ချဲလ်ဆီး အသင်း ဟာ ဂျပန် တာယာ ကုမ္ပဏီ ယိုကိုဟားမားစ် နဲ့ ချုပ်ဆို ထားတဲ့ ရင်ဘတ် စပွန်ဆာ ဟာ လာမယ့် ရာသီ မှာ သက်တမ်းကုန် ဆုံးတော့ မှာဖြစ် တာ ကြောင့် စပွန်ဆာ သစ် ကို ရှာဖွေ နေတယ် လို့ သိရ ပါတယ် ။ ယိုကိုဟားမားစ် ဟာ ချဲလ်ဆီး အတွက် ပေါင် သန်း ၂၀၀ ရရှိ စေခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ဒုတိယ အမြင့်ဆုံး စပွန်ဆာ စာချုပ် အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

အင်္ဂလန် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် ကတော့ ၀က်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို လက်ရွေးစင် အသင်းမှာ ရွေးချယ် ခဲ့တာ ဟာ မှန်ကန်တဲ့ လုပ်ရပ် လို့ မမြင်မိကြောင်း ထုတ်ဖော် ပြောဆို သွား ခဲ့ ပါတယ် ။

ကိုလံဘီယာ တိုက်စစ်မှုး ဖယ်ကာအို ဟာ တူရကီ ကလပ် ဂါလာတာ စာရေး အသင်း ကို ပြောင်းရွှေ့ ခဲ့ပြီး ယနေ့ မှာ မိတ်ဆက်ပွဲ ပြုလုပ် ခဲ့ ပါတယ် ။ အဆိုပါ မိတ်ဆက် ပွဲ ကို ပရိသတ် ပေါင်း ၄ သောင်း ကျော် လာရောက် အားပေး ခဲ့ကြပြီး ဘောလုံး သမိုင်း တစ်လျောက် အဌမ မြောက် အများဆုံး ဖြစ်ခဲ့ ပါတယ် ။

ယူဗင်တပ် နည်းပြကြီး ဆာရီ ကတော့ ကွင်းလယ်လူ အမ်မရီ ချန် ကို ရောင်းမထုတ် နိုင် ခဲ့မှု နဲ့ ပတ်သက်ပြီး အသင်းရဲ့ အားကစား တာဝန်ခံ တွေ ကို မကျေမနပ် ဖြစ်ခဲ့တယ် လို့ သိရ ပါတယ် ။ ဆာရီ ဟာ အမ်မရီချန် ကို အစီအစဉ် မှာ ထည့်သွင်းဖို့ မစဉ်းစား တော့ဘဲ ချန်ပီယံ လိဂ် လူစာရင်းမှာ လည်း ချန်လှပ် ခဲ့တာ ကြောင့် မလိုလား အပ်တဲ့ ပြဿနာ အချို့ ဖြစ်ပွားခဲ့ ပါတယ် ။

စပိန် နဲ့ ရီးရဲမက်ဒရစ် ဂန္ထ၀င် နည်းပြကြီး ဗင်းဆင့် ဒဲဘော့စ် ကတော့ သူ သာ အသင်း တစ်သင်း ကို ကိုင်တွယ် ဖြစ်ခဲ့ ပါက နေမာ ကို ခေါ်ယူ မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

ပရီးမီး ယားလိဂ် ဘောလုံး အဖွဲ့ချုပ် ဟာ ဂျာစီ မှာ Paddy Power လောင်းကစား အမည် ကို တပ်ဆင် ပြိး စတန့်ထွင် ၀တ်ဆင် ခဲ့တဲ့ ဟတ်ဒါဖီးလ် အသင်း ကို ပေါင် ၅ သောင်း ဒဏ်တပ် ခဲ့တယ် လို့ သိရ ပါတယ် ။

အင်တာ မီလန် ကို ပြောင်းရွှေ့ ခဲ့တဲ့ ချီလီ တိုက်စစ်မှုး အလက်ဆစ် ဆန်းချက် က သူ ဟာ ကစား သမား ဘ၀ ကို မေဂျာလိဂ် မှာ သွားရောက် ကစားပြီး အဆုံးသတ် ဖို့ စိတ်ကူး ထားကာ မိုင်ယာမီ ဒေသ ကို နှစ်သက် တယ်လို့ ဆိုခဲ့တာ ကြောင့် ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာ မိုင်ယာမီ ကို ရောက်လာ နိုင်ကြောင်းသတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ်

ချဲလ်ဆီး တိုက်စစ်မှုးးကြီး ဂျီရူး ကလည်း ချဲလ်ဆီး ကနေ ထွက်ခွာ ဖြစ်တဲ့ အချိန် မှာ မေဂျာလိဂ် ကို သွားရောက် ကစားဖို့ ကြံရွယ် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

PSG အသင်း ရဲ့ ဘယ်ဂျီယံ နောက်ခံလူ သောမတ်စ် မူနဲယား ကတော့ ဇန်န၀ါရီ မှာ အသင်း ပြောင်းရွှေ့ နိုင်ချေ ရှိနေ သလား ဆိုတဲ့ မေးခွန်း ကို ငြင်းပယ်ခြင်း မပြု သွားခဲ့ဘူး လို့ သိရ ပါတယ်။

ယူဗင်တပ် အသင်း ကတော့ ဇန်န၀ါရီမှာ အိုင်ဗန် ရာကီတစ် ကို ကမ်းလှမ်း ဖို့ ကြိုးစား သွားမယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုးမား အသင်း တောင်ပံ ကစား သမားလေး ကန်ဂျစ် အန်ဒါ ဟာ တူရကီ လက်ရွေးစင် အသင်း ရဲ့ လေ့ကျင့်ရေး ကွင်း ကနေ ပေါင်ခြံ ဒဏ်ရာ ကြောင့် နှုတ်ထွက် လာခဲ့တယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ကနေ ထွက်ခွာလာတဲ့ ကွင်းလယ် ကစား သမားကြီး မာခီစီယို ဟာ မိုနာကို အသင်းဆီ အလွတ် ပြောင်းရွှေ့ ရောက်ရှိ ဖို့ နီးစပ် နေတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR