ကာတာႏိုင္ငံ မွာ က်င္းပသြားဖို႔ ရွိေနတဲ႔ ၂၀၂၂ ကမၻာ့ဖလား ျပိဳင္ပြဲျကီး အတြက္အာရွဇံု ေျခစစ္ပြဲဒုတိယ အဆင့္ပြဲစဥ္ ေတြကို ယေန႔ မွာ က်င္းပ သြားေတာ့ မွာျဖစ္ပါတယ္။ က်ြန္ေတာ္တို႕ ျမန္မာ အသင္းကေတာ့ ပြဲဦးထြက္ အျဖစ္ မြန္ဂိုလီးယား အသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ ရမွာျဖစ္ပါတယ္။

အာရွဇံု အသင္းေတြဟာကမၻာ့ဖလားျပိဳင္ပြဲျကီးကို ပါဝင္ဆင္ႏႊဲခြင့္ရဖို႔ ေျခစစ္ပြဲအဆင့္ေလး ဆင့္ေက်ာ္ျဖတ္ရမွာျဖစ္ျပီး ပထမအဆင့္နဲ႕ ဒုတိယအဆင့္ ေတြရဲ႕ ရလဒ္ေတြဟာ ၂၀၂၃ အာရွဖလားျပိဳင္ေျခစစ္ပြဲအတြက္ လည္း အက်ံဳးဝင္မွာ ျဖစ္တယ္ လို႕ အာရွ ေဘာလံုးအဖြဲ႔ခ်ဳပ္က ေျကျငာထားပါတယ္။

အာရွ ေဒသ က အသင္းေတြ ဟာ ကမၻာ့ဖလား ပြဲဲျပိဳင္ပြဲျကီးမွာ ခြဲတမ္း ၄.၅ ေနရာသာရရွိတာ ျဖစ္ျပီး ေလးသင္းက တိုက္ရိုက္ဝင္ခြင့္ နဲ႔ တသင္းကေတာ့ play-off ကစားရဦးမွာျဖစ္ျပီးအႏိုင္ရမွသာ ဝင္ခြင့္ရရွိမွာျဖစ္ပါတယ္။ဒါေျကာင့္ လည္း လက္ရွိဒုတိယအဆင့္ေျခစစ္ပြဲဝင္ အသင္း ၄၀ ထဲကေနေနာက္ဆံုးက်န္တဲ႔ ၅သင္းထဲ ျမန္မာတို႔ပါဝင္ႏိုင္ဖို႔အတြက္ကေတာ့ အိပ္မက္ဆန္ဆန္အေနအခားမ်ိဳးမွာရွိေနတာျဖစ္ပါတယ္။

ကမၻာ့အဆင့္သတ္မွတ္ခ်က္ေတြေျကာင့္ ေျခစစ္ပြဲ ဒုတိယအဆင့္ကေန စတင္ကစားသြားရမယ့္ ျမန္မာ အသင္းအတြက္ ကာတာေျမသြားေရာက္ခြင့္အတြက္ ပထမဆံုး ေျခလွမ္းအျဖစ္ေတာ့ ယေန႔ မွာကစားရမယ့္ မြန္ဂိုလီးယားနဲ႔ အဖြင့္ပြဲမွာရလဒ္ေကာင္းဖို႕ လိုအပ္ေနတာျဖစ္ပါတယ္။

ျမန္မာ အသင္းဟာ အုပ္စု F မွာ နာမည္ျကီး ဂ်ပန္ အသင္း၊ ကာဂ်စၥတန္၊တာဂ်ီကစၥတန္၊ မြန္ဂိုလီယားတို႔နဲ႔ အတုက်ေရာက္ေနတာျဖစ္ျပီး၊ ေဘာလံုး အစဥ္အလာမရွိသလိုကမၻာ့အဆင့္ကြာဟေနတဲ႔ မြန္ဂိုလီးယားအသင္းကို မျဖစ္မေန ရလဒ္ေကာင္းေအာင္ ကစားႏိုင္ဖို႕လိုတာျဖစ္ပါတယ္။

အုပ္စုထိပ္ဆံုး ၈သင္းနဲ႔ အေကာင္းဆံုး ဒုတိယေလးသင္း (စုစုေပါင္း ၁၂ ) သင္းသာ ေနာက္တဆင့္ကို တက္ေရာက္ခြင့္ရမွာျဖစ္သလို အာရွဖလားျပိဳင္ပြဲကိုပါ တိုက္ရိုက္ဝင္ခြင့္ရရွိမွာ ျဖစ္လို႕ ဂ်ပန္လို အင္အားျကီးျပိဳင္ဘက္နဲ႔ ပြဲမ်ိဳးကိုသာမကပဲ ပြဲတိုင္းကို ေသခ်ာကစားထားႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ျမန္မာ အသင္းဟာ မြန္ဂိုလီးယားနဲ႔ ပြဲအျပီး မွာ ဂ်ပန္ အသင္းကို အိမ္ရွင္အျဖစ္ ဧည့္ခံသြားရဖို႔ ရွိေနတာေျကာင့္ လည္း မြန္ဂိုလီးယားနဲ႔ ယေန႔ ပြဲစဥ္က ရလဒ္ဟာ အဆိုပါပြဲစဥ္အတြက္ စိတ္ပိုင္း ဆိုင္ရာ သက္ေရာက္မွဳကို ျဖစ္ေစႏိုင္လို႔ အဖြင့္ပြဲမွာ အမွတ္ျပည့္ရယူထားႏိုင္ရင္ေတာ့ အေကာင္းဆံုးျဖစ္မွာျဖစ္ေသခ်ာပါတယ္။

မြန္ဂိုလီးယားအသင္းကိုဂ်ာမနီသားနည္းျပ မိုက္ကယ္ ဝွစ္က ကိုိတြယ္ေနတာျဖစ္ျပီး လတ္တေလာမွာ ကမၻာ့အဆင့္ ၁၈၇ မွာရပ္တည္ေနပါတယ္။ကမၻာ့အဆင့္ ၁၃၅ မွာ ရွိေနတဲ႔ ျမန္မာ အသင္းကို ေတာ့ မြန္တီနီဂရိုးႏိုင္ငံသား ရာဂ်ဴလိဗစ္က ကိုင္တြယ္ေနတာျဖစ္ပါတယ္။

မြန္ဂိုလီးယား အသင္းကျပည္တြင္းအေျခစိုက္ ကစားသမားေတြနဲ႔ ပဲ ဖြဲ႔စည္းထားတာျဖစ္ေပမယ့္ ျမန္မာ အသင္းကေတာ့ျပည္တြင္းအေျခစုိက္ကစားသမားေတြကိုေအာင္သူ၊ ေက်ာ္ကိုကို ၊ သန္းထက္ေအာင္ တို႕လို ျပည္ပထြက္ကစားေနတဲ႔ ကစားသမားေကာင္းေတြနဲ႕ ဝန္းရံထားလို႕ အနည္းငယ္ပိုျပီး အသာရေနတာျဖစ္ပါတယ္။

အုပ္စု F မွာ ဂ်ပန္ အသင္းက ကမၻာ့အဆင့္၃၃ နဲ႔ အျမင့္ဆံုး ေနရာမွာရွိေနျပီး အဲ႔ဒီေနာက္မွာေတာ့ ကာဂ်စၥတန္ အသင္း ( ၉၅ ) ၊ တာဂ်ီကစၥတန္ ( ၁၁၉) ၊ ျမန္မာ ( ၁၃၅ ) နဲ႔ မြန္ဂိုလီးယား ( ၁၈၇ ) တို႔အစဥ္လိုက္ ရွိေနတာျဖစ္ပါတယ္။ျမန္မာအသင္းဟာ အာရွအားကစားျပိဳင္ပြြဲမွာ ခ်န္ပီယံ ၂ျကိမ္၊ အေရွ႔ေတာင္အာရွ အားကစားျပိဳင္ပြဲမွာ ခ်န္ပီယံ၅ျကိမ္ဆက္အပါဝင္ေအာင္ျမင္မွဳေတြရထားဖူးေပမယ့္ ကမၻာ့ဖလားေျခစစ္ပြဲကိုေတာ့ေအာင္ျမင္ထားဖူးျခင္းမရွိေသးတာျဖစ္ပါတယ္။

ျမန္မာ အသင္းနည္းျပ ခ်ဳပ္ရာဂ်ဴလိုဗစ္က ေတာ့ တဦးခ်င္းျက့့ံခိုင္မွဳနဲ႔ နည္းစနစ္ ပိုင္းကိုျပင္ဆင္ျပီး မြန္ဂိုလီးယားနဲ႔ပြဲကိုရင္ဆိုင္သြားမယ္လို႕ ဆိုပါတယ္။ပြဲျကိုမီဒီယာေတြ႔ဆံုပြဲမွာ ရာဂ်ဴလိုဗစ္က –
“ကြ်န္ေတာ့္ အေတြ႔အၾကံဳအရ ၿပိဳင္ပဲြတစ္ပဲြရဲ႕ ပဲြဦးထြက္ ပဲြစဥ္တုိင္းဟာ ခက္ခဲ့ေလ့ရွိသလို မနက္ျဖန္ ပဲြစဥ္ဟာလည္း ကြ်န္ေတာ္တုိ႔အတြက္ ခက္ခဲမွာပါ။ အထူးသျဖင့္ ရာသီဥတု၊ အခ်ိန္နဲ႔ ျမက္ခင္းတုကြင္း စတဲ့ကြာျခား ခ်က္ေတြက အသင္းအတြက္ အနည္းငယ္ အခက္အခဲ ျဖစ္ႏုိင္ပါတယ္။ မြန္ဂိုလီးယား ေျမေပၚမွာ ေနာက္ဆံုးကစားခဲ့တဲ့ ပဲြစဥ္မွာ ျမန္မာအသင္းအရႈံးရလဒ္နဲ႔ ၾကံဳေတြ႔ခဲ့ရတာ ကိုလည္းသိထားပါတယ္။ ဒါေပမဲ့ ဒီေန႔ ဒီအခ်ိန္မွာေတာ့ အသင္းက အမ်ားၾကီး ကြာျခားသြားပါၿပီ။ ၿပီးခဲ့တဲ့ စင္ကာပူနဲ႔ ေျခစမ္းပဲြမွာ ကြ်န္ေတာ္တုိ႔အႏိုင္ရခဲ့ၿပီး ဒီရလဒ္ေကာင္းေၾကာင့္ ကစားသမားေတြကို ကြ်န္ေတာ္ ယံုၾကည္ခ်က္အျပည့္ ရွိပါတယ္။ မနက္ျဖန္ပဲြမွာ ရလဒ္ေကာင္းတစ္ခု ရယူေပးႏုိင္မွာပါ။ အခုလုိ ၿပိဳင္ပဲြေတြယွဥ္ၿပိဳင္ရင္းနဲ႔ ဆူဇူကီးဖလား ၿပိဳင္ပဲြအတြက္ ပိုေကာင္းတဲ့ အသင္းတစ္သင္းကို ကြ်န္ေတာ္တုိ႔ ဖန္တီးႏိုင္မွာပါ။ အသင္းကို နည္းစနစ္ပိုင္းေရာ ကစားသမားေတြ တစ္ဦးခ်င္း ၾက့ံခုိင္မႈအပိုင္းေရာ ႏွစ္ခုလံုးကို ပိုေကာင္းလာဖုိ႔ပဲ အဓိကျပင္ဆင္ပါတယ္ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

ဂိုးသမားျဖစ္သူ ေက်ာ္ဇင္ထက္က လည္း – ” ကြ်န္ေတာ့္ အေနနဲ႔ မြန္ဂိုလီးယား ေျမမွာလာကစားတာ ဒါပါနဲ႔ဆုိ ၂ ၾကိမ္ေျမာက္ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၈ ႏွစ္ကအသင္းနဲ႔ အခုအသင္းက အမ်ားၾကီး ကြာျခားသြားပါၿပီ။ ကြ်န္ေတာ္တို႔လုိပဲ မြန္ဂိုလီးယားအသင္းလည္း တျဖည္းျဖည္း ပိုေကာင္းလာပါတယ္။ အရင္ထက္စာရင္ သူတုိ႔မွာ နည္းစနစ္တက် ကစားႏိုင္လာသလုိ ၾကံ့ခုိင္မႈနဲ႔ ခြန္အားလည္း အရမ္းေကာင္းပါတယ္။ ကြ်န္ေတာ္တို႔ အသင္းအေနနဲ႔ နည္းျပရဲ႕ ညႊန္ၾကားမႈအတုိင္း ေသေသခ်ာခ်ာ လုိက္နာၿပီး ပဲြကို အာရံုစူးစုိက္မႈ အျပည့္နဲ႔ေရာ ၿပိဳင္ဘက္ကို ေလးစားမႈနဲ႔ေရာ အေကာင္းဆံုးယွဥ္ၿပိဳင္မွာပါ။ ပဲြဦးထြက္ ပဲြစဥ္မွာ အႏိုင္ရလဒ္အတြက္ ကြ်န္ေတာ္တို႔တစ္သင္းလံုး အေကာင္းဆံုး ၾကိဳးစားသြားမွာပါ ” လို႔ေျပာထားပါတယ္။

ျမန္မာ အသင္းဟာ မြန္ဂိုလီးယား အသင္းနဲ႔ ၂ ျကိမ္ထိပ္တိုက္ေတြ႔ဆံုထားခဲ႔ဖူးျပီး အိမ္ကြင္းမွာ ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ေပမယ့္ အေဝးကြင္း မွာေတာ့ ၁-၀ ဂိုးနဲ႔ အေရး နိမ့္ထားခဲ႔ရဖူးတာျဖစ္ပါတယ္။

MFF ရဲ႕ထုတ္ျပန္ခ်က္အရာမြန္ဂိုလီးယားေဘာလံုး အဖြဲ႕ခ်ဳပ္ဟာ ဒီပြဲတိုက္ရိုက္ျပသခြင့္ကို Mycujoo apကိုေပးအပ္ထားျပီးျပီျဖစ္လို႕ ျပည္တြင္းရုပ္သံေတြကေန တိုက္ရိုက္ျပသႏိုင္မွာမဟုတ္ပဲ အဆိုပါ app ကေနပဲ ျကည့္ရွဳႏိုင္မွာျဖစ္တယ္လို႕ သိရပါတယ္။ဒီapp ကို Google play store နဲ႔ Apple Appstore ေတြကေန Download ရယူႏိုင္တယ္လို႕ လည္းသိရပါတယ္။

SPORTS MYANMAR

Unicode

ကာတာမြေကိုသွားရောက်နိုင်ဖို့အတွက်ပထမခြေလှမ်း (သို့မဟုတ်) အဖွင့်ပွဲမှာရလဒ်ကောင်းဖို့ကြိုးစားရမယ့်မြန်မာအသင်း
===================================

ကာတာနိုင်ငံ မှာ ကျင်းပသွားဖို့ ရှိနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတွက်အာရှဇုံ ခြေစစ်ပွဲဒုတိယ အဆင့်ပွဲစဉ် တွေကို ယနေ့ မှာ ကျင်းပ သွားတော့ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ အသင်းကတော့ ပွဲဦးထွက် အဖြစ် မွန်ဂိုလီးယား အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ရမှာဖြစ်ပါတယ်။

အာရှဇုံ အသင်းတွေဟာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ဆင်နွှဲခွင့်ရဖို့ ခြေစစ်ပွဲအဆင့်လေး ဆင့်ကျော်ဖြတ်ရမှာဖြစ်ပြီး ပထမအဆင့်နဲ့ ဒုတိယအဆင့် တွေရဲ့ ရလဒ်တွေဟာ ၂၀၂၃ အာရှဖလားပြိုင်ခြေစစ်ပွဲအတွက် လည်း အကျုံးဝင်မှာ ဖြစ်တယ် လို့ အာရှ ဘောလုံးအဖွဲ့ချုပ်က ကြေငြာထားပါတယ်။

အာရှ ဒေသ က အသင်းတွေ ဟာ ကမ္ဘာ့ဖလား ပွဲဲပြိုင်ပွဲကြီးမှာ ခွဲတမ်း ၄.၅ နေရာသာရရှိတာ ဖြစ်ပြီး လေးသင်းက တိုက်ရိုက်ဝင်ခွင့် နဲ့ တသင်းကတော့ play-off ကစားရဦးမှာဖြစ်ပြီးအနိုင်ရမှသာ ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် လည်း လက်ရှိဒုတိယအဆင့်ခြေစစ်ပွဲဝင် အသင်း ၄၀ ထဲကနေနောက်ဆုံးကျန်တဲ့ ၅သင်းထဲ မြန်မာတို့ပါဝင်နိုင်ဖို့အတွက်ကတော့ အိပ်မက်ဆန်ဆန်အနေအခားမျိုးမှာရှိနေတာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကြောင့် ခြေစစ်ပွဲ ဒုတိယအဆင့်ကနေ စတင်ကစားသွားရမယ့် မြန်မာ အသင်းအတွက် ကာတာမြေသွားရောက်ခွင့်အတွက် ပထမဆုံး ခြေလှမ်းအဖြစ်တော့ ယနေ့ မှာကစားရမယ့် မွန်ဂိုလီးယားနဲ့ အဖွင့်ပွဲမှာရလဒ်ကောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာ အသင်းဟာ အုပ်စု F မှာ နာမည်ကြီး ဂျပန် အသင်း၊ ကာဂျစ္စတန်၊တာဂျီကစ္စတန်၊ မွန်ဂိုလီယားတို့နဲ့ အတုကျရောက်နေတာဖြစ်ပြီး၊ ဘောလုံး အစဉ်အလာမရှိသလိုကမ္ဘာ့အဆင့်ကွာဟနေတဲ့ မွန်ဂိုလီးယားအသင်းကို မဖြစ်မနေ ရလဒ်ကောင်းအောင် ကစားနိုင်ဖို့လိုတာဖြစ်ပါတယ်။

အုပ်စုထိပ်ဆုံး ၈သင်းနဲ့ အကောင်းဆုံး ဒုတိယလေးသင်း (စုစုပေါင်း ၁၂ ) သင်းသာ နောက်တဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်သလို အာရှဖလားပြိုင်ပွဲကိုပါ တိုက်ရိုက်ဝင်ခွင့်ရရှိမှာ ဖြစ်လို့ ဂျပန်လို အင်အားကြီးပြိုင်ဘက်နဲ့ ပွဲမျိုးကိုသာမကပဲ ပွဲတိုင်းကို သေချာကစားထားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာ အသင်းဟာ မွန်ဂိုလီးယားနဲ့ ပွဲအပြီး မှာ ဂျပန် အသင်းကို အိမ်ရှင်အဖြစ် ဧည့်ခံသွားရဖို့ ရှိနေတာကြောင့် လည်း မွန်ဂိုလီးယားနဲ့ ယနေ့ ပွဲစဉ်က ရလဒ်ဟာ အဆိုပါပွဲစဉ်အတွက် စိတ်ပိုင်း ဆိုင်ရာ သက်ရောက်မှုကို ဖြစ်စေနိုင်လို့ အဖွင့်ပွဲမှာ အမှတ်ပြည့်ရယူထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာဖြစ်သေချာပါတယ်။

မွန်ဂိုလီးယားအသင်းကိုဂျာမနီသားနည်းပြ မိုက်ကယ် ဝှစ်က ကိိုတွယ်နေတာဖြစ်ပြီး လတ်တလောမှာ ကမ္ဘာ့အဆင့် ၁၈၇ မှာရပ်တည်နေပါတယ်။ကမ္ဘာ့အဆင့် ၁၃၅ မှာ ရှိနေတဲ့ မြန်မာ အသင်းကို တော့ မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိဗစ်က ကိုင်တွယ်နေတာဖြစ်ပါတယ်။

မွန်ဂိုလီးယား အသင်းကပြည်တွင်းအခြေစိုက် ကစားသမားတွေနဲ့ ပဲ ဖွဲ့စည်းထားတာဖြစ်ပေမယ့် မြန်မာ အသင်းကတော့ပြည်တွင်းအခြေစိုက်ကစားသမားတွေကိုအောင်သူ၊ ကျော်ကိုကို ၊ သန်းထက်အောင် တို့လို ပြည်ပထွက်ကစားနေတဲ့ ကစားသမားကောင်းတွေနဲ့ ဝန်းရံထားလို့ အနည်းငယ်ပိုပြီး အသာရနေတာဖြစ်ပါတယ်။

အုပ်စု F မှာ ဂျပန် အသင်းက ကမ္ဘာ့အဆင့်၃၃ နဲ့ အမြင့်ဆုံး နေရာမှာရှိနေပြီး အဲ့ဒီနောက်မှာတော့ ကာဂျစ္စတန် အသင်း ( ၉၅ ) ၊ တာဂျီကစ္စတန် ( ၁၁၉) ၊ မြန်မာ ( ၁၃၅ ) နဲ့ မွန်ဂိုလီးယား ( ၁၈၇ ) တို့အစဉ်လိုက် ရှိနေတာဖြစ်ပါတယ်။မြန်မာအသင်းဟာ အာရှအားကစားပြိုင်ပွွဲမှာ ချန်ပီယံ ၂ကြိမ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ချန်ပီယံ၅ကြိမ်ဆက်အပါဝင်အောင်မြင်မှုတွေရထားဖူးပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကိုတော့အောင်မြင်ထားဖူးခြင်းမရှိသေးတာဖြစ်ပါတယ်။

မြန်မာ အသင်းနည်းပြ ချုပ်ရာဂျူလိုဗစ်က တော့ တဦးချင်းကြ့့ံခိုင်မှုနဲ့ နည်းစနစ် ပိုင်းကိုပြင်ဆင်ပြီး မွန်ဂိုလီးယားနဲ့ပွဲကိုရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ပွဲကြိုမီဒီယာတွေ့ဆုံပွဲမှာ ရာဂျူလိုဗစ်က –
“ကျွန်တော့် အတွေ့အကြံုအရ ပြိုင်ပွဲတစ်ပွဲရဲ့ ပွဲဦးထွက် ပွဲစဉ်တိုင်းဟာ ခက်ခဲ့လေ့ရှိသလို မနက်ဖြန် ပွဲစဉ်ဟာလည်း ကျွန်တော်တို့အတွက် ခက်ခဲမှာပါ။ အထူးသဖြင့် ရာသီဥတု၊ အချိန်နဲ့ မြက်ခင်းတုကွင်း စတဲ့ကွာခြား ချက်တွေက အသင်းအတွက် အနည်းငယ် အခက်အခဲ ဖြစ်နိုင်ပါတယ်။ မွန်ဂိုလီးယား မြေပေါ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအသင်းအရှုံးရလဒ်နဲ့ ကြံုတွေ့ခဲ့ရတာ ကိုလည်းသိထားပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ အသင်းက အများကြီး ကွာခြားသွားပါပြီ။ ပြီးခဲ့တဲ့ စင်ကာပူနဲ့ ခြေစမ်းပွဲမှာ ကျွန်တော်တို့အနိုင်ရခဲ့ပြီး ဒီရလဒ်ကောင်းကြောင့် ကစားသမားတွေကို ကျွန်တော် ယုံကြည်ချက်အပြည့် ရှိပါတယ်။ မနက်ဖြန်ပွဲမှာ ရလဒ်ကောင်းတစ်ခု ရယူပေးနိုင်မှာပါ။ အခုလို ပြိုင်ပွဲတွေယှဉ်ပြိုင်ရင်းနဲ့ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပိုကောင်းတဲ့ အသင်းတစ်သင်းကို ကျွန်တော်တို့ ဖန်တီးနိုင်မှာပါ။ အသင်းကို နည်းစနစ်ပိုင်းရော ကစားသမားတွေ တစ်ဦးချင်း ကြ့ံခိုင်မှုအပိုင်းရော နှစ်ခုလုံးကို ပိုကောင်းလာဖို့ပဲ အဓိကပြင်ဆင်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဂိုးသမားဖြစ်သူ ကျော်ဇင်ထက်က လည်း – ” ကျွန်တော့် အနေနဲ့ မွန်ဂိုလီးယား မြေမှာလာကစားတာ ဒါပါနဲ့ဆို ၂ ကြိမ်မြောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်ကအသင်းနဲ့ အခုအသင်းက အများကြီး ကွာခြားသွားပါပြီ။ ကျွန်တော်တို့လိုပဲ မွန်ဂိုလီးယားအသင်းလည်း တဖြည်းဖြည်း ပိုကောင်းလာပါတယ်။ အရင်ထက်စာရင် သူတို့မှာ နည်းစနစ်တကျ ကစားနိုင်လာသလို ကြံ့ခိုင်မှုနဲ့ ခွန်အားလည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ နည်းပြရဲ့ ညွှန်ကြားမှုအတိုင်း သေသေချာချာ လိုက်နာပြီး ပွဲကို အာရုံစူးစိုက်မှု အပြည့်နဲ့ရော ပြိုင်ဘက်ကို လေးစားမှုနဲ့ရော အကောင်းဆုံးယှဉ်ပြိုင်မှာပါ။ ပွဲဦးထွက် ပွဲစဉ်မှာ အနိုင်ရလဒ်အတွက် ကျွန်တော်တို့တစ်သင်းလုံး အကောင်းဆုံး ကြိုးစားသွားမှာပါ ” လို့ပြောထားပါတယ်။

မြန်မာ အသင်းဟာ မွန်ဂိုလီးယား အသင်းနဲ့ ၂ ကြိမ်ထိပ်တိုက်တွေ့ဆုံထားခဲ့ဖူးပြီး အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အဝေးကွင်း မှာတော့ ၁-၀ ဂိုးနဲ့ အရေး နိမ့်ထားခဲ့ရဖူးတာဖြစ်ပါတယ်။

MFF ရဲ့ထုတ်ပြန်ချက်အရာမွန်ဂိုလီးယားဘောလုံး အဖွဲ့ချုပ်ဟာ ဒီပွဲတိုက်ရိုက်ပြသခွင့်ကို Mycujoo apကိုပေးအပ်ထားပြီးပြီဖြစ်လို့ ပြည်တွင်းရုပ်သံတွေကနေ တိုက်ရိုက်ပြသနိုင်မှာမဟုတ်ပဲ အဆိုပါ app ကနေပဲ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ဒီapp ကို Google play store နဲ့ Apple Appstore တွေကနေ Download ရယူနိုင်တယ်လို့ လည်းသိရပါတယ်။

SPORTS MYANMAR