မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ေခါင္းေဆာင္ ေဟာင္း ဂယ္ရီ နဗီးလ္ က လက္ရွိ ယူႏုိက္တက္ နည္းျပ အုိလီ ဂန္နာ ဆိုးရွား ကိုင္တြယ္ ေနတဲ့ အသင္း ဟာ လီဗာပူး ကို ယာဂင္ ကေလာ့ စတင္ ေရာက္ရွိ တဲ့ အခ်ိန္ တုန္းက ကိုင္တြယ္ ခဲ့ရတဲ့ အသင္းရဲ႕ အေန အထားမ်ဳိး မွာ ရွိ ေနတယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ဆိုးရွား ရဲ႕ အသင္း မွာ ပံုစံ မတူ ၊ အရည္ အေသြး ကြဲျပား ကြာျခားတဲ့ ကစား သမားေတြ ရွိေနၿပီး အခ်ိန္ယူ တည္ေဆာက္ ရဦးမွာ ျဖစ္ပါတယ္ ။

ဆိုးရွား ဟာ ၿပီးခဲတဲ့ ႏွစ္ ဒီဇင္ဘာ အလယ္ မွာ ယူႏုိက္တက္ ကို စတင္ ကိုင္တြယ္ ခဲ့ၿပီး ပထမ ဆံုး ၁ လ မွာ ရလဒ္ေတြ အံ့မခန္း ေကာင္းမြန္ ခဲ့ ပါတယ္ ။ အဆင့္ ၄ နဲ႔ ၁၀ မွတ္ နီးပါး ကြာဟ ေနရာ ကေန အဆင့္ ၄ ေနရာ ကို ရယူ သည္အထိ တိုးတက္ လာခဲ့ ပါတယ္ ။

ဒါေပမယ့္ အၿမဲတမ္း နည္းျပ အျဖစ္ မတ္လ မွာ ခန္႔အပ္ ခံရ အၿပီး မွာေတာ့ ရလဒ္ေတြ ဟာ ေျပာင္းျပန္ ျဖစ္ ခဲ့ကာ ဆက္တုိက္ ရွဳံးပြဲေတြ ႀကဳံေတြ႕ လာခဲ့ၿပီး ရာသီ အကုန္ မွာေတာ့ ဆုိးရွား ေရာက္စဥ္ က စခဲ့တဲ့ အဆင့္ ၆ ေနရာ နဲ႔ သာ ပိတ္သိမ္း သြားခဲ့ ရ ပါတယ္ ။

ယခု ေႏြရာသီ မွာေတာ့ ဆုိးရွား ဟာ အသင္း ကို စတင္ ေျပာင္းလဲ ဖို႔ လုပ္ေဆာင္ ခဲ့ ပါတယ္ ။ ကစား သမား မ်ားစြာ ထြက္ခြာ သြားခဲ့ ၿပီး ဘစ္ဆာကာ ၊ မက္ဂြဲယား နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္ တို႔ ျပန္လည္ ေရာက္ရွိ လာခဲ့ ပါတယ္ ။ လက္ရွိ ရာသီ မွာေတာ့ ဆုိးရွား ဟာ လူငယ္ ေတြကို ပိုမို ေနရာ ေပးၿပီး ခ်ီတက္ လ်က္ ရွိေနပါတယ္ ။

ဂယ္ရီ နဗီးလ္ ကေတာ့ ဆုိးရွား အေနနဲ႔ အသင္း ကို တစ္ခ်ိန္ ကလို ျပန္ျဖစ္ဖို႔ အတြက္ အခ်ိန္ယူ တည္ေဆာက္ ရမွာ ျဖစ္ေၾကာင္း ၊ လက္ရွိ မွာ အသင္းက လမ္းေၾကာင္းမွန္ ကို ေလ်ာက္လွမ္း ေနတာ ျဖစ္ၿပီး ကေလာ့ ၊ ဂြာဒီယိုလာ တို႔ ပင္ ခ်က္ခ်င္း ေအာင္ျမင္မႈ မရရွိ ခဲ့ၾက ေၾကာင္း ကို ခုိင္းႏႈိင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“ပက္ဂြာဒီယိုလာ ေရာက္လာတုန္းက မန္စီးတီး မွာ ထိပ္တန္း ကစား သမားေတြ အမ်ားႀကိး ရွိပါ တယ္ ။ ဒါေတာင္ မွ သူလိုခ်င္တဲ့ ပံုစံ ကို ရ ဖို႔ အေျပာင္း အေရႊ႕ ေစ်းကြက္ ၃ ခါ ေလာက္ လႈပ္ရွား လုိက္ရ ပါေသး တယ္”

Pep

“ယာဂင္ ကေလာ့ ကေတာ့ အခု လို အသင္းမ်ဳိး ျဖစ္လာ ဖို႔ ၃ ႏွစ္ ေလာက္ ေစာင့္လိုက္ ရတာပါ ။ သူတို႔ စိတ္ႀကဳိက္ ကစား သမား ၊ သူတို႔ လုိခ်င္တဲ့ ကစားပံု ၊ ခံယူခ်က္္ေတြ ကို ရဖို႔ နည္းျပ ၂ ေယာက္ စလံုး အခ်ိန္ ေပး ခဲ့ၾကရတာ ပါပဲ”

Klopp

“ဆုိးရွား လည္း အခ်ိန္ ေပးဖို႔ လိုပါတယ္ ။ အခု ဆုိးရွား ကိုင္ေနတဲ့ အသင္းက လီဗာပူး ကို ယာဂင္ ကေလာ့ စေရာက္တုန္းက ကိုင္ခဲ့တဲ့ အသင္း ရဲ႕ အေန အထားမ်ဳိးပါ ။ ေရွ႕ဆက္ ၿပီးလည္း စိတ္ပ်က္ စရာ ေကာင္းတဲ့ ရလဒ္ေတြ ကို ျမင္ရ ဦးမွာ ပါပဲ ။ ဒါေပမယ့္ ေနာက္ထပ္ ၃-၄ ႏွစ္ ေလာက္ ၾကာအၿပီး မွာေတာ့ ယူႏုိက္တက္ ဟာ အရင္ တုန္းကလို ျပန္ျဖစ္ လာမွာပါ ။ အခ်ိန္ေပး ဖို႔ ပဲ လိုအပ္ ပါတယ္” လို႔ ဂယ္ရီ နဗီးလ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ ယခု ရာသီ အဖြင့္ ၄ ပြဲ ကို ၁ ပြဲ သာ အႏုိင္ ကစားႏုိင္ ခဲ့ၿပီး ၁ ပြဲ ရွဳံး ၊ ၂ ပြဲ သေရ က်ကာ ၅ မွတ္ သာ ရရွိ ထားခဲ့ ပါတယ္ ။ လက္ရွိ မွာေတာ့ ႏုိင္ငံ ပြဲစဥ္ေတြ ေရာက္လာခဲ့ၿပီး ကစား သမားေတြ ကို ေစလႊတ္ ခဲ့ရကာ စက္တင္ဘာ ၁၄ ရက္ေန႔ မွာေတာ့ လက္စတာ စီးတီး နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

ဆိုးရှား ကိုင်တွယ်နေတဲ့ ယူနိုက်တက် ဟာ ဘယ်အသင်းရဲ့ အနေအထားနဲ့ တူညီနေသလဲဆိုတာ ပြောပြသွားတဲ့ ဂယ်ရီ နဗီးလ်

==============================================

မန်ချက် စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟောင်း ဂယ်ရီ နဗီးလ် က လက်ရှိ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကိုင်တွယ် နေတဲ့ အသင်း ဟာ လီဗာပူး ကို ယာဂင် ကလော့ စတင် ရောက်ရှိ တဲ့ အချိန် တုန်းက ကိုင်တွယ် ခဲ့ရတဲ့ အသင်းရဲ့ အနေ အထားမျိုး မှာ ရှိ နေတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဆိုးရှား ရဲ့ အသင်း မှာ ပုံစံ မတူ ၊ အရည် အသွေး ကွဲပြား ကွာခြားတဲ့ ကစား သမားတွေ ရှိနေပြီး အချိန်ယူ တည်ဆောက် ရဦးမှာ ဖြစ်ပါတယ် ။

ဆိုးရှား ဟာ ပြီးခဲတဲ့ နှစ် ဒီဇင်ဘာ အလယ် မှာ ယူနိုက်တက် ကို စတင် ကိုင်တွယ် ခဲ့ပြီး ပထမ ဆုံး ၁ လ မှာ ရလဒ်တွေ အံ့မခန်း ကောင်းမွန် ခဲ့ ပါတယ် ။ အဆင့် ၄ နဲ့ ၁၀ မှတ် နီးပါး ကွာဟ နေရာ ကနေ အဆင့် ၄ နေရာ ကို ရယူ သည်အထိ တိုးတက် လာခဲ့ ပါတယ် ။

ဒါပေမယ့် အမြဲတမ်း နည်းပြ အဖြစ် မတ်လ မှာ ခန့်အပ် ခံရ အပြီး မှာတော့ ရလဒ်တွေ ဟာ ပြောင်းပြန် ဖြစ် ခဲ့ကာ ဆက်တိုက် ရှုံးပွဲတွေ ကြုံတွေ့ လာခဲ့ပြီး ရာသီ အကုန် မှာတော့ ဆိုးရှား ရောက်စဉ် က စခဲ့တဲ့ အဆင့် ၆ နေရာ နဲ့ သာ ပိတ်သိမ်း သွားခဲ့ ရ ပါတယ် ။

ယခု နွေရာသီ မှာတော့ ဆိုးရှား ဟာ အသင်း ကို စတင် ပြောင်းလဲ ဖို့ လုပ်ဆောင် ခဲ့ ပါတယ် ။ ကစား သမား များစွာ ထွက်ခွာ သွားခဲ့ ပြီး ဘစ်ဆာကာ ၊ မက်ဂွဲယား နဲ့ ဒန်နီရယ် ဂျိမ်းစ် တို့ ပြန်လည် ရောက်ရှိ လာခဲ့ ပါတယ် ။ လက်ရှိ ရာသီ မှာတော့ ဆိုးရှား ဟာ လူငယ် တွေကို ပိုမို နေရာ ပေးပြီး ချီတက် လျက် ရှိနေပါတယ် ။

ဂယ်ရီ နဗီးလ် ကတော့ ဆိုးရှား အနေနဲ့ အသင်း ကို တစ်ချိန် ကလို ပြန်ဖြစ်ဖို့ အတွက် အချိန်ယူ တည်ဆောက် ရမှာ ဖြစ်ကြောင်း ၊ လက်ရှိ မှာ အသင်းက လမ်းကြောင်းမှန် ကို လျောက်လှမ်း နေတာ ဖြစ်ပြီး ကလော့ ၊ ဂွာဒီယိုလာ တို့ ပင် ချက်ချင်း အောင်မြင်မှု မရရှိ ခဲ့ကြ ကြောင်း ကို ခိုင်းနှိုင်း ပြောဆို သွားခဲ့ ပါတယ် ။

“ပက်ဂွာဒီယိုလာ ရောက်လာတုန်းက မန်စီးတီး မှာ ထိပ်တန်း ကစား သမားတွေ အများကြိး ရှိပါ တယ် ။ ဒါတောင် မှ သူလိုချင်တဲ့ ပုံစံ ကို ရ ဖို့ အပြောင်း အရွှေ့ စျေးကွက် ၃ ခါ လောက် လှုပ်ရှား လိုက်ရ ပါသေး တယ်”

“ယာဂင် ကလော့ ကတော့ အခု လို အသင်းမျိုး ဖြစ်လာ ဖို့ ၃ နှစ် လောက် စောင့်လိုက် ရတာပါ ။ သူတို့ စိတ်ကြိုက် ကစား သမား ၊ သူတို့ လိုချင်တဲ့ ကစားပုံ ၊ ခံယူချက််တွေ ကို ရဖို့ နည်းပြ ၂ ယောက် စလုံး အချိန် ပေး ခဲ့ကြရတာ ပါပဲ”

“ဆိုးရှား လည်း အချိန် ပေးဖို့ လိုပါတယ် ။ အခု ဆိုးရှား ကိုင်နေတဲ့ အသင်းက လီဗာပူး ကို ယာဂင် ကလော့ စရောက်တုန်းက ကိုင်ခဲ့တဲ့ အသင်း ရဲ့ အနေ အထားမျိုးပါ ။ ရှေ့ဆက် ပြီးလည်း စိတ်ပျက် စရာ ကောင်းတဲ့ ရလဒ်တွေ ကို မြင်ရ ဦးမှာ ပါပဲ ။ ဒါပေမယ့် နောက်ထပ် ၃-၄ နှစ် လောက် ကြာအပြီး မှာတော့ ယူနိုက်တက် ဟာ အရင် တုန်းကလို ပြန်ဖြစ် လာမှာပါ ။ အချိန်ပေး ဖို့ ပဲ လိုအပ် ပါတယ်” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ယခု ရာသီ အဖွင့် ၄ ပွဲ ကို ၁ ပွဲ သာ အနိုင် ကစားနိုင် ခဲ့ပြီး ၁ ပွဲ ရှုံး ၊ ၂ ပွဲ သရေ ကျကာ ၅ မှတ် သာ ရရှိ ထားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ နိုင်ငံ ပွဲစဉ်တွေ ရောက်လာခဲ့ပြီး ကစား သမားတွေ ကို စေလွှတ် ခဲ့ရကာ စက်တင်ဘာ ၁၄ ရက်နေ့ မှာတော့ လက်စတာ စီးတီး နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR