အာဆင္နယ္ အသင္း ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ က ေျမာက္လန္ဒန္ ဒါဘီမွာ အမွားမ်ားခဲ့တဲ့ အေပၚ တုန႔္ျပန္ ေျပာၾကား လိုက္ၿပီး သူတို႔ အသင္းဟာ အနိုင္ရနိုင္တဲ့ အခြင့္အေရးေတြ အမ်ားအျပား ဖန္တီး နိုင္ခဲ့​ေၾကာင္း ဆိုပါတယ္ ။

ဆြစ္ဇာလန္ ကြင္းလယ္လူ ရွာကာ ဟာ ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲမွာ ဂိုးဧရိယာအတြင္း မလိုအပ္ဘဲ ဆြန္ေဟာင္မင္ ကို ကစားပုံ ၾကမ္းတမ္း ခဲ့တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ ရသလို ကြင္းလယ္မွာလည္း အမွားမ်ားခဲ့ပါတယ္။ Opta ရဲ့ အခ်က္ အလက္မွတ္တမ္းေတြ အရ ၂၀၁၆-၁၇ ရာသီကေန စတင္ၿပီး ပရီးမီးယားလိဂ္မွာဂိုးေပးရတဲ့ အမွား အမ်ားဆုံး က်ဴးလြန္ထားခဲ့တဲ့ ကစားသမား ( ဂိုးသမားမပါ ) အျဖစ္ ရွာကာက ရပ္တည္ေနတာျဖစ္ပါတယ္။

တနဂၤေႏြ ေန႔ မွာ သူ႔ေၾကာင့္ ေပးလိုက္ရတဲ့ ပင္နယ္တီ ဂိုးေၾကာင့္လည္း ၃ႏွစ္တာကာလအတြင္း မွာ သူ႔ရဲ့ အမွားေတြေၾကာင့္ ခြင့္ျပဳရတဲ့ ေပးဂိုး၇ ဂိုးအထိရွိလာခဲ့ၿပီျဖစ္ပါတယ္။ဒါဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲဝင္ အျခား ကစားသမား အားလုံးထက္ အနည္းဆုံး၂ ႀကိမ္ အထိ ပိုၿပီး အမွားေတြက်ဴးလြန္ ထားခဲ့တဲ့ မွတ္တမ္းလည္းျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ ရွာကာ ရဲ့ အမွားေတြ အေပၚ သည္းမခံ နိုင္ေတာ့ဘဲ အသင္းေခါင္းေဆာင္ လက္ပတ္ေကာ၊ပုံမွန္ ပြဲထြက္ခြင့္နဲ႔ေကာ မထိုက္တန္ေၾကာင္း အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။

ဆြစ္ဇာလန္ အသင္း နဲ႔ အတူ နိုင္ငံတကာပြဲ သြားေရာက္ ကစားေနတဲ့ ရွာကာ က ” ေဝဖန္မွုေတြကေတာ့ အျမဲ ရွိေနမွာပါပဲ။ လန္ဒန္ဒါဘီမွာ က်ေနာ္တို႔ အေကာင္းဆုံး ကစားနိုင္ခဲ့ပါတယ္ ။ က်ေနာ့္ အမွားေၾကာင့္ ပင္နယ္တီ ေပးလိုက္ရပါတယ္ ။ ”

” ခင္ဗ်ားတို႔ ပြဲကို ၾကည့္လိုက္မယ္ ဆိုရင္ က်ေနာ္တို႔ အနိုင္ရနိုင္ေၿခ ရွိတယ္ဆိုတာ သိမွာပါ ။ က်ေနာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီး နိုင္ခဲ့ပါတယ္ ။ဒါေပမယ့္ ဒါက ေဘာလုံးပါပဲ ။ က်ေနာ္တို႔ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ၾကတာကို မေျပာၾကပါဘူး။အမွားေတြကိုပဲ ဖိေျပာေနၾကပါတယ္။” လို႔ တုန႔္ျပန္ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ပရိသတ်တွေ၊ဂန္တဝင် ကစားသမားဟောင်းတွေရဲ့ဝေဖန်မှု​တွေ အပေါ် တုန်ပြန့် ပြောကြားလိုက်တဲ့ ရှာကာ
==================================

အာဆင်နယ် အသင်း ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က မြောက်လန်ဒန် ဒါဘီမှာ အမှားများခဲ့တဲ့ အပေါ် တုန့်ပြန် ပြောကြား လိုက်ပြီး သူတို့ အသင်းဟာ အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေ အများအပြား ဖန်တီး နိုင်ခဲ့​ကြောင်း ဆိုပါတယ် ။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ဂိုးဧရိယာအတွင်း မလိုအပ်ဘဲ ဆွန်ဟောင်မင် ကို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ ရသလို ကွင်းလယ်မှာလည်း အမှားများခဲ့ပါတယ်။ Opta ရဲ့ အချက် အလက်မှတ်တမ်းတွေ အရ ၂၀၁၆-၁၇ ရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာဂိုးပေးရတဲ့ အမှား အများဆုံး ကျူးလွန်ထားခဲ့တဲ့ ကစားသမား ( ဂိုးသမားမပါ ) အဖြစ် ရှာကာက ရပ်တည်နေတာဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ မှာ သူ့ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ဂိုးကြောင့်လည်း ၃နှစ်တာကာလအတွင်း မှာ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုရတဲ့ ပေးဂိုး၇ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အခြား ကစားသမား အားလုံးထက် အနည်းဆုံး
၂ ကြိမ် အထိ ပိုပြီး အမှားတွေကျူးလွန် ထားခဲ့တဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် အသင်း ပရိသတ်တွေဟာ ရှာကာ ရဲ့ အမှားတွေ အပေါ် သည်းမခံ နိုင်တော့ဘဲ အသင်းခေါင်းဆောင် လက်ပတ်ကော၊ပုံမှန် ပွဲထွက်ခွင့်နဲ့ကော မထိုက်တန်ကြောင်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

ဆွစ်ဇာလန် အသင်း နဲ့ အတူ နိုင်ငံတကာပွဲ သွားရောက် ကစားနေတဲ့ ရှာကာ က ” ဝေဖန်မှုတွေကတော့ အမြဲ ရှိနေမှာပါပဲ။ လန်ဒန်ဒါဘီမှာ ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ။ ကျနော့် အမှားကြောင့် ပင်နယ်တီ ပေးလိုက်ရပါတယ် ။ ”

” ခင်ဗျားတို့ ပွဲကို ကြည့်လိုက်မယ် ဆိုရင် ကျနော်တို့ အနိုင်ရနိုင်ခြေ ရှိတယ်ဆိုတာ သိမှာပါ ။ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ပါတယ် ။ဒါပေမယ့် ဒါက ဘောလုံးပါပဲ ။ ကျနော်တို့ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြတာကို မပြောကြပါဘူး။အမှားတွေကိုပဲ ဖိပြောနေကြပါတယ်။” လို့ တုန့်ပြန် ပြောကြား သွားခဲ့ပါတယ်။

ဂန်းနားတို့ရဲ့နောက်ခံလူဟောင်း မာတင်ကီယွန် က ရှာကာရဲ့ ဖျက်ထုတ်မှုတွေဟာ အသင်းအပေါ် အကျိုးပြုတာ နည်းပြီး ဆိုးကျိုးတွေသာ ဖြစ်စေကြောင်း ဝေဖန် ခဲ့ပါတယ်။ အီယန်ရိုက် ကလည်း ရှာကာ ရဲ့ နေရာမှာ လူငယ် ကြယ်ပွင့် ကွင်းလယ်လူ ဂျိူးဝီးလော့ နဲ့ ဂွမ်ဒူဇီ တို့ကိုသာ ပွဲထွက် အသုံးပြုဖို့ အကြံဉာဏ် ပေးခဲ့ပါတယ်။

SPORTS MYANMAR