စပိန် U 21 အသင်း ရဲ့ ကစားသမား လေး ဖြစ်တဲ့ ဒါနီ အိုလ်မို ဟာ ဒီနွေ အပြောင်း အရွှေ့ အတွင်း အသင်း ပြောင်ဖို့ သတင်း ကြီးခဲ့ သေး ပေမယ့် ဒိုင်နမို ဇာဂရက် အသင်း ဖက်မှ တောင်းဆို ခဲ့တဲ့ ပြောင်းရွှေ့ ကြေးဟာ အဆ မတန် များပြား နေခဲ့ တဲ့ အတွက် စိတ်ပျက် ခဲ့ရ ပါတယ် ။

အိုလ်မို ကုန်ဆုံး ခဲ့တဲ့ နွေ ရာသီ တုန်းက စပိန် U 21 အသင်း နဲ့ အတူ အထူး တောက်ပ ခဲ့တာ ကြောင့် သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီး ကလပ် တွေက အထူး စိတ်ဝင်စား ခဲ့ကြ ပါတယ် ။

ဒါပေမယ့် သူ့ရဲ့ လက်ရှိ ကလပ် ဖြစ်တဲ့ ဒိုင်နမို ဇာဂရက် အသင်း က သူ့ အတွက် ပြောင်းရွှေ့ ကြေး ယူရို သန်း 40 ( ပေါင် 36 သန်း ) သတ်မှတ် ခဲ့တာ ကြောင့် ကစားသမား ကို ခေါ်ယူ နိုင်ဖို့ အတွက် အဆိုပါ ကလပ် တွေက မဝံ့ မရဲ ဖြစ်ခဲ့ ကြ ပါတယ် ။

အခုတော့ အိုလ်မို က သူဟာ ဥရောပ ထိပ်သီး လိဂ် 5 ခုမှ ထိပ်တန်း ကလပ် တစ်သင်း သင်းဆီ ပြောင်းရွှေ့ ဖို့ အတွက် စိတ် ဝင်စား နေဆဲ ဖြစ်ကြောင်း ၊ ဇန်နဝါရီ တုန်းက သူဟာ အခွင့် အရေး ရရှိ ခဲ့ ပေမယ့် ပြောင်းရွှေ့ ကြေး သတ်မှတ် ချက်ကြောင့် စိတ်ပျက် ခဲ့ရ ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော့် မှာ ဖုံးကွယ် ထား စရာ ဘာ အကြောင်း မှ မရှိ ပါဘူး ။ ကျွန်တော် ဒိုင်နမို ကနေ ထွက်ခွာ လိုခဲ့ ပါတယ် ။ ကျွန်တော် ဟာ ဥရောပ ထိပ်သီး လိဂ် 5 ခုမှ အင်အား တောင့်တင်း တဲ့ ကလပ် အသင်း တစ် သင်းသင်း ဆီကို ပြောင်းရွှေ့ လိုနေ ခဲ့ ပါတယ် ”

” ကျွန်တော့် အတွက် တော့ ဒီနွေ ဟာ အသင်း ပြောင်းရွှေ့ နိုင် ရေး အတွက် အကောင်းဆုံး အခွင့် အရေး တစ်ခု ရရှိ ခဲ့ခြင်း ပဲလို့ ယုံကြည် နေခဲ့ မိတယ် လေ ”

” အခု လို အခု အရေး တစ်ရပ် ပိုင်ဆိုင် ခြင်းကို အသုံချ ဖို့ ဆိုတာ ကစားသမား တစ်ယောက် နဲ့ အသင်း တစ်သင်း အတွက် အကောင်းဆုံး အရာ ပဲလို့ ကျွန်တော် တွေးခဲ့ ပါတယ် ။ ကျွန်တော် ဟာ အကောင်းဆုံး အပြောင်း အရွှေ့ တစ်ခု ပိုင်ဆိုင် နိုင်ခဲ့ သင့်တယ် လေ ”

” ဒါပေမယ့် ပြောင်းရွှေ့ ကြေးက အရမ်း များပြား ခဲ့တယ် လို့ ကျွန်တော် ထင်ခဲ့ ပါတယ် ။ ကျွန်တော် ဟာ တန်ကြေး မရှိ ဘူးလို့ ကိုယ့်ဟာ ကိုယ် ထင်လို့ အခု လို ပြောနေ တာ မဟုတ် ပါဘူး ။ ကျွန်တော် က ခရိုအေးရှား လိဂ် မှာ ကစား နေ ရလို့ ပါ ”

” နိုင်ငံခြား ကလပ် တွေက ဒီလို အသင်း က ကစားသမာ တွေကို အာရုံစိုက် ကြတယ် လေ ။ တစ်ကယ်တမ်း မှာတော့ ခရိုအေးရှား လိဂ် တစ်ခု က ကစားသမား အတွက် ဒီလောက် များပြား လှတဲ့ ပြောင်းရွှေ့ ကြေးက အခက် အခဲ တွေကို ဖြစ်စေ နိုင်တယ် လေ ” လို့ အိုလ်မို က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ဒီနွေ မှာ အိုလ်မို ကို ခေါ်ယူ နိုင်ရေး အတွက် ပရီးမီးယား လိဂ် မှ မန်ချက်စတာ ယူနိုက်တက် အပါအဝင် လီဗာပူး ၊ တော့တင်ဟမ် နဲ့ ဝက်စ်ဟမ်း အသင်း တို့ ကပါ စိတ်ဝင်စား ခဲ့ကြ ပါတယ် ။ ဒါ့အပြင် စပိန် နိုင်ငံသား ဖြစ်တဲ့ အတွက် စပိန် ထိပ်သီး ကလပ်တွေ ကလည်း စိတ်ဝင်စား ခဲ့ကြ ပါ သေးတယ် ။

#Sports_Myanmar