(FILES) In this file photo taken on March 6, 2019 Paris Saint-Germain’s Uruguayan forward Edinson Cavani (L) conforts French forward Kylian Mbappe (R) at the end of the UEFA Champions League round of 16 second-leg football match between Paris Saint-Germain (PSG) and Manchester United at the Parc des Princes stadium in Paris. – Kylian Mbappe said he will remain at the Paris Saint-Germain in spite of being left “stunned” after PSG’s exit from the Champions League in midweek as Manchester United pulled off an improbable comeback in the last 16. (Photo by Geoffroy VAN DER HASSELT / AFP)

ပီအက်စ်ဂျီ အသင်းရဲ့ ကြယ်ပွင့် ဘာပေ ကတော့ သူတို့ အသင်းဟာ မမျှော်လင့်ပဲ ယူနိုက်တက်ကို အိမ်ကွင်းမှာ 3-1 နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ကနေ ထွက်လိုက်ရတာကြောင့် အရမ်းကို ခံစားနေရတယ်လို့ ၀န်ခံ ပြောဆိုသွားခဲ့ ပါတယ်။

ပီအက်စ်ဂျီဟာ ပထမ အကျော့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့စဉ်က 0-2 ရလာဒ် နဲ့ အသာစီး ရယူထားခဲ့တာတောင် အိမ်ကွင်းမှာ အခွင့်အရေး မယူနိုင်ပဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီပွဲ အရှုံးကြောင့် 3 နှစ် ဆက်တိုက် 16 သင်း အဆင့်မှာပဲ ကျေနပ်ခဲ့ရသလို ၊ နည်းပြ တူချယ် အနေနဲ့လဲ ရာထူးကနေ နှုတ်ထွက်ပေးရဖို့ ရာခိုင်နှုန်း များသွားခဲ့ ပါတယ်။

ပြင်သစ် သတင်းစာ တစ်စောင်နဲ့ ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘာပေက ” ချန်ပီယံလိဂ် ကနေ ထွက်လိုက်ရလို့ အရမ်းကို ခံစားရတယ်ဗျာ…..ဘယ်လို စကားလုံးမျိုးနဲ့ ပြောပြ ရမယ်မှန်းတေင် မသိတော့ ပါဘူး။ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ဖို့ ကျနော်တို့ အားလုံး ကြိုးစားခဲ့တာပါ။

အခုတော့ အရမ်းကို စိတ်ပျက်နေပါပြီ။ ညဘက်ဆို အိပ်လို့တောင် မပျော်ပါဘူး။ ကျနော့် ကစားဖော်တွေလဲ ဒီအတိုင်းပဲ ဖြစ်မယ် ထင်ပါတယ်။ တကယ်တော့ ကျနော်တို့ဟာ အခွင့်အရေးတွေကို ကိုယ်တိုင် ဖျက်စီး ပစ်ခဲ့ကြတာပါ” လို့ ရင်ဖွင့် ပြောဆိုသွားခဲ့ ကြပါတယ်။

ဆက်လက်ပြီး ဘာပေက ရီးရဲ မက်ဒရစ် ထံ အသင်းပြောင်းမယ့် သတင်းတွေကို ပယ်ချ သွားခဲ့ပြီး ၊ လာမယ့်ရာသီမှာလဲ ပီအက်စ်ဂျီမှာ ဆက်ရှိမယ့် အကြောင်း ပရိသတ်တွေကို ကတိပေး ပြောဆိုသွားခဲ့ ပါတယ။်

” ကျနော်က ပဲရစ်မှာပဲ ဆက်ရှိမယ် ဆိုတာ အသေအချာ ပြောရဲပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ ဘာမှ စဉ်းစားစရာ မလိုပါဘူး။ ကလပ် အသင်းရဲ့ ဖြတ်သန်းမှုက ကျနော့်ရဲ့ ကိုယ့်ပိုင် ဆုံးဖြတ်ချက်တွေ အပေါ် လွှမ်းမိုးစရာ အကြောင်း မရှိဘူးလေ။

ဒီကလပ်မှာ ရှိတဲ့ စီမံကိန်းတွေကို ယုံကြည်ထားပြီးသားပါ ။ အခြား သူတွေကတော့ ပီအက်ဂျီရဲ့ အနာဂတ်ကို ယုံချင်မှ ယုံကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော်က ယုံပြီးသားပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM