#Sports_Myanmar
Unicode
ဆိုးလ်ရှား လက်အောက်မှာ ယူနိုက်တက်ဟာ ယူနိုက်တက် အတွက် အပေါင်း လက္ခဏာ ဆောင်လာတဲ့ အရာက ဘာလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားတဲ့ #ဂယ်ရီနဗီးလ်
==================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် က အပေါင်း လက္ခဏာ ဆောင် လာတဲ့ အရာ တစ်ခု အဖြစ် အသင်း ဟောင်းဟာ လက်ရှိ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် သွားရောက် နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။
လက်ရှိ အချိန် အထိ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရာသီ သစ်မှာ လေးပွဲ အထိ ကစား ထားခဲ့ ပြီး ချဲလ်ဆီး နဲ့ ပွဲစဉ် မှာသာ အနိုင် ရလဒ် ရယူ ထားနိုင် ခဲ့ ပါတယ် ။ ကျန်တဲ့ ဝုလ်ဗ် ၊ ပဲလေ့စ် နဲ့ ဆောက်သမ်တန် ပွဲစဉ် တွေ မှာတော့ အခွင့် အရေး ကောင်းတွေ ပိုင်ဆိုင် ထားနိုင် ခဲ့ ပေမယ့် အနိုင် ရလဒ် မရှာဖွေ နိုင်ခဲ့ ပါဘူး ။
ဒါပေမယ့် ပွဲစဉ် အတွင်း ယူနိုက်တက် တို့ အခွင့် အရေး ကောင်းတွေ များစွာ ဖန်တီး နိုင်ခဲ့ သလို လူငယ် ကစားသမား လေးတွေ လည်း ကစား ခွင့်တွေ ရရှိ နိုင်ခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ဟာ ရလဒ် တွေ ဆိုးရွား ခဲ့ ပေမယ့် လမ်းကြောင်း မှန် တစ်ခု ပေါ် သွားနေ ကြောင်း ဂယ်ရီ နဗီးလ် က ဆိုသွား ခဲ့လိုက် ပါတယ် ။
” လက်ရှိ အသင်း ဟာ ဘယ် နေရာ ကို ရောက်ရှိ နေ သလဲ ဆိုတာ ကို ကြည်ရှု ရင်း ယူနိုက်တက် ပရိသတ် တွေဟာ စိတ်ပျက် ကြေကွဲ နေကြ ရ ပါတယ် ။ သူတို့ တွေဟာ ဆာ အဲလပ်စ် လက်ထက် တုန်းက ဒီထက် အများကြီး ကောင်းတဲ့ အရာ တွေကို မြင်ဖူး ထားခဲ့ ကြတယ် လေ ”
” ဒါပေမယ့် အခုတော့ အချိန် ကာလ 6 – 7 နှစ် လောက် ကြာမြင့် ခဲ့ ပါပြီ ။ ထို့အတူ အသင်း ရဲ့ ဖွဲ့စည်း တည်ဆောက် ပုံ တွေမှာ လည်း စိတ်ပျက် စရာ အချို့ ရှိနေ ခဲ့ရ ပါတယ် ။ အမှန် တစ်ကယ် ကို စိတ်ပျက် စရာ ပါပဲ ။ အဲ့ဒီ တုန်းက အသင်း ဟာ လမ်းကြောင်း အမှန် တစ်ခု အပေါ် မှာ ရှိ မနေ ခဲ့ဘူး လေ ”
” အရင် တုန်းက လမ်းကြောင်း အမှန် ပေါ်ကို မရှိ ခဲ့ဘူး လို့ ကျွန်တော် ပြောရခြင်း က အသင်း ရဲ့ အဝတ် လဲခန်း အတွင်း ဒီမှာပဲ ဆက်လက် ရှိနေ လိုတဲ့ ကစားသမား တွေ များနေ ခဲ့လို့ ပါပဲ ။ ခင်ဗျား အနေ နဲ့ သူတို့ တွေ ပါရမီ ကောင်းတာ ကို မေ့ပျောက် ပြီး မလိုအပ် တဲ့ သူတွေ ကို ထွက်ခွာ စေသင့် ပါတယ် ”
” 1986 ခုနှစ် က ၊ ဆာ အဲလပ်စ် အသင်း ဆီ စတင် ရောက်ရှိ ခဲ့ တုန်းက ပေါ့ ၊ သူဟာ အသင်း မှာ ရှိတဲ့ အရည်အသွေး မြင့် ကစားသမား အတော် များများ ကို ထုတ်ပစ် ခဲ့ ပါတယ် ။ ဒီလို လုပ်ဆောင် ခြင်းက အသင်း ရဲ့ ယဉ်ကျေး မှု တစ်ခု ကို ပြောင်းလဲ စေဖို့ ဦးတည် ခဲ့တယ် လေ ” လို့ နဗီးလ် က ဆရာ ဟောင်း ရဲ့ လုပ်ဆောင် ပုံကို ဥပမာ ပေး ပြောကြား သွားခဲ့ ပါတယ် ။
” ဆိုးလ်ရှား ကို ကြည့် ရတာ သူဟာ အသင်း ကို ကာလရှည် ကိုင်တွယ် ဖို့ အတွက် တည်ဆောက် လိုနေ ပုံ ပါပဲ ။ ဒီ အတွက် အချိန် ယူရ ပါ လိမ့်မယ် ။ ဂွာဒီယိုလာ နဲ့ ကလော့ပ် တို့တောင် လီဗာပူး နဲ့ မန်စီးတီး အသင်း တွေမှာ အခုလို ဖြစ်လာ ကြဖို့ အချိန် ယူခဲ့ ရတယ် လေ ”
” ဒါ့ကြောင့် ရေရှည် အတွက် သာ ဆိုရင် အိုးလ် ထရပ်ဖို့ဒ် မှာလည်း ဒါကို အချိန် ယူပြီး တည်ဆောက် ရမှာ ပါပဲ ။ ထို့ အတူ ဒီ အချိန် မှာ စိတ်ပျက် စရာ တွေကို ဆက်လက် ကြုံတွေ့ ကြရ ဦးမှာ ပါပဲ ”
” ဒါ့အပြင် ဒီ လမ်းကြောင်း တစ်လျောက် မှာ ဝုလ်ဗ် ၊ ပဲလေ့စ် နဲ့ ဆောက်သမ်တန် တုန်းက လို ရလဒ် တွေလည်း ဆက်လက် မြင်တွေ့ နိုင်ရ ပါ ဦးမယ် ။ ဒါပေမယ့် ခင်ဗျား လက်ရှိ အသင်း ကို ကြည့် လိုက်မယ် ဆိုရင် အခြေခံ စည်းမျဉ်း အတော် များများ က မှန်ကန် နေတာ ကို မြင်တွေ့ ရပါ လိမ့်မယ် ”
” သူတို့ တွေဟာ မှန်ကန် တဲ့ နည်းလမ်း တစ်ခု နဲ့ ကစား နေပုံ ပေါ်လွင် နေ ပါတယ် ။ ခင်ဗျား တို့ ဒန်နီယယ် ဂျိမ်းစ် ဂိုးသွင်း တာကို တွေ့မြင် ခဲ့ရ သလို သူတို့ တွေဟာ ဘယ်လို ကြိုးစား ကစား နေကြ သလဲ ဆိုတာ ကိုပါ မြင်တွေ့ နေရ တယ်လေ ”
” သူတို့ အခု ကစား နေတဲ့ ပုံစံ က လမ်းကြောင်း အမှန် ပေါ်ကို သွား နေခြင်း ပါပဲ ။ အခြေခံ လိုအပ်ချက် တွေဟာ ယူနိုက်တက် မှာ ရှိနေ ကြ ပါပြီ ။ ဒါပေမယ့် ကျွန်တော် တို့ ရေရှည် ရှေ့ဆက် နုုိင်ဖို့ အတွက် အချိန် တော့ ပေးရ ပါ ဦးမယ် ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar