Pep

အီတီဟတ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းက ဘရိုက်တန် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။စပါး အသင်းနဲ့၂ဂိုးစီသရေကျအပြီး အိမ်ကွင်းမှာနိုင်ပွဲပြန်ရခဲ့ပေမယ့် အဓိက နောက်ခံလူတဦးဖြစ်တဲ့ လာပေါ်တေး ဒဏ်ရာရသွားခဲ့လို့ နစ်နာ ခဲ့ရပါတယ်။

လာပေါ်တေးဟာ ၂၀၁၈ ဇန်နဝါရီ မှာ ဘီဘာအိုလ် အသင်းကနေ ပေါင် ၅၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးမန်စီးတီးမှာ ရှိနေတဲ့ ၁ရာသီခွဲကြာ ကာလအတွင်းမှာ ဆုဖလား ၅လုံးအထိ ဆွတ်ခူးထားနိုင်ခဲ့ပြီ လည်းဖြစ်ပါတယ်။အီတီဟတ်ကို ရောက်လာချိန်ကစတင်ပြီး ခံစစ်ပိုင်းမှာ ပွဲအများဆုံးကစားခွင့်ရနေခဲ့သူအဖြစ်လည်းရှိနေတာဖြစ်ပါတယ်။

လာပေါ်တေးဟာပြိုင်ဘက်ထံကနေ ဘောလုံးလုယူမှု၊ အမြင့်ဘော ရှင်းလင်းနိုင် မှု ၊ ဘောလုံး ဖျက်ထုတ်မှုတွေ မှာအသင်းဖော်ခံစစ် ကစားသမားအများစု ထက် သာလွန်အောင် လုပ်ဆောင်ထားနိုင်နေခဲ့တဲ့ ကစားသမားတဦးဖြစ်လို့လည်း သူကာလရှည်အနားယူရဖို့ရှိနေတာဟာ မန်စီးတီး အသင်းနဲ့ ပရိသတ်တွေအတွက်သတင်းဆိုး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီပြင်သစ်သားရဲ့ နေရာအတွက် ဘယ်သူတွေကို ဆောင်းရာသီဈေးကွက် အတွင်းခေါ်ယူသင့်တယ်ဆိုတာကို Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ဇန်နဝါရီ မှာ မန်စီးတီး အသင်းခေါ်ယူဖွယ်ရှိနေတဲ့ဗဟိုခံစစ်မှူးတွေကတော့-

၁။ အယ်ဒါဝီရယ် ( စပါး )

သတင်းအရင်း အမြစ် အားလုံးရဲ့ ဖော်ပြချက်အရ အယ်ဒါဝီရယ်ဟာ စပါး အသင်းမှာဆက်နေဖို့ ဆန္ဒ ရှိမနေဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကမှ စပါးနဲ့သက်တမ်းတနှစ်တိုးထားခဲ့ပေမယ့် ဒီဘယ်ဂျီယံသားဟာ စာချုပ်သက်တမ်းမပြည့်မီမှာပဲ ထွက်ခွာနိုင်ခြေရှိနေတာဖြစ်ပါတယ်။

သူဟာ မူလက စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၂၅ သန်းရှိနေပေမယ့် အခုနွေမှာ ပျက်ပြယ်သွားခဲ့ပြီဖြစ်လို့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။အယ်ဒါဝီရယ်ဟာ ၂၀၁၄ မှာပရီးမီးယားလိဂ်ကိုရောက်လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ ခံစစ်ကစားသမားကောင်းတွေထဲက တဦးအဖြစ်ရှိနေပါတယ်။

၂။ ဗာတွန်ဂန် ( စပါး )

အယ်ဒါဝီရယ်နဲ့ အတူ စပါး အသင်းမှာ တွဲကစားနေသူဖြစ်ပြီး လာမယ့်နှစ် ဇွန်လ မှာ Free agent ဖြစ်မယ့် ခံစစ်မှူးကောင်းတယောက်ဖြစ်ပါတယ်။အသက် ၃၂ နှစ်အရွယ်ရှိနေပေမယ့် လာပေါ်တေးရဲ့ နေရာအတွက် အစားထိုးနိုင်စရာ အရည်အချင်းကောင်းတွေပိုင်ဆိုင်ထားသူဖြစ်ပါတယ်။လစာ နှုန်းထားလည်း တောင်းဆိုမှု မကြီးမားသူဖြစ်လို့ အီတီဟတ်ကို ရောက်လာနိုင်ခြေများနေသူဖြစ်ပါတယ်။

၃။ ကူလီဘာလေ ( နာပိုလီ )

ငွေသုံးကြမ်းသူအဖြစ်ကျော်ကြားတဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ကံကောင်းတာကတော့ ကူလီဘာလေအတွက် ပေါင်သန်း၁၀၀ အောက်သာသုံးစွဲဖို့လိုနေတာဖြစ်ပါတယ်။ခံစစ်ကစားသမားကောင်းတဦးကို လိုအပ်ရင်ငွေသုံးသင့်တယ်ဆိုတာကိုလည်း လီဗာပူး ကစားသမားဗန်ဒိုက်က သက်သေပြနေပါတယ်။ကူလီဘာလေရဲ့ အရည်အသွေးဟာအသင်းတိုင်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှု မျိုး ဖြစ်ပေမယ့် ငွေသုံးဖို့ တာဝန်ရှိသူတွေကို ဂွာဒီယိုလာတိုက်တွန်းပါ့မလားဆိုတဲ့ အချက်ကတော့ ရှိနေပါသေးတယ်။

၎။ မန်ဒီ ( ဘက်တစ် )

ငွေကြေး တွေ အများကြီးသုံးပစ်လိုက်တာဟာ ပြသနာတွေဖြေရှင်းဖို့ အမြဲတမ်းတော့ မကောင်းပါဘူး။တခါတလေမှာ အရေးအကြီးဆုံးက ပြသနာဖြစ်နေတဲ့ ကိစ္စကိုဖြေရှင်းဖို့ဖြစ်ပါတယ်။ဘက်တစ် အသင်းရဲ့ ဗဟိုနောက်ခံလူမန်ဒီကတော့ နည်းပြတိုင်းကြိုက်တဲ့ ခြေစွမ်းပိုင်ရှင်ဖြစ်သလို သင့်တင့်တဲ့ ဈေးနဲ့ ခေါ်ယူနိုင်တဲ့ သူလည်းဖြစ်ပါတယ်။ဒီအယ်ဂျီးရီးယားသားဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ ဖြတ်တင်ပေးပို့မှုအများဆုံးနဲ့ ဘောလုံးထိချက်အများဆုံး ခံစစ်မှူးဟအဖြစ် ရပ်တည်ခဲ့ပါတယ်။

၅။ မူရယ်လို ( ခရူဇီယို )

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ မူရယ်လိုကို ကွန်ပနီရဲ့ နေရာအတွက် ဂွာဒီယိုလာက အတော်လေး လိုချင်ခဲ့ဖူးတာဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကောင်းသလို၊ ဘောလုံးပိုင်ဆိုင်မှုကို ကောင်းကောင်းထိန်းသိမ်းနိုင်စွမ်းရှိသူဖြစ်တဲ့ မူရယ်လိုဟာကွင်းအတွင်း ခေါင်းဆောင်နိုင်သူလည်းဖြစ်ပါတယ်။ဘရာဇီးလ်ကနေ အင်္ဂလန် မြေကိုပြောင်းလာတဲ့ ဂျေးဆု ရဲ့ ခြေရာကို နင်းသွားမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၆။ ကွန်ပနီ ( အန်ဒါလက်ခ်ျ)

ကွန်ပနီ လို အသင်းခေါင်းဆောင်ကောင်းတဦးကို ပြန်မမြင်ချင်တဲ့ မန်စီးတီး ပရိသတ် တယောက်မှ ရှိမှာတော့ မဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီကုန်ကမှ မြေရပ်မြေ ဘယ်ဂျီယံကိုပြောင်းထားခဲ့တာဖြစ်ပေမယ့် ၆လ အငှားစာချုပ်လို အနေအထားမျိုး နဲ့ ပြန်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။အန်ဒါလက်ခ်ျ နဲ့ အတူ စီမံကိန်း အသစ်တွေ လုပ်ဆောင်နေပေမယ့် သူနဲ့ မနိစီးတီးတို့ ရဲ့ ဖန်ပြန်ပေါင်းထုတ်မှုကို စိတ်ကူးယဉ်လို့ ရနေသေးတာဖြစ်ပါတယ်။