အဆို ပါပွဲစဉ်မှာ ရီးရဲလ်အသင်းဟာ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဂီရိုနာအသင်းရဲ့ သွင်းဂိုး၂ဂိုးကို ပြန်ခွင့်ပြု ခဲ့ရပြီး နောက်ဆုံး ဂိုးမှာတော့ မာဆယ်လိုရဲ့ ဖြတ်ထုတ်မှု နှေးကွေး မှုဟာ အဓိက ပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် နည်းပြကြီး ဆိုလာရီက သူ့ကို ပွဲတွေကနေ ချန်လှပ်သွားခဲ့ပြီး လွန်ခဲ့တဲ့ လတွေအတွင်း မှာအသုံးပြုနေခဲ့တဲ့ ရက်ဂီလွန်ကို ပြန်လည် အသုံးပြုနေခဲ့တာဖြစ်ပါတယ်။မာဆယ်လိုဟာ မဟာပြိုင်ဘက် ဘာစီလိုနာ အသင်းနဲ့ ၂ပွဲဆက်၊ အေဂျက် အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။

သူဟာ ဒီရာသီ လာလီဂါ ပွဲစဉ် ၂၆ အပြီးမှာ ၁၃ပွဲသာ ပါဝင်ကစားခွင့်ရ ရှိထားသေးတာဖြစ်ပြီး ဒဏ်ရာုပြသနာတွေ ၊ ဆိုလာရီရဲ့ အဆုံးအဖြတ်တွေ ကြောင့် ပွဲကစားခွင့် ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ကစားသမား ဘဝမှာအခု လောက် ပွဲစဉ် အရေအတွက် အပြီး ပွဲအနည်းဆုံးပါဝင် ထားခဲ့တဲ့ ရာသီကတော့ ၂၀၀၇- ၀၈ ရာသီဖြစ်ပြီး ပွဲစဉ် ၂၆အပြီး ၁၅ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၂ – ၁၃ ရာသီမှာတော့ ဘရာဇီးလ် အသင်း အတွက် ကစားပေးရင်း ရ ရှိခဲ့တဲ့ ပြင်းထန်တဲ့ ခြေဖဝါး ဒဏ်ရာကြောင့် ၃လလောက်အထိ အနားယူခဲ့ရလို့ ပွဲစဉ် ၂၆ အပြီးမှာ၈ ပွဲသာပါဝင် ခွင့် ရခဲ့သေးတာဖြစ်ပါတယ်။သူဟာ ဒီရာသီမှာလည်း ပွဲကစားခွင့် နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာ ဂဏန်းအရေအတွက် တွေကို သာပိုင်ဆိုင်နေတာဖြစ်ပါတယ်။သူပွဲထွက် ခွင့်ရခဲ့တဲ့ နောက်ဆုံးလာလီဂါ ပွဲစဉ် ၉ ပွဲမှာ ဒီဇင်ဘာ ၁၄ရက်နေ့မှာကစားခဲ့တဲ့ ဗယ်လက်ကာနို အသင်းနဲ့ ပွဲစဉ် တပွဲတည်းကိုသာအနိုင် ရထားပါတယ်။

သူဟာ ဇန်နဝါရီလ ၂၇ရက်နေ့မှာအက်စ်ပန်ညို အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပါဝင်ခွင့် ရခဲ့ပေမယ့်လူစားဝင်ခွင့်သာ ရခဲ့တာဖြစ်ပါတယ်။ဗယ်လက်ကာနိုနဲ့ ပွဲမတိုင်မီသူပါဝင် ပွဲထွက်ခွင့်ရခဲ့ပြီး အနိုင်ရခဲ့တဲ့ ပွဲကတော့ စက်တင်ဘာလအတွင်း ဘာနေဗျူးမှာ ကစားခဲ့တဲ့ လီဂါနက်စ်နဲ့ ပွဲစဉ်ဖြစ်ပါတယ်။ထိုပွဲနောက်ပိုင်း ဒီဘရာဇီးလ် သားပွဲထွက်ပါဝင် ကစားခဲ့တဲ့ လိဂ်ပွဲ ၉ပွဲမှာ ရှုံးပွဲ ၆ပွဲ ၊ သရေပွဲ ၂ပွဲနဲ့ နိုင်ပွဲတပွဲ သာရှိထားခဲ့တာဖြစ်ပါတယ်။

မာဆယ်လို ဟာ ဘာနေဗျူး မှာအနာဂတ် ဆက်ရှိဖို့ မသေချာတော့ဘူး ဆိုတဲ့ ကောလာဟလ တွေ အခုရက်ပိုင်း ကျယ်လောင်နေပြီး သူငယ်ချင်းဖြစ်သူရော်နယ် ဒိုရှိနေတဲ့ဂျူဗီ အသင်းနဲ့ အကြို သဘောတူညီမှု ရသွားပြီဆိုတဲ့ သတင်း တွေလည်းထွက်နေပါတယ်။

SM