တနင်္ဂနွေနေ့ မှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ အေတီကို အသင်းက အီဘာ အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် အီဘာ အသင်းက သွင်းဂိုး ၂ဂိုးနဲ့ ဦးဆောင်ခဲ့ လို့ အေတီကို အသင်း နောက်ကနေ ခက်ခက်ခဲခဲလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်ပထမပိုင်းမှာ ရရှိခဲ့တဲ့ ဂျာအိုဖိလစ် ရဲ့ ပထမချေပဂိုးကြောင့် မျှော်လင့်ချက် ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ဗီတိုလို၊ သောမတ်စ်တို့ရဲ့ ဂိုးတွေ ဒုတိယပိုင်းမှာ ထပ်ရခဲ့လို့ ၃မှတ်ပြည့်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း လာလီဂါ ရာသီ သစ်မှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့ တသင်းထဲသောအသင်းအဖြစ်ရပ်တည်သွားခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

စပိန် ထိပ်သီး ၂သင်း ဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာ တို့ဟာ ရာသီသစ် လာလီဂါ ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေကြုံတွေ့နေခဲ့ရတာဖြစ်ပြီး နိုင်ပွဲ တပွဲစီသာ ရရှိထားလို့
အေတီကို အသင်းနဲ့ ၄၊ ၅ မှတ်ကွာဟနေခဲ့ပြီ လည်း ဖြစ်ပါတယ်။အေတီကို အသင်းနဲ့ အတူကျော်ကြားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဖော်လန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ စပိန်ထိပ်သီးနှစ်သင်းနဲ့ ကွာဟချက်ကျဉ်းမြောင်းနေခဲ့ပြီလို့ ဆိုသွားခဲ့ပါတယ်။

၂၀၁၉ – ၂၀ ဘောလုံးရာသီ လာလီဂါ ပြိုင်ပွဲ မှာ အေတီကို အသင်းချန်ပီယံ ဆု ရနိုင်ခြေ ဘယ်လောက်ရှိလဲ လို့ မေးမြန်းရာမှာ ဖော်လန်က – ” ဟုတ်ပါတယ်၊န်တော်တို့ မြင်တွေ့သွားရတော့ မှာဖြစ်ပါတယ်။ရီးရဲလ်နဲ့ ဘာစီလိုနာ တို့ဟာကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။

ဒါပေမယ့် အခုအေတီ ကိုအသင်းကလည်း အတူတူပဲ ဖြစ်ပါတယ်။အေတီကို အသင်းဟာ ဂျာအိုဖိလစ်လိုအရမ်းကောင်းတဲ့ ကစားသးတွေကိုခေါ်ယူစာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ကော်စတာကလည်း အံ့မခန်းပါရမီခြေစွမ်းပိုင်ရှင် ဝါရင့်ကစားသမားတဦးဖြစ်ပါတယ်။

အေတီကို အသင်းဟာ လူငယ်တွေနဲ့ အသင်းကို ပြန်လည်းဆန်းသစ်တည်ဆောက်ထားတာဖြစ်ပါတယ်။ကောင်းမွန်တဲ့ ရာသီကြို ကာလကို ပိုင်ဆိုင်ထားခဲ့ပြီး လိဂ်ပြိုင်ပွဲမှာကော ဘယ်လို လုပ်ဆောင်နိုင်တယ် ကျွန်တော်တို့စောင့်ကြည့်ဖို့ လိုလာပါပြီ။

ဒါပေမယ့် သူတို့ရဲ့ ပုံစံကိုကြည့်ရတာအတော်လေးကောင်းတာကိုတွေ့ရပါတယ်။ရာသီကြို ကာလတွေအတွင်းမှာ အသင်းကောင်းတွေ နဲ့ ပွဲကြီးပွဲကောင်းတွေမှာ သူတို့ လုပ်ဆောင်ထားနိုင်ခဲ့တာတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ရီးရဲလ် နဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ် ဟာ ခြေစမ်း ပွဲတပွဲ ဖြစ်ပေမယ့် လည်း ခါးသီးပြိုင်ဘက်တွေရဲ့ ဒါဘီ ပွဲဖြစ်လို့လည်း ဘယ်သူကမှ ၇-၃ ဂိုးလို ရလဒ်မျိုးနဲ့ မရှုံးနိမ့်ချင်ကြပါဘူး။အေတီကို အသင်းဟာလာလီဂါ ချန်ပီယံဆုကြီးအတွက်လည်း တိုက်ပွဲဝင်သွားတော့မှာဖြစ်ပါတယ်။

သူတို့နဲ့ ပြိုင်ဘက် ထိပ်သီး နှစ်သင်းနဲ့ ကွာဟ ချက်ဟာ အခုချိန်မှာ နည်းနည်းပိုပြီးကျဉ်းမြောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ဘာစီလိုနာ နဲ့ ရီးရဲလ်အသင်းတွေအတွက် သမိုင်းကောင်းဖန်တီးပေးခဲ့ကြတဲ့ ကစားသမားတွေကလည်း အသက်အရွယ်ကြီးရင်လာနေပါပြီ။ဒါဟာအေတီကိုအသင်းအတွက် အားသာချက်လည်းဖြစ်ပါတယ်။

အသင်းတသင်းဟာ ရာသီသစ်စတင်တိုင်းမှာ သစ်လွင်ဆန်းသစ်မှုတွေ လုပ်နေရတာဖြစ်ပါတယ်။ဒီအပိုင်းမှာ အေတီကို အသင်းကိုပိုသွက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီ ၂သင်းကလည်း ကြီးကျယ်တဲ့ ပုံစံ မျိုး မှာပဲ ရှိနေပါသေးတယ်။
SM