ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထားရျပီး ဒါဟာ တျခား ႏွစ္ေတြနဲ႕ မတူညီ တဲ့ အခ်က္ လည္း ျဖစ္လို႕ ေနပါတယ္ ။ အဓိက ေတာင္ပံ ကစားသမား အီဒင္ ဟာဇတ္ ထြက္ခြာ သြားခဲ့တာက ခ်ယ္လ္ဆီး အသင္း အတြက္ တပူေပၚ တပူဆင့္ ခဲ့ရတဲ့ အေနအထား ကို ေရာက္ရွိ ေစခဲ့ပါတယ္ ။

ဒါ့အျပင္ နည္းျပ အေျပာင္းအလဲ လည္း ျဖစ္ေပၚ ခဲ့ျပီး ျပီးခဲ့တ့ဲ ရာသီ ကမွ ၃ႏွစ္ စာခ်ဳပ္ နဲ႕ ေခၚယူ ခန္႕အပ္ ခဲ့တဲ့ အီတလီ လူမ်ိဳး နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ဟာ ဂ်ဴဗင္တပ္ အသင္း သို႕ ေျပာင္းေရႊ႕ သြားခဲ့သလို ၊ ၄င္းရဲ႕ ေနရာ မွာ အသင္း ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ၊ ဒါဘီ နည္းျပေဟာင္း ဖရန္႕ လမ္းပတ္ နဲ႕ အစားထိုး ခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ ရာသီ က ခ်ယ္လ္ဆီး အတြက္ အေရးပါ ခဲ့တ့ဲ ကစားသမား ေတြဟာလည္း ရာသီ မစတင္ ကတည္းက ဒဏ္ရာ ျပႆနာ ေတြနဲ႕ ရုန္းကန္ ခဲ့ရတာေၾကာင့္ လမ္းပတ္ အတြက္ လူငယ္ ကစားသမား ေတြကို ပိုျပီး ေနရာ ေပးလာရသလို ၊ အေတြ႕အၾကံဳ ႏုနယ္ ေသးတာေၾကာင့္ ပြဲ အေပၚ အာရုံ အျပည့္စိုက္ႏိုင္ျခင္း မရွိေသးတာ ကို ေတြ႕ခဲ့ ရပါတယ္ ။

တဖက္ မွာ ကစားသမား ေခၚယူခြင့္ အပိတ္ခံရမႈ ဟာ ခ်ယ္လ္ဆီး အတြက္ တဖက္ တလမ္း ကေန အက်ိဳးအျမတ္ ျဖစ္ထြန္း ခဲ့တယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ရာသီ က ဥေရာပ တလႊား ကို အငွား ထြက္ကစား ခဲ့တဲ့ ခ်ယ္လ္ဆီး ကစားသမား အေယာက္ ၄၀ အထိ ရွိခဲ့ေပမယ့္ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ ၂၇ ေယာက္ အထိ ေလ်ာ့က် သြားခဲ့ရပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ကေန အျပီးသတ္ ထြက္ခြာ သြားခဲ့တဲ့ ကစားသမား ေတြလည္း အေတာ္ မ်ားခဲ့ျပီး အဓိက ကစားသမား ေတြ ျဖစ္တဲ့ အီဒင္ ဟာဇတ္ ၊ ေဒးဗစ္ လူးဝဇ္ မွ စျပီး အသင္း ရဲ႕ သက္ေတာ္ရွည္ အငွား ထြက္ကစား ေနၾက ကစားသမား ေတြ ျဖစ္တဲ့ တိုမက္စ္ ကာလက္စ္ ၊ ကမ္းနက္ အိုျမဴရို တို႕ အဆံုး ခ်ယ္လ္ဆီး အသင္း ကို စြန္႔ခြာ သြားၾကျပီ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး ကို စြန္႕ခြာ သြားတဲ့ အထဲမွာ လူငယ္ ေျခတက္ တခ်ိဳ႕ ျဖစ္တဲ့ တိုင္လာ ခေရာ့စ္ေဒးလ္ ၊ ဒိုင္းေရွာ ရီဒန္ အစရွိတဲ့ သူေတြလည္း အပါအဝင္ ျဖစ္ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ဒီလို ကစားသမား ၂၅ ေယာက္ အထိ ကို ထြက္ခြာခြင့္ ေပးခဲ့ျပီးေနာက္ မွာေတာ့ အေျပာင္းအေရႊ႕ ကေန ဝင္ေငြ ေပါင္သန္း ၁၅၀ အထိ ရရွိ လိုက္တယ္ လို႕ Daily Mail ရဲ႕ ေဖာ္ျပခ်က္ အရ သိရပါတယ္ ။

ဒီ ေပါင္သန္း ၁၅၀ အထဲမွာ အီဒင္ ဟာဇတ္ ၊ ေဒးဗစ္ လူးဝဇ္ ၊ အယ္လ္ဗာရို မိုရာတာ တို႕ကို ေရာင္းခ် လို႕ ရတဲ့ ေငြေၾကး ေတြက ရာခိုင္ႏႈန္း အမ်ားစု ပါဝင္လ်က္ ရွိေနပါတယ္ ။ ဒါ့အျပင္ အငွား ခ်ထားတဲ့ ကစားသမား ေတြထဲမွာ ဆိုရင္လည္း မိုနာကို သို႕ အငွား ထြက္ခြာခဲ့တဲ့ ဘာကာယုိကို အတြက္ ခ်ယ္လ္ဆီး အသင္း ဟာ အငွား စာခ်ဳပ္ ထဲမွာ အျပီးသတ္ ေခၚယူခြင့္ ကိုပါ တပါတည္း ခ်ဳပ္ဆို ထားတယ္ လို႕ သိရပါတယ္ ။

ကစားသမား အေတာ္မ်ားမ်ား က ခ်ယ္လ္ဆီး ကို စြန္႕ခြာ သြားၾကျပီ ျဖစ္တဲ့ အထိပင္ လူငယ္ အကယ္ဒမီ မွ လူငယ္ ေျခတက္ ကစားသမားေကာင္း တခ်ိဳ႕ က်န္ရွိ ေနေသးသလို ၊ ခ်ယ္လ္ဆီး အသင္း ဟာ အခုအခ်ိန္ အထိ အသင္းရဲ႕ အမာခံ ကစားသမား အမ်ားစု ကို ဆက္လက္ ထိန္းထား ႏိုင္ဆဲ ျဖစ္ပါတယ္ ။ ဒဏ္ရာ ရ ကစားသမား ေတြထဲမွာ အမာခံ ကစားသမာ အမ်ားစု ပါဝင္တာေၾကာင့္ ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ေတြ အျပီးမွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေျခစြမ္း ကို တခ်က္ ေစာင့္ၾကည့္ဖို႕ လိုမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ကစားသမားသစ် ခေါ်ယူခွင့် မရှိခဲ့ပေမယ့် ကစားသမား ရောင်းချမှု ကနေ ပေါင်သန်း ၁၅၀ အထိ ဝင်ငွေ ရရှိခဲ့တဲ့ #ချယ်လ်ဆီး အသင်း

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရပြီး ဒါဟာ တခြား နှစ်တွေနဲ့ မတူညီ တဲ့ အချက် လည်း ဖြစ်လို့ နေပါတယ် ။ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ထွက်ခွာ သွားခဲ့တာက ချယ်လ်ဆီး အသင်း အတွက် တပူပေါ် တပူဆင့် ခဲ့ရတဲ့ အနေအထား ကို ရောက်ရှိ စေခဲ့ပါတယ် ။

ဒါ့အပြင် နည်းပြ အပြောင်းအလဲ လည်း ဖြစ်ပေါ် ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ကမှ ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ခန့်အပ် ခဲ့တဲ့ အီတလီ လူမျိုး နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာ ဂျူဗင်တပ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့သလို ၊ ၄င်းရဲ့ နေရာ မှာ အသင်း ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ၊ ဒါဘီ နည်းပြဟောင်း ဖရန့် လမ်းပတ် နဲ့ အစားထိုး ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ က ချယ်လ်ဆီး အတွက် အရေးပါ ခဲ့တဲ့ ကစားသမား တွေဟာလည်း ရာသီ မစတင် ကတည်းက ဒဏ်ရာ ပြဿနာ တွေနဲ့ ရုန်းကန် ခဲ့ရတာကြောင့် လမ်းပတ် အတွက် လူငယ် ကစားသမား တွေကို ပိုပြီး နေရာ ပေးလာရသလို ၊ အတွေ့အကြုံ နုနယ် သေးတာကြောင့် ပွဲ အပေါ် အာရုံ အပြည့်စိုက်နိုင်ခြင်း မရှိသေးတာ ကို တွေ့ခဲ့ ရပါတယ် ။

တဖက် မှာ ကစားသမား ခေါ်ယူခွင့် အပိတ်ခံရမှု ဟာ ချယ်လ်ဆီး အတွက် တဖက် တလမ်း ကနေ အကျိုးအမြတ် ဖြစ်ထွန်း ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ က ဥရောပ တလွှား ကို အငှား ထွက်ကစား ခဲ့တဲ့ ချယ်လ်ဆီး ကစားသမား အယောက် ၄၀ အထိ ရှိခဲ့ပေမယ့် ဒီနှစ် ဘောလုံး ရာသီ မှာတော့ ၂၇ ယောက် အထိ လျော့ကျ သွားခဲ့ရပါတယ် ။

ချယ်လ်ဆီး အသင်း ကနေ အပြီးသတ် ထွက်ခွာ သွားခဲ့တဲ့ ကစားသမား တွေလည်း အတော် များခဲ့ပြီး အဓိက ကစားသမား တွေ ဖြစ်တဲ့ အီဒင် ဟာဇတ် ၊ ဒေးဗစ် လူးဝဇ် မှ စပြီး အသင်း ရဲ့ သက်တော်ရှည် အငှား ထွက်ကစား နေကြ ကစားသမား တွေ ဖြစ်တဲ့ တိုမက်စ် ကာလက်စ် ၊ ကမ်းနက် အိုမြူရို တို့ အဆုံး ချယ်လ်ဆီး အသင်း ကို စွန့်ခွာ သွားကြပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး ကို စွန့်ခွာ သွားတဲ့ အထဲမှာ လူငယ် ခြေတက် တချို့ ဖြစ်တဲ့ တိုင်လာ ခရော့စ်ဒေးလ် ၊ ဒိုင်းရှော ရီဒန် အစရှိတဲ့ သူတွေလည်း အပါအဝင် ဖြစ်ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီလို ကစားသမား ၂၅ ယောက် အထိ ကို ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် မှာတော့ အပြောင်းအရွှေ့ ကနေ ဝင်ငွေ ပေါင်သန်း ၁၅၀ အထိ ရရှိ လိုက်တယ် လို့ Daily Mail ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

ဒီ ပေါင်သန်း ၁၅၀ အထဲမှာ အီဒင် ဟာဇတ် ၊ ဒေးဗစ် လူးဝဇ် ၊ အယ်လ်ဗာရို မိုရာတာ တို့ကို ရောင်းချ လို့ ရတဲ့ ငွေကြေး တွေက ရာခိုင်နှုန်း အများစု ပါဝင်လျက် ရှိနေပါတယ် ။ ဒါ့အပြင် အငှား ချထားတဲ့ ကစားသမား တွေထဲမှာ ဆိုရင်လည်း မိုနာကို သို့ အငှား ထွက်ခွာခဲ့တဲ့ ဘာကာယိုကို အတွက် ချယ်လ်ဆီး အသင်း ဟာ အငှား စာချုပ် ထဲမှာ အပြီးသတ် ခေါ်ယူခွင့် ကိုပါ တပါတည်း ချုပ်ဆို ထားတယ် လို့ သိရပါတယ် ။

ကစားသမား အတော်များများ က ချယ်လ်ဆီး ကို စွန့်ခွာ သွားကြပြီ ဖြစ်တဲ့ အထိပင် လူငယ် အကယ်ဒမီ မှ လူငယ် ခြေတက် ကစားသမားကောင်း တချို့ ကျန်ရှိ နေသေးသလို ၊ ချယ်လ်ဆီး အသင်း ဟာ အခုအချိန် အထိ အသင်းရဲ့ အမာခံ ကစားသမား အများစု ကို ဆက်လက် ထိန်းထား နိုင်ဆဲ ဖြစ်ပါတယ် ။ ဒဏ်ရာ ရ ကစားသမား တွေထဲမှာ အမာခံ ကစားသမာ အများစု ပါဝင်တာကြောင့် နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ အပြီးမှာ ချယ်လ်ဆီး အသင်း ရဲ့ ခြေစွမ်း ကို တချက် စောင့်ကြည့်ဖို့ လိုမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR

Unicode