* မၾကာကခင္ ကပဲ ျပီးဆံုး သြားခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ ေစ်းကြက္ မွာ တူရကီ ကလပ္ ဂါလာတာစာေရး အသင္း နဲ႕ လီဂူးဝမ္း ကလပ္ ပီအက္စ္ဂ်ီ အသင္း တို႕ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္ အဖ်က္ ကစားသမား တီမို ဘာကာယိုကို ကို အငွား နဲ႕ ေခၚယူဖို႕ ၾကိဳးပမ္း ခဲ့ဖူးေပမယ့္ ၄င္းတို႕ဟာ အငွား စာခ်ဳပ္ ထဲမွာ အျပီးသတ္ ေခၚယူခြင့္ ကို မလိုလားတာေၾကာင့္ ခ်ယ္လ္ဆီး အသင္း ဟာ ဘာကာယိုကို ကို ၄င္းရဲ႕ အသင္းေဟာင္း မိုနာကို သို႕ တရာသီ အငွားခ် လိုက္ျခင္း ျဖစ္ပါတယ္ ။

* မေန႕ ကပဲ ခ်ယ္လ္ဆီး အသင္း ဟာ ၂၀၁၉ – ၂၀၂၀ ေဘာလံုး ရာသီ အတြက္ တတိယေျမာက္ ဂ်ာစီ ကို တရားဝင္ မိတ္ဆက္ ေပးခဲ့ျပီး ဒီ ဂ်ာစီ အေရာင္ ဟာ အမဲ နဲ႕ လိေမၼာ္ ၂မ်ိဳး စပ္ထားတာလည္း ျဖစ္ပါတယ္ ။ ဒီ ဂ်ာစီ ကို ခ်ယ္လ္ဆီး အသင္း ဟာ လိုင္လီ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အေဝးကြင္း ပြဲစဥ္ မွာ စတင္ ဝတ္ဆင္ သြားမယ္ လို႕လည္း သိရပါတယ္ ။

* အဂၤလန္ သတင္း The Athletic ရဲ႕ ေဖာ္ျပခ်က္ တခု အရ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဘယ္ေနာက္ခံလူ မားကို႕စ္ အလြန္ဆို ဟာ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ အတြင္း မွာ အက္သလက္တီကို အသင္း ရဲ႕ စိတ္ဝင္စားမႈ ကို ရရွိ ခဲ့ေပမယ့္ ၄င္းတို႕ အသင္း ဖက္က မားကို႕စ္ အလြန္ဆို အတြက္ ခ်ယ္လ္ဆီး အသင္း မွ အလိုရွိတဲ့ ေပါင္သန္း ၄၀ ကို ေပးေခ် လိုျခင္း မရွိတာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေပၚလိုက္ဘူး လို႕ သိရပါတယ္ ။ ထို႕အျပင္ ခ်ယ္လ္ဆီး အသင္း ဟာ အဓိက ဘယ္ေနာက္ခံလူ အီမာဆင္ အတြက္ အရန္ မရွိတာေၾကာင့္ အလြန္ဆို ကို ေရာင္းခ်ဖို႕ တားဆီး ခဲ့တယ္ လို႕လည္း သိရပါတယ္ ။

* အာဆင္နယ္ အသင္း ကစားသမားေဟာင္း ေရးပါလာ က ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ အေနနဲ႕ အခု လက္ရွိ ၾကိဳးစားမႈ ပံုစံ အတိုင္း ဆက္လက္ ၾကိဳးစားမယ္ ဆိုရင္ အဂၤလန္ လက္ေရြးစင္ ျဖစ္လာဖို႔ ေသခ်ာ ႏိုင္ေၾကာင္း ၊ ငယ္ငယ္ ကတည္းက အဂၤလန္ အတြက္ ကစား ေပးခဲ့တဲ့ ေအဘရာဟမ္ အေနနဲ႕ လက္ေရြးစင္ အဆင့္ အထိ ပါ တက္လွမ္း သင့္ေၾကာင္း ၊ ပြဲထြက္ခြင့္ အတြက္ တိုက္ပြဲ ဝင္ရတာက ၄င္းကို ပိုေကာင္းတ့ ကစားသမား ျဖစ္လာ ေစႏိုင္ေၾကာင္း Talksport ရဲ႕ အစီအစဥ္ ကေန တိုက္တြန္း ေျပာဆို ခဲ့ပါတယ္ ။

* ခ်ယ္လ္ဆီး အသင္း ဂိုးသမား ကီပါ က ျပီးခဲ့တဲ့ ရာသီ က ကာရာေဘာင္ ဖလား ဖိုင္နယ္ မွာ လူစားလဲဖို႕ ျငင္းဆန္ ခဲ့တဲ့ ျဖစ္ရပ္ အတြက္ အခု အခ်ိန္ အထိ ေနာင္တ ရေနသလို ၊ ဂုဏ္လည္း မယူ မိေၾကာင္း ၊ ဒါဟာ နားလည္မႈ လြဲခဲ့တဲ့ ျဖစ္ရပ္ သာ ျဖစ္ခဲ့ျပီး တပတ္ အတြင္းမွာ ၄င္းတို႕ဟာ ဒီ အေျခအေန အတြက္ အားလံုး ေက်ေအး သြားေအာင္ ေျဖရွင္း ႏိုင္ခဲ့တယ္ လို႕ စပိန္ သတင္း Cadena SER နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ဖြင့္ဟ ခဲ့ပါတယ္ ။

* ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ မွာ ဘယ္လ္ဂ်ီယမ္ ကလပ္ အန္ဒါလက္ခ်္ အသင္း ဟာ ခ်ယ္လ္ဆီး အသင္း တိုက္စစ္မွဴး ဘတ္ရွဴဝါရီ ကို တရာသီ အငွား နဲ႕ ေခၚယူဖို႕ နီးစပ္ ခဲ့ေပမယ့္ ဘတ္ရွဴဝါရီ ရဲ႕ တပတ္ လစာ ကို ေပးေခ်ဖို႕ မတတ္ႏိုင္ ခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ ပ်က္ျပယ္ ခဲ့တယ္ လို႕ သိရပါတယ္ ။ အန္ဒါလက္ခ်္ ဥကၠ႒ ကေတာ့ ခ်န္ပီယံလိဂ္ ကစားခြင့္ ရေနတဲ့ ကလပ္ ဘရုေဂး ေတာင္ ဘတ္ရွဴဝါရီ ရဲ႕ လစာ ကို မေပးေခ် ႏိုင္တာေၾကာင့္ ၄င္းတို႕ အတြက္ ပိုျပီး အခက္ေတြ႕ ရေၾကာင္း ဖြင့္ဟ ဝန္ခံ ခဲ့ပါတယ္ ။

* ၂၀၁၉ – ၂၀၂၀ ေဘာလံုး ရာသီ အတြက္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္း

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ၊ ဝီလီ ကာဘယ္လာရို ၊ ေဂ်မီ ကမ္းမင္း ။

ခံစစ္ – ဆီဆာ အက္ဇ္ပီလီကြီတာ ၊ ရိစ္ဂ်ိ္မ္းစ္ ၊ အန္တိုနီယို ရူဒီဂါ ၊ အန္ဒရီယာစ္ ခရစ္တန္ဆန္ ၊ ကတ္ဇူးမား ၊ ဖီကာယို တိုမိုရီ ၊ မာ့ခ္ ဂီြဟီ ၊ အီမာဆင္ ၊ မားကို႕စ္ အလြန္ဆို ။

ကြင္းလယ္ – ေဂ်ာ္ဂ်င္ဟို ၊ အန္ဂိုလို ကန္ေတ ၊ မတ္တီယို ကိုဗာဆစ္ ၊ ေရာ့စ္ ဘာကေလ ၊ ရူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္ ၊ ေမဆင္ေမာင့္ ၊ ဘီလီ ဂီလ္မာ ၊ ေဂ်ာ့ခ်္ မက္အီခ်ရန္ ။

တိုက္စစ္ – ဟတ္ဒ္ဆန္ အိုဒိြဳင္း ၊ ခရစ္စတီယန္ ပူလီဆစ္ ၊ ပတ္ဒရို ၊ ဝီလီယံ ၊ တမ္မီ ေအဘရာဟမ္ ၊ အိုလီဗီယာ ဂ်ရူး ၊ မစ္ခ်ီ ဘတ္ရွဴဝါရီ ။

* ႏိုင္ငံ အသင္း ေတြ အတြက္ အသီးသီး အေရြးခ်ယ္ ခံခဲ့ရတဲ့ ခ်ယ္လ္ဆီး အသင္းသားမ်ား
မစ္ခ်ီ ဘတ္ရွဴဝါရီ ( ဘယ္လ္ဂ်ီယမ္ လက္ေရြးစင္ )
မာရီယို ပါဆယ္လစ္ ( ခရိုေအးရွား လက္ေရြးစင္ )
အန္ဒရီယာစ္ ခရစ္တန္ဆန္ ( ဒိန္းမတ္ လက္ေရြးစင္ )
ေရာ့စ္ ဘာကေလ ၊ ေမဆင္ေမာင့္ ( အဂၤလန္ လက္ေရြးစင္ )
အိုလီဗီယာ ဂ်ရူး ၊ ကတ္ဇူးမား ( ျပင္သစ္ လက္ေရြးစင္ )
ေဂ်ာ္ဂ်င္ဟို ၊ အီမာဆင္ ( အီတလီ လက္ေရြးစင္ )
ကီပါ အရီဇာဘာလာဂါ ( စပိန္ လက္ေရြးစင္ )
အီသန္ အမ္ပါဒူ ( ေဝးလ္စ္ လက္ေရြးစင္ )
ခရစ္စတီယန္ ပူလီဆစ္ ( အေမရိကန္ လက္ေရြးစင္ )
အာမန္ဒို ဘိုဂ်ာ ( အယ္လ္ေဘးနီးယား ယူ ၂၁ )
မာ့ခ္ ဂီြဟီ ၊ ထရီဗာ ခ်ာလိုဘတ္ ( အဂၤလန္ ယူ ၂၁ )
ဘီလီ ဂီလ္မာ ( စေကာ့တလန္ ယူ ၂၁ )
ေကာ္နာ ေဂၚလဂါ ၊ တာရက္ လမ္ပ္တီ ( အဂၤလန္ ယူ ၂၀ )
ဟြမ္ ကတ္စတီလို ( နယ္သာလန္ ယူ ၂၀ )
သီယာႏို ေဘာ္လို ( ၾသစၾတီးယား ယူ ၁၉ )
ကာလို ဇီဂါ ( ခရိုေအးရွား ယူ ၁၉ )
ကလင္တန္ မိုလာ ၊ တီႏို အန္ဂ်ိဳရင္ ( အဂၤလန္ ယူ ၁၉ )
ဆမ္ မက္ကလီလန္း ( ေျမာက္အိုင္ယာလန္ ယူ ၁၉ )
လူးဝစ္ဘိတ္ ၊ ဗယ္လန္တီႏို လီဗရာမန္တို ၊ ဒင္နယ္လ္ ဆီမီယူ ( အဂၤလန္ ယူ ၁၈ )
အီယန္ မတ္ဆင္ ( နယ္သာလန္ ယူ ၁၈ )
လူးဝစ္ ကိုဝဲလ္ ၊ ဆမ္ျမဴရယ္ အီလင္း ၊ ဇာဗီယာ ဆိုင္မြန္စ္ ( အဂၤလန္ ယူ ၁၇ )

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် အတွက် အတည်ပြု ကစားသမား စာရင်း ပါဝင် နေတဲ့ ချယ်လ်ဆီး သတင်းတိုများ

* မကြာကခင် ကပဲ ပြီးဆုံး သွားခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် မှာ တူရကီ ကလပ် ဂါလာတာစာရေး အသင်း နဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ အသင်း တို့ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် အဖျက် ကစားသမား တီမို ဘာကာယိုကို ကို အငှား နဲ့ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပေမယ့် ၄င်းတို့ဟာ အငှား စာချုပ် ထဲမှာ အပြီးသတ် ခေါ်ယူခွင့် ကို မလိုလားတာကြောင့် ချယ်လ်ဆီး အသင်း ဟာ ဘာကာယိုကို ကို ၄င်းရဲ့ အသင်းဟောင်း မိုနာကို သို့ တရာသီ အငှားချ လိုက်ခြင်း ဖြစ်ပါတယ် ။

* မနေ့ ကပဲ ချယ်လ်ဆီး အသင်း ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် တတိယမြောက် ဂျာစီ ကို တရားဝင် မိတ်ဆက် ပေးခဲ့ပြီး ဒီ ဂျာစီ အရောင် ဟာ အမဲ နဲ့ လိမ္မော် ၂မျိုး စပ်ထားတာလည်း ဖြစ်ပါတယ် ။ ဒီ ဂျာစီ ကို ချယ်လ်ဆီး အသင်း ဟာ လိုင်လီ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် အဝေးကွင်း ပွဲစဉ် မှာ စတင် ဝတ်ဆင် သွားမယ် လို့လည်း သိရပါတယ် ။

* အင်္ဂလန် သတင်း The Athletic ရဲ့ ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ရဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း မှာ အက်သလက်တီကို အသင်း ရဲ့ စိတ်ဝင်စားမှု ကို ရရှိ ခဲ့ပေမယ့် ၄င်းတို့ အသင်း ဖက်က မားကို့စ် အလွန်ဆို အတွက် ချယ်လ်ဆီး အသင်း မှ အလိုရှိတဲ့ ပေါင်သန်း ၄၀ ကို ပေးချေ လိုခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ မဖြစ်ပေါ်လိုက်ဘူး လို့ သိရပါတယ် ။ ထို့အပြင် ချယ်လ်ဆီး အသင်း ဟာ အဓိက ဘယ်နောက်ခံလူ အီမာဆင် အတွက် အရန် မရှိတာကြောင့် အလွန်ဆို ကို ရောင်းချဖို့ တားဆီး ခဲ့တယ် လို့လည်း သိရပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားဟောင်း ရေးပါလာ က ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် အနေနဲ့ အခု လက်ရှိ ကြိုးစားမှု ပုံစံ အတိုင်း ဆက်လက် ကြိုးစားမယ် ဆိုရင် အင်္ဂလန် လက်ရွေးစင် ဖြစ်လာဖို့ သေချာ နိုင်ကြောင်း ၊ ငယ်ငယ် ကတည်းက အင်္ဂလန် အတွက် ကစား ပေးခဲ့တဲ့ အေဘရာဟမ် အနေနဲ့ လက်ရွေးစင် အဆင့် အထိ ပါ တက်လှမ်း သင့်ကြောင်း ၊ ပွဲထွက်ခွင့် အတွက် တိုက်ပွဲ ဝင်ရတာက ၄င်းကို ပိုကောင်းတ့ ကစားသမား ဖြစ်လာ စေနိုင်ကြောင်း Talksport ရဲ့ အစီအစဉ် ကနေ တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဂိုးသမား ကီပါ က ပြီးခဲ့တဲ့ ရာသီ က ကာရာဘောင် ဖလား ဖိုင်နယ် မှာ လူစားလဲဖို့ ငြင်းဆန် ခဲ့တဲ့ ဖြစ်ရပ် အတွက် အခု အချိန် အထိ နောင်တ ရနေသလို ၊ ဂုဏ်လည်း မယူ မိကြောင်း ၊ ဒါဟာ နားလည်မှု လွဲခဲ့တဲ့ ဖြစ်ရပ် သာ ဖြစ်ခဲ့ပြီး တပတ် အတွင်းမှာ ၄င်းတို့ဟာ ဒီ အခြေအနေ အတွက် အားလုံး ကျေအေး သွားအောင် ဖြေရှင်း နိုင်ခဲ့တယ် လို့ စပိန် သတင်း Cadena SER နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ဖွင့်ဟ ခဲ့ပါတယ် ။

* ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ဘယ်လ်ဂျီယမ် ကလပ် အန်ဒါလက်ချ် အသင်း ဟာ ချယ်လ်ဆီး အသင်း တိုက်စစ်မှူး ဘတ်ရှူဝါရီ ကို တရာသီ အငှား နဲ့ ခေါ်ယူဖို့ နီးစပ် ခဲ့ပေမယ့် ဘတ်ရှူဝါရီ ရဲ့ တပတ် လစာ ကို ပေးချေဖို့ မတတ်နိုင် ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် ခဲ့တယ် လို့ သိရပါတယ် ။ အန်ဒါလက်ချ် ဥက္ကဋ္ဌ ကတော့ ချန်ပီယံလိဂ် ကစားခွင့် ရနေတဲ့ ကလပ် ဘရုဂေး တောင် ဘတ်ရှူဝါရီ ရဲ့ လစာ ကို မပေးချေ နိုင်တာကြောင့် ၄င်းတို့ အတွက် ပိုပြီး အခက်တွေ့ ရကြောင်း ဖွင့်ဟ ဝန်ခံ ခဲ့ပါတယ် ။

* ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ချယ်လ်ဆီး အသင်း ရဲ့ ချန်ပီယံလိဂ် လူစာရင်း

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ၊ ဝီလီ ကာဘယ်လာရို ၊ ဂျေမီ ကမ်းမင်း ။

ခံစစ် – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ ရိစ်ဂျိ်မ်းစ် ၊ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ ကတ်ဇူးမား ၊ ဖီကာယို တိုမိုရီ ၊ မာ့ခ် ဂွီဟီ ၊ အီမာဆင် ၊ မားကို့စ် အလွန်ဆို ။

ကွင်းလယ် – ဂျော်ဂျင်ဟို ၊ အန်ဂိုလို ကန်တေ ၊ မတ်တီယို ကိုဗာဆစ် ၊ ရော့စ် ဘာကလေ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မေဆင်မောင့် ၊ ဘီလီ ဂီလ်မာ ၊ ဂျော့ချ် မက်အီချရန် ။

တိုက်စစ် – ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ခရစ်စတီယန် ပူလီဆစ် ၊ ပတ်ဒရို ၊ ဝီလီယံ ၊ တမ်မီ အေဘရာဟမ် ၊ အိုလီဗီယာ ဂျရူး ၊ မစ်ချီ ဘတ်ရှူဝါရီ ။

* နိုင်ငံ အသင်း တွေ အတွက် အသီးသီး အရွေးချယ် ခံခဲ့ရတဲ့ ချယ်လ်ဆီး အသင်းသားများ
မစ်ချီ ဘတ်ရှူဝါရီ ( ဘယ်လ်ဂျီယမ် လက်ရွေးစင် )
မာရီယို ပါဆယ်လစ် ( ခရိုအေးရှား လက်ရွေးစင် )
အန်ဒရီယာစ် ခရစ်တန်ဆန် ( ဒိန်းမတ် လက်ရွေးစင် )
ရော့စ် ဘာကလေ ၊ မေဆင်မောင့် ( အင်္ဂလန် လက်ရွေးစင် )
အိုလီဗီယာ ဂျရူး ၊ ကတ်ဇူးမား ( ပြင်သစ် လက်ရွေးစင် )
ဂျော်ဂျင်ဟို ၊ အီမာဆင် ( အီတလီ လက်ရွေးစင် )
ကီပါ အရီဇာဘာလာဂါ ( စပိန် လက်ရွေးစင် )
အီသန် အမ်ပါဒူ ( ဝေးလ်စ် လက်ရွေးစင် )
ခရစ်စတီယန် ပူလီဆစ် ( အမေရိကန် လက်ရွေးစင် )
အာမန်ဒို ဘိုဂျာ ( အယ်လ်ဘေးနီးယား ယူ ၂၁ )
မာ့ခ် ဂွီဟီ ၊ ထရီဗာ ချာလိုဘတ် ( အင်္ဂလန် ယူ ၂၁ )
ဘီလီ ဂီလ်မာ ( စကော့တလန် ယူ ၂၁ )
ကော်နာ ဂေါ်လဂါ ၊ တာရက် လမ်ပ်တီ ( အင်္ဂလန် ယူ ၂၀ )
ဟွမ် ကတ်စတီလို ( နယ်သာလန် ယူ ၂၀ )
သီယာနို ဘော်လို ( သြစတြီးယား ယူ ၁၉ )
ကာလို ဇီဂါ ( ခရိုအေးရှား ယူ ၁၉ )
ကလင်တန် မိုလာ ၊ တီနို အန်ဂျိုရင် ( အင်္ဂလန် ယူ ၁၉ )
ဆမ် မက်ကလီလန်း ( မြောက်အိုင်ယာလန် ယူ ၁၉ )
လူးဝစ်ဘိတ် ၊ ဗယ်လန်တီနို လီဗရာမန်တို ၊ ဒင်နယ်လ် ဆီမီယူ ( အင်္ဂလန် ယူ ၁၈ )
အီယန် မတ်ဆင် ( နယ်သာလန် ယူ ၁၈ )
လူးဝစ် ကိုဝဲလ် ၊ ဆမ်မြူရယ် အီလင်း ၊ ဇာဗီယာ ဆိုင်မွန်စ် ( အင်္ဂလန် ယူ ၁၇ )

SPORTS MYANMAR