BT Sports ရဲ့ သတင်း သုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ခရစ် ဆပ်တွန် က အလက်ဆစ် ဆန်းချက် ကို ယူနိုက်တက် မှ ထွက်ခွာ ခွင့် ပေးလိုက် ခဲ့တဲ့ ဆိုးလ်ရှား ရဲ့ ဆုံးဖြတ်ချက် ကို ဝေဖန် ရင်း အဲ့တာ က ကိုယ့် ဒုက္ခ ကိုယ်တိုင် ရှာခြင်း ပဲ ဖြစ်ကြောင်း ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဘယ် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ 18 လကျော် ကစားရင်း ခြေစွမ်း မပြနိုင် ခဲ့တဲ့ နောက် ပွဲထွက် ကစား ခွင့်တွေ ဆုံးရှုံး ခဲ့တဲ့ အတွက် အခုလို အသင်း ပြောင်း လိုခဲ့ တာပဲ ဖြစ်ပါတယ် ။

အခုတော့ သူဟာ အင်တာ မီလန် အသင်း မှာ ယူနိုက်တက် အသင်း ဖော်ဟောင်း ရိုမီလူ လူကာကူ နဲ့ အတူ ကစား ရပါ တော့မယ် ။ ဒါပေမယ့် အခြား တစ်ဖက် မှာတော့ သူတို့ တွေကို ဆုံးရှုံး ခဲ့တဲ့ ယူနိုက်တက် ဟာ တိုက်စစ် ပိုင်းမှာ သိသိသာသာ အင်အား နည်းပါး သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ တိုက်စစ် ကစားသမား နှစ်ဦး ကို လက်လွှတ် ခဲ့ခြင်း က ကြီးမားတဲ့ အမှား တစ်ခု ကို ကျူးလွန် လိုက်ခြင်း ဖြစ်ကြောင်း ၊ ဒီ အတွက် ပေးဆပ် မှု ကြီးမား လိမ့်မယ် လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ယူနိုက်တက် ဟာ ထိပ်သီး လေးသင်း စာရင်း ထဲကို ပြန်လည် ဝင်ရောက် နိုင်ဖို့ အတွက် လုံလောက် တဲ့ ကစားသမား စုဖွဲ့ မှု အင်အား မပိုင်ဆိုင် ထားဘူး လို့ ထင်ပါတယ် ”

” သူတို့ တွေ အလက်ဆစ် ကို ထွက်ခွာ ခွင့် ပေးလိုက် ကြတာ ကျွန်တော် ဖြင့် ယုံတောင် မယုံနိုင် ပါဘူး ။ သူတို့ဟာ အဲ့ဒီ မတိုင်ခင် လူကာကူ ကို ရောင်းချ ခဲ့ပြီး အစား ထိုးဖို့ ကစားသမား လည်း မခေါ်ယူ ထားခဲ့ ကြဘူး လေ ။ ဒါ့ကြောင့် သူတို့ တိုက်စစ် အင်အား နည်းခဲ့ ရ ပါပြီ ”

” ကျွန်တော် ကတော့ ဆိုးလ်ရှား ကိုယ့်ဟာကိုယ် ဒုက္ခ ရှာလိုက် သလို ဖြစ်သွား မှာတောင် စိုးရိမ် မိ ပါတယ် ။ အခုတော့ သူဟာ ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ အသက် 17 နှစ်သာ ရှိနေ သေးတဲ့ မာဆွန် ဂရင်းဝုဒ် တို့ကို သာ တိုက်စစ် ပိုင်း အတွက် အားကိုး နေရ ပါတယ် ”

” ဆိုးလ်ရှား ဟာ ဒီလူ စားရင်း နဲ့ အဆုံးထိ ဆက်နိုင် လိမ့်မယ် လို့ ကျွန်တော် မယုံကြည် ပါဘူး ။ သူဟာ ပြီး ခဲ့တဲ့ ရာသီ ဝက် လောက်က မှ ယူနိုက်တက် ကို ကိုင်တွယ် ခဲ့တာ ပါ ။ ဒါ့အပြင် နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 7 ပွဲမှာ တစ်ပွဲ သာ အနိုင် ရရှိ နိုင်ခဲ့ ပါတယ် ။ သူတို့ ရဲ့ ပြသနာ တွေက ရေတွက် လို့တောင် မရနိုင် ပါဘူး ” လို့ ခရစ် ဆပ်တွန် က ဝေဖန် ခဲ့ပါတယ် ။

ဆန်းချက် ကတော့ အင်တာ တို့ ကတ်ဂလီယာရီ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့် ရရှိ ထားခဲ့ ပြီး ပွဲထွက် ကစား ခွင့်တွေ ရရှိ သွားဖို့ ရှိနေ ပါတယ် ။ လူကာကူ ကတော့ အသင်း သစ် အတွက် ကစား ပေး ခဲ့တဲ့ ပွဲစဉ် 2 ပွဲမှာ 2 ဂိုး သွင်းယူ ပေးရင်း ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တိုက်စစ်ပိုင်း ဟာ အခွင့် အရေး ကောင်းတွေ ရရှိ ခဲ့ ပေမယ့် ဂိုးသွင်း နိုင်ဖို့ ရုန်းကန် နေခဲ့ ရပြီး အမှတ် တွေ ဆုံးရှုံး နေခဲ့ ရ ပါတယ် ။

#Sports_Myanmar