူက တကယ့်ကို ထူးခြားတဲ့ ကစားသမား တစ်ဦးပါ ။” လို့ ပြောကြား သွားခဲ့ပါတယ်။

ဂန်းနားတို့ရဲ့တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ အီယန်ရိုက်ကလည်း အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားတဲ့ စီဘယ်လောစ့်ကို တိုက်စစ် ကစားသမား သုံးယောက်ရဲ့ အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးထားပါတယ်။

SPORTS MYANMAR