မိုနာကို အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဆက်စ် ဖာဘရီဂတ်စ် က မကြာမီ နှစ် အနည်းငယ် အတွင်း မှာ ပြင်သစ် လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘက်ပီ ဟာ ကမ္ဘ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာ လိမ့်မယ် လို့ ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် အမ်ဘက်ပီဟာ သဘာဝ အလျောက် ကောင်းမွန် တဲ့ ထူးကဲ တဲ့ အရည်အသွေး ကောင်း တွေကို ပိုင်ဆိုင် ထားသူ တစ်ဦး ဖြစ်ကြောင်း ဖာဘရီဂတ်စ် က ဆက်လက် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူ ( အမ်ဘက်ပီ ) ဟာ သဘာဝ အလျောက် ထူးကဲ တဲ့ အရည်အသွေး ကောင်းတွေ ကို ပိုင်ဆိုင် ထားသူ တစ်ဦး ပါ ။ သူဟာ အနာဂတ် မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာ နိုင် လိမ့်မယ် ဆိုတာ သိသာ ထင်ရှား လှ ပါတယ် ”

” ကွင်းလယ် ကစားသမား တစ်ဦး အနေ နဲ့ သူသာ ကျွန်တော့် အရှေ့ မှာ ကစား နေမယ် ဆိုရင် ကျွန်တော် သူ့ အတွက် ဂိုးတွေ အများကြီး ဖန်တီး ပေးနိုင် လိမ့်မယ် လို့ ထင် ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူဟာ လျင်မြန် ပြီး ပေါက်ကွဲအား ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်လို့ ပါပဲ ”

” ဒါ့အပြင် သူ့ကို လူကပ် ကစား နေတဲ့ သူကို လည်း ပါးနပ်စွာ ကျော်ဖြတ် နိုင်တဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ ဒါ့ အပြင် သူဟာ ချိန်သားကိုက် လှုပ်ရှား မှုတွေ ပြုလုပ် ရာမှာ လည်း အထူး ကျွမ်းကျင် သူ တစ်ဦး ပါပဲ ”

” သီယာရီ အွန်နရီ နဲ့ ဒီယေဂို ကော်စတာ တို့ဟာ လည်း အဲ့ဒီ လို ကစား ရာမှာ အရမ်း ထူးချွန် ကြတယ် လေ ။ အမ်ဘက်ပီ နဲ့ ပတ်သက်လို့ အထူးခြားဆုံး အရာ တစ်ခု က သူဟာ အမြဲတမ်း ဆာလောင် နေတက် ပြီး သူ့ရဲ့ အရည်အသွေး တွေကို ဘယ်လို အသုံးချ ပေါက်ကွဲ လိုက်ရ မလဲ ဆိုတာ ကောင်းကောင်း သိရှိ နေခြင်း ပါပဲ ” လို့ ဖာဘရီဂတ်စ် က ချီးကျူး စကား ပြောကြား သွားလိုက် ပါတယ် ။

အမ်ဘက်ပီ ဟာ အသင်းရဲ့ အဓိက အသင်းဖော် ကစားသမား နေမာ ဒဏ်ရာ ရရှိ နေ ခဲ့တဲ့ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း ရဲ့ တိုက်စစ် ပိုင်း ကို အသင်း ဖော် အီဒင်ဆန် ကာဗာနီ နဲ့ အတူ အကောင်းဆုံး ဦးဆောင် နိုင်ခဲ့ ပြီး ဂိုးတွေ များစွာ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

နေမာ ကတော့ အခု အချိန် အထိ အသင်း အတွက် ပါဝင် ကစားပေး နိုင်ခြင်း မရှိ သေးပဲ ရာသီ သစ်မှာ အပြောင်း အရွှေ့ သတင်း တွေ အကြားပဲ အချိန် ကုန်လွန် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ပွဲထွက် ကစား ခွင့်တွေ နဲ့ ကင်းဝေး နေခဲ့တဲ့ နေမာ ဟာ အစွမ်း အစ တွေ လျော့နည်း သွားမှာ မဟုတ်ကြောင်း ၊ အသင်း အတွက် အကျိုး သက်ရောက် မှုတွေ ကို ဆက်လက် ပြုလုပ် သွားဦး မှာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် နေမာ နဲ့ အတူ ကစား ခဲ့ဖူး ပါတယ် ။ အကောင်းဆုံး ကစားသမား တွေဟာ ဆုတ်ယုတ် ကျဆင်း သွားခြင်း မရှိ တက် ပါဘူး ။ အကယ်လို့ ခင်ဗျား ခေါင်းထဲ မှာ ရှုပ်ထွေး လှတဲ့ အတွေး တွေ ရှိနေရင် ၊ နည်းပြ က ခင်ဗျား ရဲ့ အရည်အသွေး တွေကို အသုံး မချ တက်ရင် ခင်ဗျား ရဲ့ အရည် အသွေး တွေ ခေတ္တ ကျဆင်း သွားနိုင် ပါတယ် ”

” ဒါပေမယ့် ခင်ဗျား ဟာ ကြီးကျယ် ခမ်းနား တဲ့ ကစားသမား တစ်ဦး ဆိုရင် ဒါတွေ ကို အသာလေး ဖြေရှင်း နိုင်ပါ လိမ့်မယ် ။ နေမာ ဟာ ကြီးကျယ် ခမ်းနား လှတဲ့ ကစားသမား တစ်ဦး ပါ ” လို့ ဖာဘရီဂတ်စ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar