မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဒင်းနစ် အာဝင် က ဒီ ရာသီ မှာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ အသင်း အတွက် အရေး အပါဆုံး ကစားသမား ဖြစ်လာ လိမ့်မယ် လို့ ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

 

ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ယူနိုက်တက် အတွက် 13 ဂိုး သွင်းယူ ပေးပြီး အသင်းရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ သလို 9 ကြိမ် အထိ ဂိုး ဖန်တီးရင်း အသင်း ရဲ့ ဂိုး ဖန်တီးမှု အများဆုံး ကစားသမား လည်း ဖြစ်နိုင် ခဲ့ပါတယ် ။

” ပေါလ် လို ထူးခြား တဲ့ အရည်အသွေး မျိုးနဲ့ ကစားသမား ကောင်းတွေ သိပ် မရှိ ပါဘူး ။ သူဟာ သူ့ရဲ့ အရှေ့ မှာ မြန်နှုန်းမြင့် ကစားသမား တွေ အများကြီး ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ ဒါ့ ကြောင့် ဘယ်လို အလန်းစား ဘောလုံး ပေးပို့ မှုတွေ ပြုလုပ် ရ မလဲ ဆိုတာ သူ နားလည် နေလောက် ပါပြီ ”

” ကျွန်တော် တို့ တွေဟာ သူ့ဆီ က တည်ငြိမ် တွေ ခြေစွမ်း တွေကို ဆက်တိုက် မြင်တွေ့ နိုင်ဖို့ လိုအပ် ပါတယ် ။ အခုလို တိုက်စစ် တွေ ဆက်တိုက် ဆင်ရင်း ကစား နေတဲ့ ကစား ကွက် တစ်ခု မှာ သူဟာ အရေး ပါလွန်း တဲ့ ကဏ္ဍ တစ်ရပ် မှ ပါဝင် ပေးနိုင် ပါတယ် ”

” အသင်း တိုင်းမှာ စွန့်စား မှုတွေ လုပ်ဆောင် ရမယ့် ကစား သမား မျိုး ရှိသင့် ပါတယ် ။ ကျွန်တော် သူ့ကို ကြည့် လိုက်တဲ့ အခါတိုင်း မှာ သူဟာ အဟန့် အတား များစွာ ကို အကွက် မြင်စွာ ကျော်ဖြတ် နိုင်တဲ့ အရည်အသွေး မျိုး ပိုင်ဆိုင် နေတယ် ဆိုတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ”

” ဒီ ရာသီ အတွင်း နိုင်ပွဲ တွေကို ရရှိ နိုင်ရေး အတွက် ကျွန်တော် တို့ တွေဟာ အခွင့် အရေး ကောင်းတွေ များစွာ ဖန်တီး နိုင်ခဲ့ ကြ ပါတယ် ။ အဲ့ဒီလို အနေ အထား တွေကို ပိုင်ဆိုင် နိုင်ရေး မှာ ပေါ့ဂ်ဘာ ဟာ ကျွန်တော် တို့ အတွက် အရေး အပါဆုံး ကစားသမား တစ်ယောက် ဖြစ်လာ နိုင် ပါတယ် ” လို့ အာဝင် က ဆိုသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ နိုင်ငံတကာ ပွဲစဉ် တွေ မတိုင်မီ မှာ ယူနိုက်တက် ဟာ 4 ပွဲ ကစား ရာမှာ 5 မှတ် ရယူ နိုင်ခဲ့ ပြီး အမှတ်ပေး ဇယား အဆင့် 8 နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ ဒါ့အပြင် သူတို့ ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 3 ပွဲမှာ နိုင်ပွဲ မရှာဖွေ နိုင်ခဲ့ သေး ပါဘူး ။

ဒါပေမယ့် ယူနိုက်တက် ဟာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် မှာ ရှိကြောင်း ၊ စိတ်ရှည် ဖို့ လိုအပ် ကြောင်း ပရိသတ် တွေကို အာဝင် က တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” နောက်ဆုံး ကစား ခဲ့တဲ့ 3 ပွဲမှာ ကျွန်တော် တို့ အသင်း က 2 မှတ်ပဲ ရယူ နိုင် ခဲ့တယ် ဆိုတာ ကျွန်တော် သိ ပါတယ် ။ ဒါပေမယ် လက်ရှိ ခြေစွမ်း နဲ့ အနေအထား တွေက ကျွန်တော် တို့ အများကြီး ရှေ့ဆက် နိုင်တယ် ဆိုတဲ့ ခံစားချက် ကို ဖြစ်ပေါ် စေ ပါတယ် ”

” ဒီ အတွက် ကျွန်တော် တို့ နည်းနည်း ထပ်ပြီး စိတ်ရှည် ကြဖို့ လိုအပ် ပါတယ် ။ ထိပ်ဆုံး နှစ်သင်း ကို ကျွန်တော် တို့ ဒီနှစ် မှာ ယှဉ်နိုင် ဦးမှာ မဟုတ်သေး ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ အထက် ကို တက်နိုင် ဖို့ ၊ မနှစ် ကထက် ပိုကောင်း ဖို့တော့ လိုအပ် နေတာ အသေအချာ ပါပဲ ” လို့ အာဝင် က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် ဒီ ရာသီ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ လာခဲ့ ပြီး အထူး ခြေစွမ်း ကောင်းတွေ ကို ပြသ နိုင် ခဲ့တဲ့ ညာ နောက်ခံလူ အာရွန် ဝမ် ဘစ်တာကာ ရဲ့ ခြေစွမ်း အပေါ် အထူး အံ့အား သင့်မိ ကြောင်း ၊ သူဟာ ဘောလုံး ရယူ ရေး အမြင် ကောင်းလွန်း သူ ဖြစ်ကြောင်း အာဝင် က ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဘစ်ဆာကာ ) ရဲ့ ဘောလုံး ရယူ နိုင်ရေး အမြင် ဟာ တစ်ကယ့် ကို ကောင်းမွန် လွန်းလှ ပါတယ် ။ ဒါဟာ တောင်ပံ တိုက်စစ် ကစားသမား အဖြစ် ကစား ခဲ့တဲ့ လူ တစ်ဦး ဆီက မြင်တွေ့ ရတဲ့ အံ့အား သင့်ဖွယ် အရည်အသွေး တွေ ပါပဲ ။ သူ့ အတွက် တော့ လေ့လာ ရမှာ တွေ အများကြီး ရှိနေ သေး ပေမယ့် သူဟာ ဒီ ရာသီ ယူနိုက်တက် အတွက် အကြီးကြီး အပေါင်း လက္ခဏာ ဆောင်နိုင် မယ့် သူပါ ”

” ကျွန်တော် တို့ ရှေ့ဆက် ပြီး Cleen Sheet တွေကို ရယူ နိုင်ဖို့ လိုအပ် နေပါ ပြီ ။ ကျွန်တော် တို့ အခု မှန်ကန် တဲ့ လမ်းကြောင်း အပေါ် စတင် လျှောက်လှမ်း နေပြီ လို့ ခံစား နေရ ပါပြီ ။ ခံစစ် ကစား ပုံတွေ တိုးတက် ကောင်းမွန် လာမှု တွေနဲ့ အတူ ပေါ့ ” လို့ ဒင်းနစ် အာဝင် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar