SPORTS MYANMAR
Unicode
နယူးကာဆယ် နောက်ခံလူကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြသည့် အာဆင်နယ် နဲ့ တော့တင်ဟမ်
လန်ဒန် မြို့ ခံ ပြိုင် ဘက် နှစ် သင်း ဖြစ် တဲ့ အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်း တို့ဟာ နယူးကာဆယ် အသင်း နောက်ခံလူ ဖေဘီယန် ရှား ( Fabian Schar ) ကို ခေါ် ယူ ဖို့ စိတ် ဝင် စား နေ ကြ တယ် လို့ သ တင်း တွေ ထွက် ပေါ် လာ ပါ တယ် ။
ဖေဘီယန် ရှား ( Fabian Schar ) ဟာ ယခုနှစ် ရာ သီ မှာ ခြေ စွမ်း ကောင်း တွေ ပြ သ နေ ပြီး ပ ရီး မီး ယား လိဂ် ရဲ့ ဖေ ဖော် ဝါ ရီ လ တစ် လ တာ အ ကောင်း ဆုံး သွင်း ဂိုး ဆု ကို လည်း ရ ရှိ ခဲ့ ပါ တယ် ။
နယူးကာဆယ် အသင်းဟာ ရာသီ အစတုန်းက ရုန်း ကန် ခဲ့ ရ ပေ မယ့် အ ခု နောက် ပိုင်း မှာ တော့ နိုင် ပွဲ တွေ ပြန် ရ ယူ ကာ အ ဆင့် ၁၃ နေ ရာ မှာ ရပ် တည် နေ ပါ တယ် ။ မနေ့ညက ပွဲမှာလည်း နယူးကာဆယ် အသင်းဟာ အဲဗာတန် အသင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့် နေရာကနေ ပြန်လိုက်ကစားပြီး ၃-၂ နဲ့ အနိုင်ရ သွားခဲ့ပါတယ် ။
အဲဗာတန် အသင်းနဲ့ ပွဲမှာ နောက်ခံလူ ဖေဘီယန် ရှား ဟာ ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပါတယ် ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖေဘီယန်ရှား ရဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်းတို့ဟာ လာမည့် နွေရာသီ အပြောင်းအရွှေ့ မှာ အရခေါ်ယူဖို့ အပြိုင် စိတ်ဝင်စား နေကြတာပါ ။
ဖေဘီယန် ရှား ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဒီဗို့တီဗို့ အသင်းကနေ နယူးကာဆယ် အသင်းကို ပြောင်းရွှေ့ ကြေး ပေါင် ၃ သန်း နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ယခုနှစ် ရာသီမှာ ၂၁ ပွဲ က စား ထား ကာ ၃ ဂိုး သွင်း ယူ ထား နိုင် ပါ တယ် ။
အာဆင်နယ် အသင်း နဲ့ တော့တင်ဟမ် အသင်း တို့ဟာ ဖေဘီယန် ရှား ဘေဆယ် အသင်းမှာ ကစားစဉ် ကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာလို့လည်း သိရပါတယ် ။ ဆွဇ်ဇာလန် နောက်ခံလူ ရှား ဟာ ဖေဖော်ဝါရီလတုန်းက ဘန်လေ အသင်းဘက်ကို သွင်းယူခဲ့တဲ့ အဝေးကန်ချက်နဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ် ။
ဖေဘီယန် ရှား က တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု ကို လက်ခံ ရရှိတာနဲ့ ပတ်သက်ပြီး ” ကျနော် ရှေ့မှာ နေရာလွတ် အနည်းငယ် ရှိနေတော့ အဝေးကနေ လှမ်းကန်ကြည့်လိုက်တာပါ ။ ကျနော့် အတွက် တကယ့်ကို အမှတ်တရ ပါပဲ ၊ အခုလို ဆုမျိုး ကျနော် တစ်ခါမှ မရဖူးပါဘူး ၊ ကျနော့် ကစားသမားဘဝ နောက်ဆုံးဆုတောင် ဖြစ်ချင် ဖြစ်နေမှာပါ ။ “
” ကျနော့် အတွက် တကယ့်ကို ထူးခြားတာပါ ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော် ဂိုးသွင်းတဲ့ ပွဲမှာ အသင်းကလည်း အနိုင် ရသွားပါတယ် ။ အနိုင်ရဖို့က အရေးကြီးဆုံးပါပဲ ၊ ကျနော် ဂိုးတွေ အများကြီး မ သွင်း ဖူး ပါ ဘူး ။ ဒါ ကြောင့် ဒီ ဂိုး က ကျ နော့် အ တွက် အကောင်းဆုံး သွင်းဂိုး တစ်ဂိုး ဖြစ်နေမှာပါ ။ ” လို့ ဆိုပါတယ် ။
SPORTS MYANMAR