FIFA FIFpro ကတော့ 2019 ခုနှစ် ရဲ့ အကောင်းဆုံး အသင်းကို သတ်မှတ်ဖို့ အတွက် ဆန်ကာတင် စာရင်း 55 ဦးကို တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ စာရင်းမှာတော့ ပရီးမီးယားလိဂ်ဟာ 2009 ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အရေအတွက် အများဆုံး ပါဝင်လာခဲ့ပြီး ၊ ယခင် 9 နှစ် ဆက်တိုက်မှာတော့ လာလီဂါ က ကစားသမားအများစု ကပဲ ကြီးစိုးထားခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ ပရီးမီးယားလိဂ် က စုစုပေါင်း 21 ယောက် နဲ့ လာလီဂါ က 20 ယောက် ပါဝင်လာခဲ့ပါတယ်။ ဥရောပ ချန်ပီယံ လီဗာပူး အသင်းကတော့ ပရီးမီးယားလိဂ် ရဲ့ ကစားသမား ပါဝင်မှု အများဆုံး ဖြစ်ခဲ့ပြီး ၊ စုစုပေါင်း 7 ဦးအထိ ပါဝင်နေခဲ့ပါတယ်။ သို့သော် အဲဒီ အရေအတွက်ဟာ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့ရဲ့ အရေအတွက်ထက်တော့ နည်းပါးနေဆဲပါ။

နိုင်ငံအလိုက် ခွဲခြမ်းကြည့်လိုက်ရင်တော့ ဘရာဇီးဟာ ကစားသမားပါဝင်မှု အများဆုံး ဖြစ်နေခဲ့ပြီး ၊ စုစုပေါင်း 10 ဦးအထိ ပါဝင်နေခဲ့ပါတယ်။ ဖီဖာ အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းကို ဒီလ 23 ရက်နေ့မှာ ၊ အီတလီ နိုင်ငံ မီလန် မြို့မှာ ဖီဖာ အကောင်းဆုံး ကစားသမားဆု နဲ့ အတူ ချီးမြှင့်ပေးသွားမှာပါ။

ဆန်ကာတင် စာရင်း

ဂိုးသမား
1. အလီဆွန် (လီဗာပူး)
2. ဒီဂီယာ (ယူနိုက်တက်)
3. အီဒါဆင် (မန်စီးတီး)
4. အော့ဘလက် (အေတီကို)
5. တာစတီဂျန် (ဘာစီလိုနာ)

နောက်တန်း ကစားသမား
6. အယ်လ်ဘာ (ဘာစီလိုနာ)
7. အာနိုး (လီဗာပူး)
8. ဒန်နီရယ် အဲလ်ဗက် (ဆော်ပေါ်လို)
9. ကန်ဆယ်လို (မန်စီးတီး)
10. ကာဗာဂျယ် (ရီးရဲ)
11. ချီရယ်လီနီ (ဂျူဗီ)
12. ဗန်ဒိုက် (လီဗာပူး)
13. ဂိုဒင် (အင်တာမီလန်)
14. ကင်မစ်ခ်ျ (ဘိုင်ယန်)
15. ကူလီဘယ်လီ (နာပိုလီ)
16. လာပေါ်တေး (မန်စီးတီး)
17. ဒီလစ် (ဂျူဗီ)
18. ပီကေး (ဘာစီလိုနာ)
19. ရော်ဘတ်ဆန် (လီဗာပူး)
20. ရာမို့စ် (ရီးရဲ)
21. ဆန်ဒရို (ဂျူဗီ)
22. သီယာဂို ဆေးဗား (ပီအက်စ်ဂျီ)
23. ဗာရန်း (ရီးရဲ)
24. မာဆယ်လို (ရီးရဲ)
25. ဝေါ်ကာ (မန်စီးတီး)

အလယ်တန်း
26. ဘက်စ်ကွက် (ဘာစီလိုနာ)
27. ကက်စ်မဲရိုး (ရီးရဲ)
28. ဒီဘရိုင်း (မန်စီးတီး)
29. အဲရစ်ဆင် (စပါး)
30. ဒီဂျောင် (ဘာစီလိုနာ)
31. ဟာဇက် (ရီးရဲ)
32. ကန်တီ (ချဲဆီး)
33. ခရူး (ရီးရဲ)
34. အာသာ (ဘာစီလိုနာ)
35. မိုဒရစ် (ရီးရဲ)
36. ပေါ့ဘာ (ယူနိုက်တက်)
37. ရာကီတစ် (ဘာစီလိုနာ)
38. ဘာနာဒို ဆေးဗား (မန်စီးတီး)
39. တာဒစ် (အေဂျက်)
40. ဗီဒယ် (ဘာစီလိုနာ)

Pogba
ရှေ့တန်း
41. အဂွေးရိုး (မန်စီးတီး)
42. ဘန်ဇီးမား (ရီးရဲ)
43. ဖာမင်နို (လီဗာပူး)
44. ဂရစ်ဇ်မန်း (ဘာစီလိုနာ)
45. ကိန်း (စပါး)
46. လီဝန်ဒေါ့စကီး (ဘိုင်ယန်)
47. မာနေး (လီဗာပူး)
48. ဘာပေ (ပီအက်စ်ဂျီ)
49. မက်ဆီ (ဘာစီလိုနာ)
50. နေမာ (ပီအက်စ်ဂျီ)
51. ရိုနာဒို (ဂျူဗီ)
52. ဆာလတ် (လီဗာပူး)
53. ဆွန် (စပါး)
54. စတာလင် (မန်စီးတီး)
55. ဆွာရက် (ဘာစီလိုနာ)

messi vs ronnaldo

တို့ ဖြစ်ပါတယ်။

အခုစာရင်းကို ပထမဆုံး အကြိမ် ပါဝင်လာခဲ့တဲ့ ကစားသမား က 17 ဦး အထိ ရှိခဲ့ပြီး ၊ 2018 ခုနှစ် က ဆန်ကာတင် စာရင်းမှာတော့ မဲ တစ်မဲမှ ရရှိခဲ့ခြင်း မရှိတဲ့ ကစားသမားပေါင်းလဲ 17 ဦးအထိ ရှိခဲ့ပါတယ်။
နာမည်ကြီး ကစားသမားကြီး ရိုနာဒို ကတော့ ဒီစာရင်းမှာ ပါဝင်လာခဲ့တာ စုစုပေါင်း 15 ကြိမ် ရှိပြီ ဖြစ်ကာ ၊ အကြိမ်ရေ အများဆုံး နဲ့ ရပ်တည်လျှက် ရှိနေပါတယ်။

2019 ခုနှစ် အတွက် အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းက ဘယ်သူ ဖြစ်မလဲဗျာ……..