ဥေရာပ အသင္းၾကီးေတြ အားလံုးနီးပါးက အလိုရွိေနတဲ့ ေအဂ်က္ အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေနာက္တန္း လူငယ္ ကစားသမားေလး ဒီလစ္ ကေတာ့ သူ႔အေနနဲ႔ လက္ေရြးစင္ ကစားေဖာ္ၾကီး ဗန္ဒိုက္ရွိရာ လီဗာပူး အသင္းဆီလဲ ေျပာင္းေရႊ႕ဖို႔ ျဖစ္ႏိုင္ေၾကာင္း ၀န္ခံ ေျပာဆုိသြားခဲ့ ပါတယ္။

လီဗာပူး အသင္းကလဲ ဒီရာသီမွာ လက္ရွိ ကစားသမားေတြ ျဖစ္တဲ့ မာတစ္ နဲ႔ လိုဗရန္ တို႔ဟာ ထင္သေလာက္ အားကိုးရျခင္း မရွိတာေၾကာင့္ ၊ ေနာက္ထပ္ အဆင့္မီ ေနာက္တန္း ကစားသမား ေခၚယူဖြယ္ ရွိေနတယ္လို႔ သံုးသပ္ေနၾကျပီး ၊ ဒီလစ္ဟာ အသင္းရဲ႕ ေရြးခ်ယ္စရာ ပစ္မွတ္ တစ္ခု ျဖစ္လာဖြယ္ ရွိေနပါတယ္။

လက္ရွိ အေနအထားေတြ မွာေတာ့ ဘာစီလိုနာ ၊ ဂ်ဴဗီ တို႔က က အဆိုပါ ေဟာ္လန္ ေနာက္တန္း ကစားသမားေလးကို ေခၚယူဖို႔ အျပင္းအထန္ ၾကိဳးစားေနၾကျပီး ၊ ကတ္တလန္ အေျခစိုက္ ဘာစီလိုနာ အသင္းက ေျခလွမ္းအသြက္ဆံုး ျဖစ္ေန ပါတယ္။

Goal.com နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ အသက္ 19 ႏွစ္ အရြယ္ လူငယ္ ကစားသမားေလးက ” ဗန္ဒိုက္ဟာ ထိပ္တန္းလိဂ္ ျပိဳင္ပြဲေတြမွာ အေတြ႔အၾကံဳေကာင္းေတြ အမ်ားၾကီး ရယူထားတဲ့ ကစားသမားၾကီးပါ။ သူ႔လို ေနာက္တန္း ကစားသမားမ်ိဳး ဆီကေန လူငယ္တိုင္းက သင္ယူခ်င္ၾကတာေပါ့ဗ်ာ။

ေဟာ္လန္ လက္ေရြးစင္ အသင္းမွာလဲ သူနဲ႔ အတူ လက္တြဲ ကစားခြင့္ ရတာ ေတာ္ေတာ္ေလးကို အေထာက္အကူ ျပဳပါတယ္။ လီဗာပူးကို ေျပာင္းေရႊ႕ ကစားဖို႔လား၊ ျဖစ္ႏိုင္တာေပါ့ ၊ လီဗာပူး ကလဲ ထိပ္တန္း ကလပ္ပဲေလ။ ဒါေပမယ့္ က်ေနာ္ ကေတာ့ အဲဒီ အေၾကာင္းကို ေခါင္းထဲ ထည့္မထားပါဘူး ၊ ေလာေလာဆယ္မွာ ေအဂ်က္ အတြက္ပဲ အာရံုစိုက္ထားပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

Unicode

လီဗာပူးကို ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားတဲ့ အကြောင်း ရင်ဖွင့်လိုက်တဲ့ #ဒီလစ်


ဥရောပ အသင်းကြီးတွေ အားလုံးနီးပါးက အလိုရှိနေတဲ့ အေဂျက် အသင်းရဲ့ အသင်းခေါင်းဆောင် နောက်တန်း လူငယ် ကစားသမားလေး ဒီလစ် ကတော့ သူ့အနေနဲ့ လက်ရွေးစင် ကစားဖော်ကြီး ဗန်ဒိုက်ရှိရာ လီဗာပူး အသင်းဆီလဲ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ကြောင်း ၀န်ခံ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး အသင်းကလဲ ဒီရာသီမှာ လက်ရှိ ကစားသမားတွေ ဖြစ်တဲ့ မာတစ် နဲ့ လိုဗရန် တို့ဟာ ထင်သလောက် အားကိုးရခြင်း မရှိတာကြောင့် ၊ နောက်ထပ် အဆင့်မီ နောက်တန်း ကစားသမား ခေါ်ယူဖွယ် ရှိနေတယ်လို့ သုံးသပ်နေကြပြီး ၊ ဒီလစ်ဟာ အသင်းရဲ့ ရွေးချယ်စရာ ပစ်မှတ် တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

လက်ရှိ အနေအထားတွေ မှာတော့ ဘာစီလိုနာ ၊ ဂျူဗီ တို့က က အဆိုပါ ဟော်လန် နောက်တန်း ကစားသမားလေးကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေကြပြီး ၊ ကတ်တလန် အခြေစိုက် ဘာစီလိုနာ အသင်းက ခြေလှမ်းအသွက်ဆုံး ဖြစ်နေ ပါတယ်။

Goal.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အသက် 19 နှစ် အရွယ် လူငယ် ကစားသမားလေးက ” ဗန်ဒိုက်ဟာ ထိပ်တန်းလိဂ် ပြိုင်ပွဲတွေမှာ အတွေ့အကြုံကောင်းတွေ အများကြီး ရယူထားတဲ့ ကစားသမားကြီးပါ။ သူ့လို နောက်တန်း ကစားသမားမျိုး ဆီကနေ လူငယ်တိုင်းက သင်ယူချင်ကြတာပေါ့ဗျာ။

ဟော်လန် လက်ရွေးစင် အသင်းမှာလဲ သူနဲ့ အတူ လက်တွဲ ကစားခွင့် ရတာ တော်တော်လေးကို အထောက်အကူ ပြုပါတယ်။ လီဗာပူးကို ပြောင်းရွှေ့ ကစားဖို့လား၊ ဖြစ်နိုင်တာပေါ့ ၊ လီဗာပူး ကလဲ ထိပ်တန်း ကလပ်ပဲလေ။ ဒါပေမယ့် ကျနော် ကတော့ အဲဒီ အကြောင်းကို ခေါင်းထဲ ထည့်မထားပါဘူး ၊ လောလောဆယ်မှာ အေဂျက် အတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။