နယ်သာလန် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက် ဟာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ လ မှာ ဆောက်သမ်တန် ကနေ လီဗာပူး ကို ပေါင် ၇၅ သန်း နဲ့ ပြောင်းရွှေ့ ခဲ့ ပါတယ် ။ ဒီလို ပြောင်းရွှေ့မှု မဖြစ်လာခင် မှာ ဗန်ဒိုက် ကို မန်ချက် စတာ ယူနိုက်တက် အသင်း က ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သတင်းထွက် လာခဲ့ ပါတယ် ။ ဒါပေမယ့် အမှန် တကယ် ကမ်းလှမ်းမှု မပြုလုပ် ခဲ့ဘဲ လီဗာပူး ဘက်က ကမ်းလှမ်း လာချိန် မှာတော့ ဗန်ဒိုက် တစ်ယောက် အန်ဖီးလ် ကို ရောက်ရှိ သွားခဲ့ ပါတယ် ။

ဗန်ဒိုက် ဟာ လီဗာပူး နဲ့ ပထမ ဆုံး ရာသီဝက် မှာတင် ချန်ပီယံ လိဂ် ငွေတံဆိပ် ဆု ရရှိ ခဲ့ပြီး ဒုတိယ မြောက် နှစ် ( ပထမဆုံး ရာသီပြည့် ) မှာ တော့ ချန်ပီယံ လိဂ် ဖလားကြီး ကို ရယူ ကိုင်မြှောက် နိုင် ခဲ့ ပါတယ် ။ ဗန်ဒိုက် ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့သလို ပွဲ ၅၀ ဆက်တိုက် လိမ်ခေါက် ကျော်ဖြတ်မှု မခံ ရတဲ့ ခံစစ်မှုး လည်း ဖြစ်လာ ခဲ့ ပါတယ် ။

ပြီး ခဲ့တဲ့ လကုန်ပိုင်း က ပြုလုပ် ခဲ့တဲ့ UEFA Award အခမ်း အနား မှာတော့ ဗန်ဒိုက် ဟာ UEFA Player of the Year ဆု ကို လီယွန်နယ် မက်ဆီ ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ ကို ကျော်ဖြတ်ပြီး ရယူနိုင် ခဲ့ သလို လာမယ့် Ballon D’or နဲ့ FIFA The Best Award တွေ အတွက် လည်း ရေပန်း စား နေခဲ့ ပါတယ် ။

ဒီလိုမျိုး ထူးချွန် တောက်ပ လာတဲ့ ခံစစ်မှုး ကို ယူနိုက်တက် ဟာ လီဗာပူး နဲ့ ဈေးပြိုင် ကမ်းလှမ်းမှု မပြုလုပ် ခဲ့ ပါဘူး ။ ဗန်ဒိုက် ကို မကမ်းလှမ်း ဖို့ ဆုံးဖြတ် ခဲ့တဲ့ သူကတော့ ဟိုဆေး မော်ရင်ဟို ပဲ ဖြစ်ပါတယ် ။ Telegraph သတင်း ဌာန က ဖော်ပြ ခဲ့တဲ့ သတင်းမှာ မော်ရင်ဟို က ဗန်ဒိုက် ကို ကမ်းလှမ်းမှု မပြုလုပ် ဖို့ ယူနိုက်တက် တာဝန် ရှိသူတွေ ကို မှာကြားခဲ့ တယ် လို့ ပါရှိ လာခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ အဆိုပါ အချိန်တုန်းး က ယူနိုက်တက် နည်းပြ အဖြစ် ရှိနေ ခဲ့ပြီး အဲရစ် ဘိုင်လီ နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ အတွဲ ဟာ အသင်းရဲ့ အနာဂါတ် ခံစစ် အတွဲဖက် အသစ် ဖြစ်လာ လိမ့်မယ် လို့ ယုံကြည် ခဲ့တာ ကြောင့် စံချိန်တင် လောက်မယ့် ငွေကြေး ကို အသုံးမပြု လိုခဲ့တာ ဖြစ်တယ် လို့ Telegraph သတင်းစာ က ဖော်ပြ သွားခဲ့ ပါတယ် ။

Morinho

ဒါပေမယ့် အဲရစ် ဘိုင်လီ ဟာ ကြံ့ခိုင်မှု အားနည်း ပြီး မကြာခဏ ဒဏ်ရာ ရခဲ့ သလို နည်းနစ်ပိုင်း အားနည်းတဲ့ ဖျက်ထုတ်မှု မျိုးတွေကို ကျူးလွန် ခဲ့တာ ကြောင့် မော်ရင်ဟို ရဲ့ ယုံကြည်အားးကိုးမှု လျော့ကျ ခဲ့ကာ ၂၀၁၈ နွေရာသီ မှာပဲ ဟယ်ရီ မက်ဂွဲယား ကို ခေါ်ယူဖို့ မော်ရင်ဟို ကြိုးစားခဲ့ရ ပါတယ် ။

ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ ယူနိုက်တက် ဟာ မော်ရင်ဟို ရဲ့ ဆန္ဒ ကို မဖြည့်ဆည်း ပေးတော့ဘဲ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ် ကို သာ ခေါ်ယူခဲ့ ပါတယ် ။ အကျိုးဆက် ကတော့ ယူနိုက်တက် ရဲ့ ခံစစ် ဟာ ၂၀၁၈-၁၉ ရာသီ မှာ သိသိ သာသာ ယိုယွင်း ပျက်စီး ခဲ့ပြီး မော်ရင်ဟို ဟာ လည်း ဒီဇင်ဘာလ မှာ အထုတ်ပယ် ခံ ခဲ့ရ ပါတယ် ။

ယခု ရာသီမှာ တော့ ယူနိုက်တက် ဟာ ခံစစ် ကို ဖာထေး ဖို့ အတွက် မော်ရင်ဟို တောင်းဆို ခဲ့တဲ့ မက်ဂွဲယား ကို ဗန်ဒိုက် ရဲ့ ပေါင် ၇၅ သန်း ထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့ရ ပါတယ် ။ ဗန်ဒိုက် ကတော့ လီဗာပူး နဲ့ အတူ နောက်ထပ် အောင်ပွဲ တွေ ကို ရယူ ဖို့ အတွက် အားမာန် အပြည့် နဲ့ ခရီးဆက် နေပြီပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR