Odoi

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ လွန်ခဲ့တဲ့ ၄နှစ် ကမှ ပြင်သစ် ကလပ် ကာအန်း အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် လက်စတာ စီးတီး အသင်း သို့ ပြောင်းရွှေ့ လာခဲ့ပြီး ရောက်ရောက်ချင်း နှစ်မှာပဲ လက်စတာ အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ရယူ နိုင်ခဲ့ပါတယ် ။ လက်စတာ နဲ့ အတူ ချက်ချင်း နာမည်ကြီး လာတဲ့ ကန်တေ ကို နောက်တရာသီ မှာပဲ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချယ်လ်ဆီး အသင်း က ပေါင်သန်း ၃၀ နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။

ကန်တေ ဟာ ချယ်လ်ဆီး အသင်း ကို ရောက်ရောက်ချင်း နှစ်မှာပဲ နောက်ထပ် ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုပါ ဆွတ်ခူး နိုင်ခဲ့တာကြောင့် မတူညီတဲ့ အသင်း ၂သင်း နဲ့ ပရီးမီးယားလိဂ် ဖလား ကို ပထမဆုံး ရယူ နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။ အဲ့ဒီနောက် ကန်တေ ရဲ့ အောင်မြင်မှု ကလည်း မရပ်တန့် ခဲ့ပဲ နောက်တရာသီ မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ကို ဆွတ်ခူး နိုင်ခဲ့သလို ၊ ပြင်သစ် လက်ရွေးစင် အသင်း နဲ့လည်း အမြင့်မားဆုံး အောင်မြင်မှု ဖြစ်တဲ့ ကမ္ဘာ့ ဖလား ချန်ပီယံဆု ကို ရယူ နိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ မှာလည်း ကန်တေ ဟာ သူ ကစားနေကျ ကွင်းလယ် အဖျက် နေရာ မှာ ကစားခွင့် မရခဲ့သည့်တိုင် ချယ်လ်ဆီး အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစားခဲ့ကာ ရာသီကုန် မှာလည်း အာဆင်နယ် အသင်း ကို ၄ – ၁ နဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ဖလား ချန်ပီယံဆု ကိုပါ ရရှိ ခဲ့ပြန်ပါတယ် ။ ထို့ အတွက်ကြောင့် ကန်တေ ကို လွန်ခဲ့တဲ့ ၅နှစ် အတွင်း အအောင်မြင်ဆုံး နဲ့ တိုးတက်မှု အရှိဆုံး ကစားသမား တယောက် လို့ သတ်မှတ်ရင် မမှားနိုင်ပါဘူး ။

Odoi

ဖူလ်ဟမ် ၊ ချယ်လ်ဆီး ၊ လက်စတာ အသင်း တို့မှာ ကစားခဲ့တဲ့ သြစတြေးလျ ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာ ကတော့ သူ လက်စတာ မှာ ဂိုးဖမ်း ခဲ့စဉ် က ကာအန် ကနေ လက်စတာ ကို ပြောင်းရွှေ့ လာခဲ့တဲ့ ကန်တေ ကို သူ ကိုယ်တိုင် တခါမှ မကြားခဲ့ဖူးကြောင်း ၊ အခု အခါမှာတော့ သူဟာ မယုံနိုင်စရာ ကောင်းတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်လာပြီ လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

Goal နဲ့ အင်တာဗျူး မှာ ရှဝါဇာ က ” ကျွန်တော် တို့ အန်ဂိုလို ကို စခေါ် ခဲ့တဲ့ အချိန်တုန်းက သူ့နာမည် ကို ကျွန်တော် တခါမှ မကြားခဲ့ဖူးပါဘူး ။ လေ့ကျင့်ရေး အစီအစဉ် တွေမှာ စတင် လေ့ကျင့်တော့မှ သူ့ရဲ့ ခြေစွမ်း တွေကို မြင်လိုက်ရတော့ ‘ wow ‘ သူလည်း တခုခုတော့ တခုခုပဲ လို့ ကျွန်တော် တို့ စိတ်ထဲမှာ တေးမှတ် ခဲ့ကြပါတယ် ။ အဲ့ဒီ ကနေ စပြီး သူဟာ တဖြည်းဖြည်း ချင်းစီ တိုးတက် လာခဲ့ပါတယ် ။ သူဟာ အမြဲ အရှက်အကြောက် ကြီးသူပါ ။ ဘောလုံး ပွဲတွေမှာ သူဟာ ထင်ပေါ် နေတတ်ပေမယ့် သာမန် လူတယောက် အနေနဲ့တော့ သူဟာ အတော်လေး ရှက်တတ်တဲ့ သူပါ ။ ”

” ဒီလိုမျိုး သူ ပရီးမီးယားလိဂ် မှာ အခြေကျ လာတာလည်း ဘာသာစကား လေ့လာသင်ယူမှု ကြောင့်လို့ ကျွန်တော် ထင်ပါတယ် ။ အင်္ဂလိပ် စကား ကို သူ စသင်တဲ့ အချိန် ကနေ စပြီး သူ့ရဲ့ စွမ်းဆောင်ရည် တွေ တစပြီး တစ ထင်ပေါ် လာခဲ့ပါတယ် ။ ဒါပေမယ့် လေ့ကျင့် ကြိုးစားမှု တွေကတော့ လုံးဝ မရပ်တန့် သွားပါဘူး ။ တကယ့် ပွဲစဉ် တွေမှာ သူ ကစားတဲ့ ပုံစံ တွေကို ကြည့်ဖူးမယ် ဆိုရင် အဲ့ဒါ လေ့ကျင့်ရေး အစီအစဉ် တွေမှာလည်း ဒီအတိုင်းပဲ လေ့ကျင့် နေကြ ဖြစ်ပါတယ် ။ ”

” သူ့ရဲ့ ခွန်အား တွေကို တင်လည်း မတင်ဘူး ၊ ချလည်း မချပါဘူး ။ ဒါဟာ နေ့တိုင်း ဘောလုံးကွင်း မှာ သူ ကစားနေတဲ့ ပုံစံ နဲ့ ကြိုးစားမှု ပါပဲ ။ ကျွန်တော် တို့ အသင်း နဲ့ အတူ လိဂ်ဖလား ပွဲစဉ် တချို့ ကစားခဲ့ပြီးတဲ့ အခါ မှာတော့ သူဟာ ပုံမှန် ပွဲထွက် ကစားသမား ၁၁ ယောက် နေရာ ကို ရလာတော့မယ် ဆိုတာ ကျိန်းသေ မှန်းဆ နိုင်ခဲ့ပါတယ် ။ သူဟာ ကျွန်တော် တို့ အလိုရှိ နေတဲ့ ကစားသမားမျိုးပါ ။ ”

Kante

” သူ စ ကစား နေတဲ့ မိနစ် ကိုပဲ စောင့်ကြည့်လိုက်ပါ ။ ဝိုး … မယုံနိုင်လောက်အောက်ပါပဲ ။ အဲ့ဒီနောက် ခင်ဗျား ရဲ့ အတွေးမှာ မေးခွန်း ထုတ်ကောင်းထုတ် နေပါလိမ့်မယ် ။ သူ ဘယ်အချိန်လောက် အထိ ဒီလိုမျိုး ကစား ပေးနိုင်မှာလဲ ။ မေးခွန်း ထုတ်တဲ့သူ တွေသာ မောသွားပါမယ် ။ သူကတော့ မနားတမ်း ဒီအတိုင်း ဆက်ပြီး ကြိုးကြိုးစားစား ကစားပြ နေဆဲပါ ။ သူ့ရဲ့ လုပ်အား က မယုံနိုင်စရာ ကောင်းလွန်းလှ သလို ၊ ဒီလို အားစိုက်ထုတ်မှု ကိုလည်း သူ လွယ်လွယ်ကူကူ ပဲ လုပ်ဆောင် နိုင်ခဲ့ပါတယ် ။ ”

” ခင်ဗျား တို့ သူ့ မျက်နှာ ကို ကြည့်ကြည့်မယ် ဆိုရင် သူဟာ ဘယ်တော့မှ မောပန်း နေတဲ့ ပုံ မပေါ်သလို သူ့မျက်နှာ မှာ အမြဲ အပြုံးပန်း တွေ ဝေနေတတ်ပါတယ် ။ ဒါဟာ သူ့ရဲ့ တမူထူးခြား တဲ့ ဝိသေသ ပါပဲ ။ ကျွန်တော့ အနေနဲ့ သူနဲ့ ပတ်သက်ပြီး ဒီထက် ပို များများတောင် မပြောနိုင်တော့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR