မိုက်ကယ် အိုဝင် ရဲ့ စာအုပ် သစ် ကတော့ မိတ်ဆွေ ထက် ရန်သူ တွေကို ပိုပြီး များပြား လာစေ မလား မသိ ပါဘူး ။ Reboot လို့ အမည် ပေးထား တဲ့ စာအုပ် ဟာ ယနေ့ ညနေ ပိုင်း မှာ စတင် ဖြန့်ချီ တော့ မှာ ဖြစ်ပြီး ရှေ့ တစ်ပတ် လောက် ကတည်းက စာမြည်း အဖြစ် အပိုင်း အချို့ ကို သတင်း ဌာန တွေ က ဖော်ပြ ပေးခဲ့ပြီး ဖြစ် ပါတယ် ။

ဒီလို ဖော်ပြမှုတွေ ထဲ မှာ ဘာကြောင့် နယူးကာဆယ် မှာ ကစား ရတာ ကို မပျော်ရွှင် ခဲ့ သလဲ ၊ ကာပယ်လို ၊ အလန်ရှီးယား ၊ ဒေးဗစ် ဘက်ခမ်း တို့ အပေါ် ဘယ်လိုတွေ ဝေဖန် ခဲ့သလဲ ဆိုတာတွေ ပါဝင် ခဲ့ပြီး အကောင်း မြင် မှတ်ချက် အဖြစ် ဆာအဲလက်စ် ဖာဂူဆန် တစ်ဦးသာ ပါရှိ ခဲ့ ပါတယ် ။

ဒါကြောင့် အိုဝင် ကို ဆိုရှယ် မီဒီယာ ပေါ်ကနေ တုန့်ပြန် ဝေဖန်သူ တွေ ရှိခဲ့ပြီး ယခု နောက်ဆုံး ၀င်ပါ လာခဲ့ သူ ကတော့ ချဲလ်ဆီး နဲ့ နယူး ကာဆယ် ကစား သမား ဟောင်း ဂျိုးအယ်လွန် ပဲ ဖြစ်ပါတယ် ။ အယ်လွန် ဟာ အဆိုပါ ကလပ်တွေ မှာ အရန် ကစား သမား အဖြစ် နဲ့ သာ ရှိ ခဲ့ပြီး နယူးကာဆယ် မှာ ၃ နှစ် အတွင်း ၉ ပွဲ ၊ ချဲလ်ဆီး မှာ ၁ နှစ် အတွင်း ၁၂ ပွဲ သာ ကစားခဲ့ရ ပါတယ် ။

ဒါပေမယ့် အယ်လွန် ဟာ ကလပ် တွေ နဲ့ ယနေ့ အထိ အဆက်အသွယ် ရှိနေဆဲ ဖြစ်ပြီး မိုက်ကယ် အိုဝင် ရဲ့ နယူးကာဆယ် အသင်းက အကြောင်း တွေကို ကောင်းစွာ သိရှိ ထားခဲ့ ပါတယ် ။ Reboot စာအုပ် ထဲက နယူး ကာဆယ် အပေါ် ဝေဖန်မှု တွေ ထွက်ပေါ် လာအပြီး မှာတော့ အယ်လွန် ကလည်း အိုဝင် ကို ပြန်လည် ထိုးနှက် ပြောဆို ခဲ့ ပါတယ် ။

အိုဝင် ဟာ နယူးကာဆယ် ထံ ရီးရဲမက်ဒရစ် အသင်း ကနေ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး တစ်ပတ် လုပ်ခ အဖြစ် ပေါင် ၁၂၀၀၀၀ ရရှိ ခဲ့ပါတယ် ။ ဒါဟာ နယူးကာဆယ် အတွက် မြင့်မားလှတဲ့ ပေးချေမှု ဖြစ်ပြီး အိုဝင် ဟာ ဒဏ်ရာ ကြောင့် မကြာခဏ နားနေရတာ က အသင်းရဲ့ ပရီးမီးယားလိဂ် ရှင်သန်ရေး တိုက်ပွဲတွေ မှာ များစွာ နစ်နာ စေခဲ့ ပါတယ် ။

အယ်လွန် ကတော့ မိုက်ကယ် အိုဝင် ဟာ စိတ်ပါ လက်ပါ အားထုတ်မှု လုံးဝ မရှိ ခဲ့သလို ငွေမျက်နှာ တစ်ခု တည်း အတွက် နယူး ကာဆယ် ကို ရောက်လာ ခဲ့တာ ဖြစ်တယ် လို့ ဝေဖန် ပြောဆို သွားခဲ့ သလို သူ့ရဲ့ သစ္စာ တရား အပေါ်လည်း မေးခွန်း ထုတ်သွား ခဲ့ ပါတယ် ။

“အိုဝင် ရဲ့ စိတ်အား ထက်သန်မှုလား . . . သုည ပါ ။ သစ္စာ စောင့်သိမှုလား . . . မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ကို မေးကြည့် ရပါလိမ့်မယ် ။ အိုဝင် ဟာ အရှက် မရှိ သူတွေရဲ့ ပြယုဂ် တစ်ခုပါ ။ သူ့စိတ်ထဲမှာ ငွေ ရဖို့ တစ်ခုပဲ ရှိ ပါတယ် ။ စီးပွားရေး အရ တွက်ခြေကိုက်ဖို့ ပဲ နယူးကာဆယ် ကို သူလာခဲ့တာပါ”

“စာချုပ် သက်တမ်း အလယ် လောက်မှာ ကတည်းက သူ ဟာ နယူးကာဆယ် အတွက် ကစားဖို့ ဆန္ဒ မရှိဘူး ဆိုတာ ပရိသတ်တွေ သဘောပေါက် ခဲ့ကြပါတယ် ။ ဒါပေမယ့် အခု သူက စာချုပ် အစ ကတည်း က စိတ်မပါ ခဲ့တာ လို့ ပြောနေ ပါတယ် ။ ဒါဆိုရင် တစ်ပတ် ပေါင် ၁၂၀၀၀၀ အတွက် ပဲ သူလာ ခဲ့တာပေါ့”

“ဗီလာ နဲ့ နောက်ဆုံးပွဲ မှာ ၀င် ကစားဖို့ သူ ငြင်းခဲ့ ပါတယ် ။ ဒါဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် မဆန်တဲ့ လုပ်ရပ် ပါပဲ ။ ကျွန်တော် ကတော့ အိုဝင်ဟာ ငွေမက်တဲ့ သူ လို့ ပြောချင် ပါတယ်” လို့ ဂျိုးအယ်လွန် က ပြောဆို သွားခဲ့ ပါတယ် ။

မိုက်ကယ် အိုဝင် ဟာ လီဗာပူး ၊ ရီးရဲမက်ဒရစ် ၊ နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် ၊ စတုတ် စီးတီး အသင်းတို့ မှာ ကစားပြီး အနား ယူခဲ့သူ ဖြစ်ပါတယ် ။ အိုဝင် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ လည်း ၈၉ ပွဲ ကစားပေး ခဲ့ပြီး ဂိုး ၄၀ သွင်းယူ နိုင်ခဲ့ကာ ထာဝရ ဂိုးသွင်းရှင် စာရင်းမှာ ပဉ္စမမြောက် နေရာကို ရယူ ထားသူ လည်း ဖြစ်ပါတယ် ။

SPORTS MYANMAR