အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစား ပေးဖို့ ပြင်ဆင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ် က သူ့ဆီ မှာ ရှိနေ တဲ့ ကစားသမား တွေရဲ့ ဂျာစီ ကို ထုတ်ဖော် ပြသ ရင်း ပြိုင်ဖက် ကစားသမား တစ်ဦး နဲ့ ဂျာစီ လဲလှယ် လိုတဲ့ ဆန္ဒ ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

လင်ဂတ် ဟာ ကစားသမား ဘဝ ကို မန်ချက်စတာ ယူနိုက်တက် အသင်း မှာပဲ မြှုပ်နှံ ထားသူ တစ်ဦး ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက် 24 ပွဲထိ ကစား ပေးထား တဲ့ အချိန်မှာ ပြိုင်ဖက် ကစားသမား ကောင်းတွေ များစွာ နဲ့ တွေ့ဆုံ ရင်ဆိုင် ခဲ့ ဖူးသူ တစ်ဦး ပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဉ် တွေမှာ တော့ သူဟာ ပြိုင်ဖက် အသင်း သား များစွာ နဲ့ ဂျာစီ လဲလှယ် ပြီး အမှတ်တရ စုဆောင်း ထားနိုင် ခဲ့ ပါတယ် ။ အခုတော့ သူဟာ ကမ္ဘ္ဘာ့ အနှံ့ မှာ ရှိတဲ့ ပရိသတ် တွေကို သူ စုဆောင်း ထားနိုင် ခဲ့တဲ့ ဘောလုံး ဂျာစီ တွေ ထုတ်ဖော် ပြသ သွားခဲ့ ပြီး PSG စတား ဗာရတ်တီ နဲ့ ဂျာစီ လဲလှယ် ဖို့ စိတ်အား ထက်သန် နေတဲ့ အကြောင်း သူ့ရဲ့ ဆန္ဒ တွေကို ထုတ် ပြော သွားခဲ့ လိုက် ပါတယ် ။

သူ ထုတ်ပြ ခဲ့တဲ့ ဂျာစီ တွေ ထဲမှာ တော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစား ပေးနေ တုန်း ပြင်သစ် ၊ အီတလီ အသင်း တွေနဲ့ ရင်ဆိုင် ခဲ့စဉ် တုန်းက ယူနိုက်တက် အသင်း ဖော် ပေါလ် ပေါ့ဂ်ဘာ ၊ မတ်တီယို ဒါမီယံ တို့နဲ့ လဲလှယ် ခဲ့တဲ့ ဂျာစီ တွေလည်း ပါဝင် ခဲ့ ပါတယ် ။ ဒါပေမယ့် အခုတော့ သူက ဂျာစီ တွေကို ထုတ်ပြရင်း PSG စတား ဗာရတ်တီ ရဲ့ ဂျာစီ ကို ကိုင်ရင်း ပြိုင်ဖက် ကစားသမား ရဲ့ အရည်အသွေး တွေကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် မာကို ဗာရတ်တီ ကို ကစားသမား တစ်ဦး အနေ နဲ့ အရမ်း ပဲ နှစ်သက် လှ ပါတယ် ။ ကျွန်တော် သူ့ ဂျာစီ ကိုလည်း ရခဲ့ ဖူး ပါတယ် ။ သူဟာ ကွင်းလယ် မှာ တစ်ကယ့် ကို ပေါ့ပါး သွက်လက် စွာ ကစား ပြ နိုင်တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူ့ဆီ က ဘောလုံး ရယူ နိုင်ဖို့ ခက်ခဲ လှ ပါတယ် ။ သူဟာ ဥာဏ်ကောင်း လှတဲ့ ကစားသမား တစ်ဦး ပါပဲ ” လို့ လင်ဂတ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဗာရတ်တီ ကို ချီးကျူး သွား ခဲ့တဲ့ နောက်တော့ လင်ဂတ် ဟာ သူ့ရဲ့ You Tube ဗွီဒီယို အပေါ် မှာ နောက်ထပ် ပြိုင်ဖက် တစ်ဦး ဖြစ်သူ ဘရာဇီး လက်ရွေးစင် ဘယ် နောက်ခံလူ မာဆယ်လို အကြောင်း ကိုပါ ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ဘရာဇီး က ရရှိ ခဲ့တဲ့ ဂျာစီ အကြောင်း ပြောရမယ် ဆိုရင် တော့ မာဆယ်လို အကြောင်း ပြောချင် ပါတယ် ။ သူဟာ အရည်အသွေး ထူးကဲ ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ပါပဲ ။ အထူး သဖြင့် သူ့ရဲ့ ဘယ် ခြေထောက် ပေါ့ဗျာ ”

” သူဟာ ဘရာဇီး အသင်း အတွက် အရေးပါ လွန်းတဲ့ ကစား သမား တစ်ဦး ပါပဲ ။ သူဟာ ကွင်း ပြင်ပ မှာလည်း တစ်ကယ့် လူကောင်း တစ်ဦး ပါ ။ သူဟာ ဘောလုံး ကိုင် ကစား တာ အရမ်း ကောင်းမွန် လှ ပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့ ဂျာစီ ကို သိမ်းထား ခဲ့တာ ပါ ” လို့ လင်ဂတ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar