ဘယ်ဂျီယံ ဝါရင့်ခံစစ်မှူးတ ဦးဖြစ်တဲ့ ကွန်ပနီဟာ မန်စီးတီး အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်း တဦးဖြစ်ပြီး အီတီဟတ် မြေမှာ ရှိနေစဉ် အောင်မြင်မှုအများအပြားဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ကမှ မန်စီးတီးနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး မွေးရပ်မြေကလပ် အန်ဒါလက်ခ်ျ အသင်းမှာ ကစားသမား နည်းပြအဖြစ်ပါဝင် ကစားပေးနေပါတယ်။
မန်စီးတီး အသင်းကတော့ သူတို့ရဲ့ သမိုင်းမှာ မေ့ပျောက်လို့ မရတော့မယ့် ကွန်ပနီလို ကစားသမား တဦးအတွက် နောက်ဆုံး နှုတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာ ၁၁ရက်နေ့ မှာကျင်းပပေးဖို့စီစဉ်ထားပါတယ်။ဒီပွဲမှာ ကွန်ပနီဦးဆောင်တဲ့ မန်စီးတီး ဂန္တဝင်အသင်းနဲ့ သူနဲ့ ခေတ်ပြိုင်ကစားခဲ့တဲ့ ကစားသမားကောင်းတွေပါဝင်နေတဲ့ PL Allstars အသင်း တို့ ယှဉ်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်။
အခု ပွဲစဉ်အတွက် မန်စီးတီး လူစာရင်းမှာ နောက်ဆုံး ပါဝင်လာတဲ့ ကစားသမားကတော့ ကွင်းလယ်လူ ဂျိမ်းစ်မီနာပဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီအင်္ဂလန် သားပါဝင် လာမယ့် အပေါ်ကိုတော့ မန်စီးတီး ဖန်အများစုက နှစ်မြို့ခြင်း မရှိတာဖြစ်ပါတယ်။
ဂျိမ်းစ်မီနာ ဟာ မန်စီးတီး အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ၂ကြိမ်၊ FA ဖလားနဲ့ လိဂ်ဖလား တွေရယူပေးထားနိုင်ခဲ့တဲ့ ကစားသမားဟောင်းတဦးဖြစ်လို့ ပရိသတ်တွေရဲ့တုန့်ပြန်ပုံဟာအံ့သြစရာတော့ ဖြစ်နေတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ စိတ်တို ဒေါသထွက်စရာအကြောင်းရင်းတွေကတော့ ရှိနေတာဖြစ်ပါတယ်။
ဂျိမ်းစ်မီိနာဟာ ၂၀၁၅ ခုနှစ်မှာ မန်စီးတီး အသင်းကနေ လီဗာပူး အသင်းကိုပြောင်းရွှေ့နိုင်ဖို့ ရှိရင်းစွဲစာချုပ်ကို ဖြတ်သိမ်းခဲ့တာဖြစ်ပါတယ်။ မြင့်မားတဲ့ လုပ်ခလစာရရှိနိုင်ဖို့ အတွက် လီဗာပူးကိုပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ဟာ ကျင့်ဝတ်နဲ့ မလျော်ညီဘူးလို့ မန်စီးတီး ပရိသတ်တွေက အခုထိယူဆနေကြဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ဂျိမ်းစ်မီနာက မိမိဟာ ယူနိုက်တက် အသင်းကို အားပေးမှာဖြစ်ပြီးမန်စီးတီး အသင်းကို ရှုံးနိမ့်စေချင်တယ်လို့ ထုတ်ပြောထားခဲ့ဖူးလို့ ပရိသတ်တွေ ရဲ့ စိတ်ဆိုးဒေါသထွက်မှုကို ခံထားခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့်လည်း ကွန်ပနီအတွက် အမှတ်တရနှုတ်ဆက်ပွဲစဉ်ရဲ့ လူစာရင်းမှာသူပါဝင်လာတာကို လူမှုကွန်ယက်တွေပေါ်ကနေ အတော်လေး ဆူပူဒေါသပုန်ထခဲ့ကြတာဖြစ်ပါတယ်။
#MinersNotWelcome လို စုပေါင်း ဆန္ဒထုတ်ဖော်မှု တွေပြုလုပ်ခဲ့ကြပြီး မန်စီးတီး လူစာရင်းကနေ ဂျိမ်းစ်မီိနာ ကို ထုတ်လိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ဒါပေမယ့် ပရီးမီးယားလိဂ်ဂန္တဝင်ဟောင်းတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဒီအင်္ဂလန်းသားက မန်စီးတီး ဂန္တဝင်အသင်းနဲ့ အတူ ပါဝင်လာတော့မှာဖြစ်ပါတယ်။
Manchester City Legends – နည်းပြ ( Pep Guardiola )
Goalkeepers: Joe Hart, Costel Pantilimon
Defenders: Vincent Kompany, Joleon Lescott, Micah Richards, Kolo Toure, Pablo Zabaleta, Richard Dunne, Gael Clichy
Midfielders: Nigel De Jong, Samir Nasri, Shaun Wright-Phillips, Stephen Ireland, David Silva, Dietmar Hamann, James Milner
Forwards: Craig Bellamy, Sergio Aguero, Mario Balotelli, Benjani
Premier League All-Stars XI – နည်းပြ (Roberto Martinez)
Goalkeepers: Edwin van der Sar, Shay Given
Defenders: Phil Neville, Gary Neville, John O’Shea, Wes Brown
Midfielders: Paul Scholes, Nicky Butt, Michael Carrick, Ryan Giggs, Rafael van der Vaart, Cesc Fabregas
Forwards: Thierry Henry, Robin van Persie